သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်တိုက်ခိုက်ခံရမှု ဒုသမ္မတဟောင်း Pence ထွက်ဆို


အမေရိကန် ဒုသမ္မတဟောင်း Mike Pence
အမေရိကန် ဒုသမ္မတဟောင်း Mike Pence

၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို သမ္မတဟောင်း Donald Trump ဘက်က ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ဖက်ဒရယ် အထူးတရားရုံး ဂျုရီအဖွဲ့ ရှေ့မှောက်မှာ ဒုသမ္မတဟောင်း Mike Pence ကြာသပတေးနေ့က ကျမ်းကျိန် ထွက်ဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ် ပြောင်းလဲအောင် သမ္မတဟောင်း Trump ကြိုးပမ်းမှုတွေဟာ ပြည်ထောင်စုဥပဒေကို ချိုးဖောက်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးနေတဲ့ ဝါရှင်တန်မြို့တော်က ဖယ်ဒရယ် ခရိုင်တရားရုံးမှာ ဒုသမ္မတဟောင်း Pence ၅ နာရီထက် မနည်းကြာအောင် ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ တံခါးပိတ်ထွက်ဆိုချက်တွေနဲ့ ပါတ်သက်လို့တော့ အများပြည်သူ မသိရပါဘူး။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်အဆောက်အဦးကို Trump ထောက်ခံသူတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ အပါအဝင် စုံစမ်းစစ်ဆေးမှုတွေမှာ ဒုသမ္မတဟောင်း လာရောက်ထွက်ဆိုဖို့ ဒီနှစ်ဆန်းပိုင်းမှာ ဆင့်ခေါ်ထားခဲ့တာဖြစ်ပါတယ်။ ဒီလိုဆင့်ခေါ်တာကို သမ္မတဟောင်း Trump ရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် ဖက်ဒရယ် အယူခံ တရားရုံးက လက်မခံဘဲ ပယ်ချခဲ့တာဖြစ်ပါတယ်။

Trump နဲ့ အနီးကပ်ရှိခဲ့သူ ဒုသမ္မတဟောင်း Pence ရဲ့ ထွက်ဆိုချက်တွေဟာ ဒီအမှုစုံစမ်းမှုအတွက် သိပ်ကို အရေးပါပါတယ်။ ရွေးကောက်ပွဲရလာဒ် လွှတ်တော်မှာ အတည်ပြုခဲ့တဲ့နေ့က လွှတ်တော်ထဲအထိ Trump အပေါ်ထောက်ခံသူတွေ တိုက်ခိုက်ခဲ့ချိန်က ဒုသမ္မတဟောင်း Pence လွှတ်တော်ထဲမှာ ကိုယ်တိုင်ရှိနေခဲ့တာဖြစ်ပါတယ်။ Pence ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက် အရွေးခံကောင်းခံမယ်လို့ အရိပ်အမြွက်ပြောဆိုထားပေမဲ့ ခုချိန်ထိ တရားဝင် ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG