သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ မီးရထားဝင္းအတြင္းက ဟိုတယ္တည္ေဆာက္ေရးလုပ္ငန္း ျပန္စဖို႔ျပင္ဆင္ေန


ရန္ကုန္ မီးရထားဝင္းအတြင္းက ေဆာက္လုပ္ေရးလုပ္ငန္းခြင္ (Photo - Yoma Central)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ ရပ္ထားရတဲ့ ဟိုတယ္ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို အေျခအေနေပးတာနဲ႔ ျပန္စဖို႔ အစင္သင့္ရွိေနေၾကာင္း Peninsula အဆင့္ျမင့္ဟိုတယ္လုပ္ငန္းအဖြဲ႕ႀကီးက ေျပာပါတယ္။ ရန္ကုန္က သူတို႔ရဲ႕ ဟိုတယ္ စီမံကိန္းအတြက္ အေမရိကန္ေဒၚလာ သန္း ၁၃၀ ရင္းႏွီးျမဳပ္ႏွံထားတာပါ။

ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕လယ္က သမိုင္းဝင္ မီးရထားအေဆာက္အဦးေနရာမွာ အခန္း ၈၈ ခန္းပါတဲ့ အဆင့္ျမင့္ဟိုတယ္ကို တည္ေဆာက္ေနတာပါ။ ဟိုတယ္ တည္ေဆာက္တဲ့ လုပ္ငန္းေတြကို ၂၀၁၄ ခုႏွစ္မွာ စတင္ခဲ့ၿပီး မႏွစ္ ၂၀၂၂ ခုႏွစ္မွာ ၿပီးေျမာက္ဖို႔ မူလက စီစဥ္ထားခဲ့ေပမယ့္ ၂၀၂၁ ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းယူလိုက္တာေၾကာင့္ လုပ္ငန္းေတြကို ရပ္ဆိုင္းထားရတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ဒီမိုေရစီနည္းလမ္းက် ေ႐ြးေကာက္တင္ေျမာက္ထားတဲ့ အရပ္သားအစိုးရကိုျဖဳတ္ခ်ၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ ဟိုတယ္တည္ေဆာက္ေရးလုပ္ငန္းကို ရပ္ထားရတာလို႔ ေဟာင္ေကာင္နဲ႔ ရွန္ဟိုင္းဟိုတယ္ အစုအဖြဲ႕မ်ားရဲ႕အႀကီးအကဲ Clement Kwok က သတင္းေထာက္ေတြကို မေန႔ မတ္လ ၁၅ ရက္ေန႔က ေျပာပါတယ္။

ဒါေပမယ့္ သူတို႔ရဲ႕ ဒီဟိုတယ္တည္ေဆာက္ေရးအတြက္ ႏွစ္အတန္ၾကာ ရပ္ထားလို႔ရႏိုင္တဲ့အေျခအေနရွိေအာင္ ရင္းႏွီးျမဳပ္ႏွံမႈကို လုပ္ေဆာင္ထားတဲ့အတြက္ သူတို႔ဘက္က အဆင္ေျပတဲ့အေျခအေနေရာက္ၿပီလို႔ ယူဆတဲ့အခ်ိန္မွာ လုပ္ငန္းကို အခ်ိန္မေ႐ြး ျပန္စလို႔ ရႏိုင္ေၾကာင္း Clement Kwok ေျပာပါတယ္။

ရန္ကုန္က ဒီ ဟိုတယ္စီမံကိန္းကို ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္ႀကီးျဖစ္တဲ့ Serge Pun ရဲ႕ ႐ိုးမကုမၸဏီ လက္ေအာက္ခံ စကၤာပူမွာမွတ္ပုံတင္ထားတဲ့ Yoma Stretegic Holding နဲ႔ ရန္ကုန္မွာမွတ္ပုံတင္ထားတဲ့ First Myanmar Investment ကုမၸဏီ ႏွစ္ခုတို႔နဲ႔ ပူးတြဲ တည္ေဆာက္ေနတာ ျဖစ္ပါတယ္။ ဒီစီမံကိန္းအတြက္ ေဟာင္ေကာင္နဲ႔ ရွန္ဟိုင္းဟိုတယ္အစုအဖြဲ႕တို႔က ၇၀% ပိုင္ဆိုင္ၿပီး က်န္ ၃၀% ကို Yoma အုပ္စုက ပိုင္ဆိုင္ပါတယ္။

{Unicode}

ရန်ကုန် မီးရထားဝင်းအတွင်းက ဟိုတယ်တည်ဆောက်ရေးလုပ်ငန်း ပြန်စဖို့ပြင်ဆင်နေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရပ်ထားရတဲ့ ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းတွေကို အခြေအနေပေးတာနဲ့ ပြန်စဖို့ အစင်သင့်ရှိနေကြောင်း Peninsula အဆင့်မြင့်ဟိုတယ်လုပ်ငန်းအဖွဲ့ကြီးက ပြောပါတယ်။ ရန်ကုန်က သူတို့ရဲ့ ဟိုတယ် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြုပ်နှံထားတာပါ။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့လယ်က သမိုင်းဝင် မီးရထားအဆောက်အဦးနေရာမှာ အခန်း ၈၈ ခန်းပါတဲ့ အဆင့်မြင့်ဟိုတယ်ကို တည်ဆောက်နေတာပါ။ ဟိုတယ် တည်ဆောက်တဲ့ လုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး မနှစ် ၂၀၂၂ ခုနှစ်မှာ ပြီးမြောက်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူလိုက်တာကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒီမိုရေစီနည်းလမ်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းကို ရပ်ထားရတာလို့ ဟောင်ကောင်နဲ့ ရှန်ဟိုင်းဟိုတယ် အစုအဖွဲ့များရဲ့အကြီးအကဲ Clement Kwok က သတင်းထောက်တွေကို မနေ့ မတ်လ ၁၅ ရက်နေ့က ပြောပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ဒီဟိုတယ်တည်ဆောက်ရေးအတွက် နှစ်အတန်ကြာ ရပ်ထားလို့ရနိုင်တဲ့အခြေအနေရှိအောင် ရင်းနှီးမြုပ်နှံမှုကို လုပ်ဆောင်ထားတဲ့အတွက် သူတို့ဘက်က အဆင်ပြေတဲ့အခြေအနေရောက်ပြီလို့ ယူဆတဲ့အချိန်မှာ လုပ်ငန်းကို အချိန်မရွေး ပြန်စလို့ ရနိုင်ကြောင်း Clement Kwok ပြောပါတယ်။

ရန်ကုန်က ဒီ ဟိုတယ်စီမံကိန်းကို မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ Serge Pun ရဲ့ ရိုးမကုမ္ပဏီ လက်အောက်ခံ စင်္ကာပူမှာမှတ်ပုံတင်ထားတဲ့ Yoma Stretegic Holding နဲ့ ရန်ကုန်မှာမှတ်ပုံတင်ထားတဲ့ First Myanmar Investment ကုမ္ပဏီ နှစ်ခုတို့နဲ့ ပူးတွဲ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဟောင်ကောင်နဲ့ ရှန်ဟိုင်းဟိုတယ်အစုအဖွဲ့တို့က ၇၀% ပိုင်ဆိုင်ပြီး ကျန် ၃၀% ကို Yoma အုပ်စုက ပိုင်ဆိုင်ပါတယ်။

XS
SM
MD
LG