သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံအႏွံ႔ ဆန္႔က်င္မႈ နဲ႔ ပစ္ခတ္ႏွိမ္နင္းမႈေတြ ရွိေနဆဲ


ျဖဴး ၿမဳိ႕က ညသပိတ္ ( ဓါတ္ပုံ - ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေအးဝင္း )

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္လႈပ္ရွားမႈေတြ ႏိုင္ငံအ၀န္း ဆက္လက္ ေပၚေပါက္ေနသလို အာဏာပိုင္ေတြက အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္ေသေက်မႈေတြလည္း ရွိေနဆဲ ျဖစ္ပါတယ္။ ၾကာသပေတးေန႔မွာလည္း ပုံစံမ်ဳိးစုံနဲ႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားမႈေတြ ရွိခဲ့တာေၾကာင့္ လုံျခံဳေရးတပ္ဖဲြ႕ေတြ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြလည္း ရွိခဲ့ပါတယ္။ အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္

ျမန္မာႏိုင္ငံတြင္းမွာ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပြဲေတြ ေန႔ေရာညပါ ေပ်ာက္က်ားအသြင္နဲ႔ ဆက္ရွိေနတဲ့အထဲ ပဲခူးတိုင္း ၿဖဴးၿမဳိ႕မွာေတာ့ ၾကာသပေတးေန႔ညဦးပိုင္း ဆိုင္ကယ္သပိတ္နဲ႔ ဆႏၵျပမယ့္ လူစုထဲက NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေအးဝင္းရဲ႕ သားျဖစ္သူကို ရဲကဖမ္းဆီးသြားတဲ့အတြက္ သူ႔ကို ျပန္လႊတ္ေပးဖို႔ ရဲစခန္းကို ပိတ္ဆို႔ ဆႏၵျပခဲ့တာပါ။ ရဲက လူစုခဲြဖို႔ သတိေပးရင္း ည ၈ နာရီဝန္းက်င္မွာ ဆႏၵျပလူအုပ္စုထဲ ပစ္ခတ္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

ခုလို ပစ္ခတ္မႈအတြင္း ဒုတိယႏွစ္ တကၠသိုလ္ေက်ာင္းသားတဦး ေသဆုံးၿပီး အနည္းဆုံး ၂ ဦးဒဏ္ရာရသြားတယ္လို႔ ပဲခူးတုိင္းေဒသႀကီးလႊတ္ေတာ္ ျဖဴးၿမဳိ႕နယ္ မဲဆႏၵ(၁)ကိုယ္စားလွယ္ ဦးသက္စိန္က VOA ကုိ ေျပာပါတယ္။

“ အဲဒီ ဆႏၵျပတဲ့ထဲက က်ေနာ္တို႔ ျဖဴးၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေအးဝင္းရဲ႕သားကို ရုိက္ႏွက္ဖမ္းဆီးၿပီး ရဲစခန္း ေခၚသ ြားတဲ့အခါက်ေတာ့ အဲဒီကေလးကို ျပန္ထုတ္ေပးဖို႔ ဆိုၿပီးေတာ့ ရဲစခန္းမွာဝိုင္းၿပီး ေတာင္းဆိုၾကတယ္။ ေတာင္းဆုိရာက မေျပမလည္ ျဖစ္ၿပီးေတာ့ ပစ္တဲ့ခတ္တဲ့ထိ ျဖစ္တယ္လို႔ က်ေနာ္႔ဆီ သတင္းဝင္လာတယ္။ အဲဒီမွာ တေယာက္ေတာ့ ထိမွန္ၿပီးေတာ့ ဆုံးသြားတယ္။ ဆုံးသြားတာက ဒုတိယႏွစ္ တကၠသိုလ္ ေက်ာင္းသားေလးလို႔ ေျပာတယ္ခင္ဗ်။ မိန္းကေလး တေယာက္လည္း ဒဏ္ရာရတယ္။ ျဖဴးမွာက ဒီလို ပစ္ခတ္တာေရာ ေသဆုံးတာေရာက ပထမဦးဆုံးပဲ။”

အလားတူ မြန္ျပည္နယ္ ေမာ္လၿမဳိင္ၿမဳိင္ၿမဳိ႕ ဒိုင္းဝန္ကြင္းနယ္ေျမမွာ စမ္းျမသီတာ(ခ) ဇာတ္တံတားထိပ္၊ ေရႊၿမဳိင္သီရိ၊ ေျမာက္ကြင္းေက်ာင္း၊ သုခဝတီ စတဲ့ ရပ္ကြက္ေနျပည္သူေတြက လမ္းမပိတ္ဆို႔ကာရံထားတာကို စစ္တပ္နဲ႔ရဲက ည(၁၀)နာရီေက်ာ္အခ်ိန္ လိုက္လံ ဖယ္ရွားရာက ရပ္ကြက္ကလည္း ခုခံတဲ့အတြက္ ပစ္ခတ္ၿဖဳိခဲြမႈအတြင္း လူငယ္တေယာက္ က်ည္ထိမွန္ခဲ့ၿပီး ဒဏ္ရာရသူ အမ်ားအျပားရွိတယ္လို႔ ေဒသခံ သပိတ္ဦးေဆာင္သူတဦးက ေျပာပါတယ္။

“ မနက္ကတည္းကေန သူတို႔က ေတာက္ေလွ်ာက္ကို ၿဖဳိခြင္းေနတာခင္ဗ်။ အခုညပိုင္းေရာက္ေတာ့ လမုတန္း ေရႊၿမဳိင္သီရီဘက္မွာ က်ေနာ္တို႔က ခံစစ္ - ခံတပ္ ၄ ခုထားထားတယ္။ ခံတပ္ရဲ႕ ကိုက္ ၁၀၀ ေလာက္မွာ ျပည္သူေတြက ညဘက္ကာကြယ္ေရး လုပ္ေနတယ္ တုန္႔ျပန္မႈေတြ လုပ္ၾကတယ္ေပါ့။ လုပ္တဲ့အခ်ိန္မွာ သူတို႔က ဘက္ဖိုးကားေတြနဲ႔ အတင္းတိုးဝင္တယ္။ စစ္ကားအင္အားလည္း မ်ားတယ္။ ခံတပ္ေနရာေတြကို မီး႐ႈိ႕ဖ်က္တယ္ ျပည္သူေတြကိုလည္း ပစ္တယ္။ ပထမဆုံးခံတပ္ျဖစ္တဲ့ ဇာတ္တံတားထိပ္ စမ္းျမသီတာ ထိပ္ကေတာ့ က်သြားၿပီ။ အဲဒီ ခံတပ္ေတြကို သူတို႔က အဆင့္ဆင့္တုိးသြားတာ သုခဝတီေလာက္ ေရာက္သြားၿပီ။ လက္ရွိမွာ က်ည္အစစ္နဲ႔ ပစ္ခံရတဲ့သူ ရွိေပမဲ့ ေသေလာက္တဲ့ ဒဏ္ရာေတာ့ မရေသးဘူး .. လက္ေမာင္းကို ထိထားတယ္။ ရာဘာက်ည္ေတြနဲ႔ ပစ္ခံထားရတဲ့ လူေတြလည္း ရွိတယ္လို႔ၾကားတယ္။”

ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတဲ့ ၾကားထဲကပဲ ရန္ကုန္တိုင္းေတာင္ဒဂုံၿမဳိ႕နယ္ (၇၀)/(၇၁)/(၇၂) ရပ္ကြက္ေတြမွာ ကုိယ့္ေဒသကို လာဝိုင္းထားတဲ့ စစ္တပ္ရဲ အင္အားစုေတြကို (၁၀၇) ဂိတ္ေဟာင္းလမ္းဆုံမွာ ေဒသခံျပည္သူေတြက အာခံၿပီး ညဖက္ ဆႏၵျပခဲ့ၾကတာပါ။

အဲဒီလို ဆႏၵျပသူေတြကို စစ္တပ္ရဲက ရာဘာက်ည္ေတြ အသံဗုံးေတြ က်ည္အစစ္ေတြနဲ႔ပါ ပစ္ခတ္ေျခမႈန္းခံရတဲ့အတြက္ လူငယ္တဦး တင္ပါးမွာ က်ည္ဆံထိမွန္ ထားတာကိုလည္း ေဒသခံတဦး Live ထုတ္လႊင့္တဲ့ ဗီဒီယုိမွာ ျမင္ရပါတယ္။

“ လူငယ္ အမ်ဳိးသားတေယာက္ ရာဘာက်ည္ ထိမွန္ထားတာပါ ခင္ဗ်ာ။ ၁၀၉ ရပ္ကြက္ ဧရာမင္း ၁ လမ္းကပါ”

တာေမြၿမဳိ႕နယ္ ပ်ားရည္ကုန္အရပ္မွာ ရဲေတြက ပစ္ခတ္လို႔ လူတဦး ပါးစပ္ကို ရာဘာက်ည္ထိမွန္ ေဖါက္ထြက္ၿပီး ဒဏ္ရာအျပင္းထန္ ရသြားတယ္လို႔ တာေမြၿမဳိ႕ခံ အမ်ဳိးသမီးတဦးက ေျပာပါတယ္။

“ တာေမြ ပ်ားရည္ကုန္းမွာ က်ည္တေယာက္ထိပါတယ္ ၁၄၉ လမ္းထိပ္ တုိက္ကပါ။ တာေမြရဲစခန္းကေန လွမ္းပစ္ပါတယ္။ ပါးစပ္ကေန ထုတ္ခ်င္းေပါက္သြားပါတယ္။ ဒဏ္ရာျပင္းေပမယ့္ မေသဆုံးပါဘူး။”

ရန္ကုန္ မရမ္းကုန္းၿမဳိ႕နယ္မွာလည္း အာရုံဦးဆႏၵျပသူေတြနဲ႔ ဒိုင္းကာအဖြဲ႔ လူငယ္ေတြထဲက ၂၀ ေလာက္ကို စစ္တပ္နဲ႔ရဲ လက္နက္ကိုင္ေတြ ဖမ္းဆီးသြားခဲ့တယ္လို႔ ေဒသခံ တဦးက ေျပာပါတယ္။

“ မရမ္းကုန္း ၃ ရပ္ကြက္ ေရႊႏွင္းဆီလမ္းမွာ ေဒၚေအာင္ဆန္းစုၾကည္ပုံႀကီးနဲ႔ ျပည္သူသာလွ်င္ အဓိကပါ ဆိုတဲ့ ဆိုင္းဘုတ္ႀကီးကို သူတို႔က လာဖ်က္တယ္။ အဲလိုဖ်က္တဲ့အခ်ိန္မွာ က်မတုိ႔လမ္းထဲက ဒလံက ေနၿပီးေတာ့ ဝိုင္းကူဖ်က္ေပးတယ္။ ဖ်က္ၿပီးေတာ့ သူတုိ႔က ၿပီးလို႔ ျပန္မယ္လည္းဆိုေရာ အဲဒီနားက ဓမၼာရုံထဲမွာ သပိတ္က ကေလးေတြ အိပ္ေနတာကို သူက ျပလုိက္တယ္။ ျပေတာ့ အဲဒီကေလးေတြကို ဝင္ဖမ္းေရာ ၊ ၅ ေယာက္ ၆ ေယာက္ေလာက္ပါသြားတယ္ က်န္တဲ့လူေတြက ထြက္ေျပးလြတ္သြားတယ္။ အဲလို ဖမ္းခံရတာကို ရပ္ကြက္ထဲကလူေတြက ဒလံကို စိတ္ဆိုးၿပီး ဝိုင္းဖမ္းၾကတယ္ ရုိက္ၾကတယ္။ ဒလံကလည္း သူ႔ကို ဒီလိုလုပ္ေနၾကပါတယ္ဆိုၿပီး သူက စစ္သားကိုဖုန္းဆက္တယ္ ။ ဆက္ေတာ့ စစ္သားေတြက လူေတြ ထပ္တုိးၿပီးလာၾကတာေပါ့။ ဘူဒိုဇာေတြလည္းပါတယ္ က်မတို႔ ရပ္ကြက္ကို ကာရံထားတဲ့ သံပန္းတခါးေတြကိုလည္း ထိုးၿပီး ဖ်က္လုိက္တယ္။ ေနာက္ၿပီး လူေတြကို အသံဗုံးခဲြတယ္ မ်က္ရည္ယိုဗုံးခဲြတယ္ ရာဘာက်ည္နဲ႔လည္း ပစ္တာ တေယာက္ထိတယ္တဲ့။”

ရန္ကင္းၿမဳိ႕နယ္ ဝါဝါဝင္း အိမ္ယာက တခ်ဳိ႕အိမ္ခန္းေတြကို ၾကာသပေတးညက စစ္တပ္နဲ႔ရဲ လာေရာက္ၿပီး တခါးဖ်က္ ဝင္ရွာတဲ့ CCTV မွတ္တမ္းတခ်ဳိ႕ လူမႈကြန္ယက္ေပၚ ေတြ႔ရပါတယ္။ CDM လုပ္သူတခ်ဳိ႕ကို ဖမ္းဆီးသြားတာလို႔ ရန္ကင္းၿမဳိ႕ခံက VOA ကို ေျပာပါတယ္။

“ ဒီညေတာ့ ဝါဝါဝင္းအိမ္ယာကို ဝင္တယ္လို႔ ၾကားတယ္။ တိုက္ ၈ တုိက္ ၄ ဖက္ကို ဝင္တယ္ ၊ တခ်ဳိ႕ တခါးေတြကို ဖ်က္တယ္လို႔ သိရတယ္။ CDM လုပ္သူေတြ သပိတ္က လူေတြကို လာရွာၾကတာ။”

စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြကို အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ မလုပ္ဖို႔ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းနဲ႔ ေဒသတြင္း ႏိုင္ငံေတြကပါ တိုက္တြန္းေနတဲ့ ၾကားမွာပဲ ထိခိုက္ေသဆုံးမႈေတြ ၾကံဳေနရတာ ျဖစ္ပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီကေတာ့ အၾကမ္းဖက္ၿဖိဳခြင္းတဲ့ လုပ္ရပ္ေတြ အပါအ၀င္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ခံမႈရွိေအာင္ ႀကိဳးပမ္းဖို႔ ဆုံးျဖတ္ခ်က္တရပ္ကို ဒီတပတ္ထဲမွာပဲ တညီတၫြတ္တည္း ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

နိုင်ငံအနှံ့ ဆန့်ကျင်မှု နဲ့ ပစ်ခတ်နှိမ်နင်းမှုတွေ ရှိနေဆဲ

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေ နိုင်ငံအဝန်း ဆက်လက် ပေါ်ပေါက်နေသလို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ထိခိုက်သေကျေမှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာလည်း ပုံစံမျိုးစုံနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေ ရှိခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက် ဖြိုခွင်းမှုတွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်

မြန်မာနိုင်ငံတွင်းမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ နေ့ရောညပါ ပျောက်ကျားအသွင်နဲ့ ဆက်ရှိနေတဲ့အထဲ ပဲခူးတိုင်း ဖြူးမြို့မှာတော့ ကြာသပတေးနေ့ညဦးပိုင်း ဆိုင်ကယ်သပိတ်နဲ့ ဆန္ဒပြမယ့် လူစုထဲက NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးဝင်းရဲ့ သားဖြစ်သူကို ရဲကဖမ်းဆီးသွားတဲ့အတွက် သူ့ကို ပြန်လွှတ်ပေးဖို့ ရဲစခန်းကို ပိတ်ဆို့ ဆန္ဒပြခဲ့တာပါ။ ရဲက လူစုခွဲဖို့ သတိပေးရင်း ည ၈ နာရီဝန်းကျင်မှာ ဆန္ဒပြလူအုပ်စုထဲ ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ခုလို ပစ်ခတ်မှုအတွင်း ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားတဦး သေဆုံးပြီး အနည်းဆုံး ၂ ဦးဒဏ်ရာရသွားတယ်လို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဖြူးမြို့နယ် မဲဆန္ဒ(၁)ကိုယ်စားလှယ် ဦးသက်စိန်က VOA ကို ပြောပါတယ်။

“ အဲဒီ ဆန္ဒပြတဲ့ထဲက ကျနော်တို့ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးဝင်းရဲ့သားကို ရိုက်နှက်ဖမ်းဆီးပြီး ရဲစခန်း ခေါ်သ ွားတဲ့အခါကျတော့ အဲဒီကလေးကို ပြန်ထုတ်ပေးဖို့ ဆိုပြီးတော့ ရဲစခန်းမှာဝိုင်းပြီး တောင်းဆိုကြတယ်။ တောင်းဆိုရာက မပြေမလည် ဖြစ်ပြီးတော့ ပစ်တဲ့ခတ်တဲ့ထိ ဖြစ်တယ်လို့ ကျနော့်ဆီ သတင်းဝင်လာတယ်။ အဲဒီမှာ တယောက်တော့ ထိမှန်ပြီးတော့ ဆုံးသွားတယ်။ ဆုံးသွားတာက ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားလေးလို့ ပြောတယ်ခင်ဗျ။ မိန်းကလေး တယောက်လည်း ဒဏ်ရာရတယ်။ ဖြူးမှာက ဒီလို ပစ်ခတ်တာရော သေဆုံးတာရောက ပထမဦးဆုံးပဲ။”

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြိုင်မြို့ ဒိုင်းဝန်ကွင်းနယ်မြေမှာ စမ်းမြသီတာ(ခ) ဇာတ်တံတားထိပ်၊ ရွှေမြိုင်သီရိ၊ မြောက်ကွင်းကျောင်း၊ သုခဝတီ စတဲ့ ရပ်ကွက်နေပြည်သူတွေက လမ်းမပိတ်ဆို့ကာရံထားတာကို စစ်တပ်နဲ့ရဲက ည(၁၀)နာရီကျော်အချိန် လိုက်လံ ဖယ်ရှားရာက ရပ်ကွက်ကလည်း ခုခံတဲ့အတွက် ပစ်ခတ်ဖြိုခွဲမှုအတွင်း လူငယ်တယောက် ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ သပိတ်ဦးဆောင်သူတဦးက ပြောပါတယ်။

“ မနက်ကတည်းကနေ သူတို့က တောက်လျှောက်ကို ဖြိုခွင်းနေတာခင်ဗျ။ အခုညပိုင်းရောက်တော့ လမုတန်း ရွှေမြိုင်သီရီဘက်မှာ ကျနော်တို့က ခံစစ် - ခံတပ် ၄ ခုထားထားတယ်။ ခံတပ်ရဲ့ ကိုက် ၁၀၀ လောက်မှာ ပြည်သူတွေက ညဘက်ကာကွယ်ရေး လုပ်နေတယ် တုန့်ပြန်မှုတွေ လုပ်ကြတယ်ပေါ့။ လုပ်တဲ့အချိန်မှာ သူတို့က ဘက်ဖိုးကားတွေနဲ့ အတင်းတိုးဝင်တယ်။ စစ်ကားအင်အားလည်း များတယ်။ ခံတပ်နေရာတွေကို မီးရှို့ဖျက်တယ် ပြည်သူတွေကိုလည်း ပစ်တယ်။ ပထမဆုံးခံတပ်ဖြစ်တဲ့ ဇာတ်တံတားထိပ် စမ်းမြသီတာ ထိပ်ကတော့ ကျသွားပြီ။ အဲဒီ ခံတပ်တွေကို သူတို့က အဆင့်ဆင့်တိုးသွားတာ သုခဝတီလောက် ရောက်သွားပြီ။ လက်ရှိမှာ ကျည်အစစ်နဲ့ ပစ်ခံရတဲ့သူ ရှိပေမဲ့ သေလောက်တဲ့ ဒဏ်ရာတော့ မရသေးဘူး .. လက်မောင်းကို ထိထားတယ်။ ရာဘာကျည်တွေနဲ့ ပစ်ခံထားရတဲ့ လူတွေလည်း ရှိတယ်လို့ကြားတယ်။”

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ကြားထဲကပဲ ရန်ကုန်တိုင်းတောင်ဒဂုံမြို့နယ် (၇၀)/(၇၁)/(၇၂) ရပ်ကွက်တွေမှာ ကိုယ့်ဒေသကို လာဝိုင်းထားတဲ့ စစ်တပ်ရဲ အင်အားစုတွေကို (၁၀၇) ဂိတ်ဟောင်းလမ်းဆုံမှာ ဒေသခံပြည်သူတွေက အာခံပြီး ညဖက် ဆန္ဒပြခဲ့ကြတာပါ။

အဲဒီလို ဆန္ဒပြသူတွေကို စစ်တပ်ရဲက ရာဘာကျည်တွေ အသံဗုံးတွေ ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ခြေမှုန်းခံရတဲ့အတွက် လူငယ်တဦး တင်ပါးမှာ ကျည်ဆံထိမှန် ထားတာကိုလည်း ဒေသခံတဦး Live ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ မြင်ရပါတယ်။

“ လူငယ် အမျိုးသားတယောက် ရာဘာကျည် ထိမှန်ထားတာပါ ခင်ဗျာ။ ၁၀၉ ရပ်ကွက် ဧရာမင်း ၁ လမ်းကပါ”

တာမွေမြို့နယ် ပျားရည်ကုန်အရပ်မှာ ရဲတွေက ပစ်ခတ်လို့ လူတဦး ပါးစပ်ကို ရာဘာကျည်ထိမှန် ဖေါက်ထွက်ပြီး ဒဏ်ရာအပြင်းထန် ရသွားတယ်လို့ တာမွေမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ တာမွေ ပျားရည်ကုန်းမှာ ကျည်တယောက်ထိပါတယ် ၁၄၉ လမ်းထိပ် တိုက်ကပါ။ တာမွေရဲစခန်းကနေ လှမ်းပစ်ပါတယ်။ ပါးစပ်ကနေ ထုတ်ချင်းပေါက်သွားပါတယ်။ ဒဏ်ရာပြင်းပေမယ့် မသေဆုံးပါဘူး။”

ရန်ကုန် မရမ်းကုန်းမြို့နယ်မှာလည်း အာရုံဦးဆန္ဒပြသူတွေနဲ့ ဒိုင်းကာအဖွဲ့ လူငယ်တွေထဲက ၂၀ လောက်ကို စစ်တပ်နဲ့ရဲ လက်နက်ကိုင်တွေ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“ မရမ်းကုန်း ၃ ရပ်ကွက် ရွှေနှင်းဆီလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ပုံကြီးနဲ့ ပြည်သူသာလျှင် အဓိကပါ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို သူတို့က လာဖျက်တယ်။ အဲလိုဖျက်တဲ့အချိန်မှာ ကျမတို့လမ်းထဲက ဒလံက နေပြီးတော့ ဝိုင်းကူဖျက်ပေးတယ်။ ဖျက်ပြီးတော့ သူတို့က ပြီးလို့ ပြန်မယ်လည်းဆိုရော အဲဒီနားက ဓမ္မာရုံထဲမှာ သပိတ်က ကလေးတွေ အိပ်နေတာကို သူက ပြလိုက်တယ်။ ပြတော့ အဲဒီကလေးတွေကို ဝင်ဖမ်းရော ၊ ၅ ယောက် ၆ ယောက်လောက်ပါသွားတယ် ကျန်တဲ့လူတွေက ထွက်ပြေးလွတ်သွားတယ်။ အဲလို ဖမ်းခံရတာကို ရပ်ကွက်ထဲကလူတွေက ဒလံကို စိတ်ဆိုးပြီး ဝိုင်းဖမ်းကြတယ် ရိုက်ကြတယ်။ ဒလံကလည်း သူ့ကို ဒီလိုလုပ်နေကြပါတယ်ဆိုပြီး သူက စစ်သားကိုဖုန်းဆက်တယ် ။ ဆက်တော့ စစ်သားတွေက လူတွေ ထပ်တိုးပြီးလာကြတာပေါ့။ ဘူဒိုဇာတွေလည်းပါတယ် ကျမတို့ ရပ်ကွက်ကို ကာရံထားတဲ့ သံပန်းတခါးတွေကိုလည်း ထိုးပြီး ဖျက်လိုက်တယ်။ နောက်ပြီး လူတွေကို အသံဗုံးခွဲတယ် မျက်ရည်ယိုဗုံးခွဲတယ် ရာဘာကျည်နဲ့လည်း ပစ်တာ တယောက်ထိတယ်တဲ့။”

ရန်ကင်းမြို့နယ် ဝါဝါဝင်း အိမ်ယာက တချို့အိမ်ခန်းတွေကို ကြာသပတေးညက စစ်တပ်နဲ့ရဲ လာရောက်ပြီး တခါးဖျက် ဝင်ရှာတဲ့ CCTV မှတ်တမ်းတချို့ လူမှုကွန်ယက်ပေါ် တွေ့ရပါတယ်။ CDM လုပ်သူတချို့ကို ဖမ်းဆီးသွားတာလို့ ရန်ကင်းမြို့ခံက VOA ကို ပြောပါတယ်။

“ ဒီညတော့ ဝါဝါဝင်းအိမ်ယာကို ဝင်တယ်လို့ ကြားတယ်။ တိုက် ၈ တိုက် ၄ ဖက်ကို ဝင်တယ် ၊ တချို့ တခါးတွေကို ဖျက်တယ်လို့ သိရတယ်။ CDM လုပ်သူတွေ သပိတ်က လူတွေကို လာရှာကြတာ။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဒေသတွင်း နိုင်ငံတွေကပါ တိုက်တွန်းနေတဲ့ ကြားမှာပဲ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကတော့ အကြမ်းဖက်ဖြိုခွင်းတဲ့ လုပ်ရပ်တွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိအောင် ကြိုးပမ်းဖို့ ဆုံးဖြတ်ချက်တရပ်ကို ဒီတပတ်ထဲမှာပဲ တညီတညွတ်တည်း ချမှတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG