သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဂၤလာဒုံေစ်းအနီး ဆိုင္ခန္းေတြ ဖယ္ရွားဖို႔ အမိန္႔ထုတ္


(Zawgyi / Unicode)

မဂၤလာဒုံၿမိဳ႕မေစ်းနဲ႔ မဂၤလာဒုံ တပ္မေတာ္ ေဆးတကၠသိုလ္ၾကားမွာရွိတဲ့ တပ္ၿမိဳ႕ စည္ပင္ပိုင္ေျမထဲက ဆိုင္ခန္းေပါင္း ၁၀၀ နီးပါးကို ၁၅ ရက္အတြင္း ဖယ္ရွားေပးရမယ္လို႔ မဂၤလာဒုံတပ္ၿမိဳ႕စည္ပင္ဌာနက ဒီရက္ပိုင္းထဲမွာ အသိေပးစာ ထုတ္ျပန္လိုက္ပါတယ္။ အႏွစ္၂၀ နီးပါးရွိခဲ့တဲ့ေနရာေတြကို ႐ုတ္တရက္ဖယ္ခိုင္းတဲ့ အေပၚ ေဒသခံေတြကေတာ့ စိုးရိမ္မႈေတြရွိပါတယ္။ ဒီေနရာတဝိုက္မွာရွိတဲ့ ေနာက္ထပ္ဆိုင္ခန္းေတြကိုလည္း လုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ ဖိအားေပး ဖ်က္သိမ္းမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနတဲ့အတြက္ ဆိုင္ခန္းပိုင္ရွင္ေတြ စိုးရိမ္ေနၾကတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မသိဂၤ ီထိုက္ က ေျပာျပမွာပါ။

အစိုးရအိမ္ဥပစာ (ႏွင္ထုတ္ျခင္း) အက္ဥပေဒအရ ဆိုၿပီး မဂၤလာဒုံၿမိဳ႕နယ္ အမွတ္(၄) ကန္တိုမင္ကြင္းမွာရွိတဲ့ ေျမ ၂၃ ဧကေပၚမွာေဆာက္ထားတဲ့ ေစ်းဆိုင္ခန္းေတြအားလုံး ေအာက္တိုဘာလ ၁၃ ရက္ေန႔ ေနာက္ဆုံးထား ဖ်က္သိမ္းေပးရမယ္လို႔ ၿမိဳ႕နယ္စည္ပင္သာယာ တာဝန္ဝန္ရွိသူေတြက အသိေပးစာ ထုတ္ျပန္လိုက္တာပါ။ ဆိုင္ခန္းပိုင္ရွင္ေတြကေတာ့ အခုလို ဘာေၾကာင့္ ျမန္ျမန္ဆန္ဆန္ ဖ်က္သိမ္းေပးရသလဲဆိုတဲ့ အေၾကာင္းရင္းကို ေသခ်ာမသိၾကဘူးလို႔ ေျပာပါတယ္။ မဂၤလာဒုံၿမိဳ႕မေစ်းအနီးမွာ ေရာင္းခ်ေနတဲ့ ဆိုင္ခန္းပိုင္ရွင္တဦးက VOA ကို အခုလိုေျပာပါတယ္။

" က်ေနာ္တို႔ဒီဟာေတြက ပိုင္ဆိုင္မႈမရွိဘူးေလ သူတို႔အငွားခ်ထားတဲ့စနစ္နဲ႔ အငွားခ်ထားတာ နဂိုကတည္းက။ အဓိကအေၾကာင္းေတာ့ က်ေနာ္တို႔မသိဘူးဗ် အငွားဆိုေတာ့ က်ေနာ္တို႔ကို ဖယ္ေပးဆို ဖယ္ေပးရမွာပဲေလ။ ေျပာရရင္ တပ္ေျမေတြေလ အစိုးရပိုင္ဂရံေျမေတြ မဟုတ္ဘူးေလ၊ က်ေနာ္တို႔ဆီမွာ ဂရံဆိုတာက ဟိုးအရင္ကဂရံပဲ ဒါပဲရွိတာေလ။"

မဂၤလာဒုံ တပ္စည္ပင္ပိုင္ေျမနဲ႔ မဂၤလာဒုံေစ်းနယ္ေျမေတြက ဆက္စပ္ေနတာေၾကာင့္ တျခားဆိုင္ခန္းေတြ အလားတူ ဖ်က္ေပးရမွာကို ဆိုင္ခန္းပိုင္ရွင္ေတြ စိုးရိမ္ေနၾကပါတယ္။ မဂၤလာဒုံေလဆိပ္အနီးတဝိုက္မွာ စစ္တပ္ပိုင္ေျမေတြ အမ်ားအျပား ရွိေနတာေၾကာင့္ လုံၿခဳံေရးအေၾကာင္းျပခ်က္အရ ဖိအားေပးလာရင္ ဖယ္ေပးရမယ့္ အေျခအေနရွိေၾကာင္း ေဒသခံတဦးက အခုလိုေျပာပါတယ္။

" ဒီမွာက စစ္တပ္နယ္ေျမဆိုေတာ့ သူတို႔ကဒီမွာစာခ်ဳပ္ခ်ဳပ္ထားတာ ၂၄နာရီ တရက္စာခ်ဳပ္နဲ႔ ခ်ဳပ္ခဲ့တာ။ တရက္ျဖစ္ရင္လည္းျဖစ္မယ္၊ တလျဖစ္ရင္လည္းျဖစ္မယ္၊ တႏွစ္ျဖစ္ရင္လည္းျဖစ္မယ္၊ ဆယ္ႏွစ္ျဖစ္ရင္လည္းျဖစ္မယ္။ ဒီမွာလုပ္ေနၾကတဲ့လူေတြ အကုန္လုံးက ၁၈ႏွစ္ အႏွစ္၂၀ေလာက္ ျဖစ္သြားၿပီ၊ အခုကသူတို႔က ပလိန္းႀကီးဖယ္ေပးရမွာ ဘာမွလည္းရဖို႔လည္းမရွိဘူး၊ ကိုယ္ေဆာက္ထားတဲ့ ေနရာေတြအကုန္လုံးကိုယ့္ဖာသာ ေရာင္းၿပီးေတာ့ယူသြား၊ ေနာက္ဆုံး ေျမႀကီးထားခဲ့ရင္လည္းရတယ္ အဲဒီသေဘာ။"

အသိေပးထားတဲ့ ေစ်းဆိုင္ေတြအေနနဲ႔ သတ္မွတ္ထားတဲ့ရက္အတြင္း ထြက္ခြာမေပးဘူးဆိုရင္ အဲဒီေနရာက ဖယ္ရွားတာ ခံရမယ္လို႔ စက္တင္ဘာလ ၂၉ ရက္နဲ႔ ထုတ္ျပန္ခဲ့တဲ့ တပ္ၿမိဳ႕စည္ပင္သာယာရဲ႕ စာမွာ ေရးသားထားတာပါ။ ဒီကိစၥနဲ႔ ပတ္သက္လို႔ မဂၤလာဒုံ တပ္ၿမိဳ႕စည္ပင္႐ုံးကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

မဂၤလာဒုံၿမိဳ႕မေစ်းနဲ႔ မဂၤလာဒုံ တပ္မေတာ္ ေဆးတကၠသိုလ္ၾကား ေနရာေတြဟာ စစ္ေကာင္စီရဲ႕ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး ႐ုံးအမ်ားအျပားရွိေနတဲ့ ေနရာလည္း ျဖစ္ပါတယ္။ တပ္မေတာ္စစ္သားစုေဆာင္းေရး၊ တပ္ၿမိဳ႕စည္ပင္သာယာေရး အဖြဲ႕႐ုံး၊ မဂၤလာဒုံၿမိဳ႕မ ရဲဌာန၊ တပ္မေတာ္ေဆးတကၠသိုလ္၊ စစ္ေရးျပကြင္း၊ စစ္တပ္နယ္ေျမတြင္း အေျခခံပညာေက်ာင္းေတြနဲ႔ ဌာနဆိုင္ရာ႐ုံးအမ်ားအျပား ႐ုံးစိုက္ရာေနရာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မင်္ဂလာဒုံဈေးအနီး ဆိုင်ခန်းတွေ ဖယ်ရှားဖို့ အမိန့်ထုတ်

မင်္ဂလာဒုံမြို့မဈေးနဲ့ မင်္ဂလာဒုံ တပ်မတော် ဆေးတက္ကသိုလ်ကြားမှာရှိတဲ့ တပ်မြို့ စည်ပင်ပိုင်မြေထဲက ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးကို ၁၅ ရက်အတွင်း ဖယ်ရှားပေးရမယ်လို့ မင်္ဂလာဒုံတပ်မြို့စည်ပင်ဌာနက ဒီရက်ပိုင်းထဲမှာ အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ အနှစ်၂၀ နီးပါးရှိခဲ့တဲ့နေရာတွေကို ရုတ်တရက်ဖယ်ခိုင်းတဲ့ အပေါ် ဒေသခံတွေကတော့ စိုးရိမ်မှုတွေရှိပါတယ်။ ဒီနေရာတဝိုက်မှာရှိတဲ့ နောက်ထပ်ဆိုင်ခန်းတွေကိုလည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ဖိအားပေး ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေ စိုးရိမ်နေကြတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂ ီထိုက် က ပြောပြမှာပါ။

အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဆိုပြီး မင်္ဂလာဒုံမြို့နယ် အမှတ်(၄) ကန်တိုမင်ကွင်းမှာရှိတဲ့ မြေ ၂၃ ဧကပေါ်မှာဆောက်ထားတဲ့ ဈေးဆိုင်ခန်းတွေအားလုံး အောက်တိုဘာလ ၁၃ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမယ်လို့ မြို့နယ်စည်ပင်သာယာ တာဝန်ဝန်ရှိသူတွေက အသိပေးစာ ထုတ်ပြန်လိုက်တာပါ။ ဆိုင်ခန်းပိုင်ရှင်တွေကတော့ အခုလို ဘာကြောင့် မြန်မြန်ဆန်ဆန် ဖျက်သိမ်းပေးရသလဲဆိုတဲ့ အကြောင်းရင်းကို သေချာမသိကြဘူးလို့ ပြောပါတယ်။ မင်္ဂလာဒုံမြို့မဈေးအနီးမှာ ရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တဦးက VOA ကို အခုလိုပြောပါတယ်။

" ကျနော်တို့ဒီဟာတွေက ပိုင်ဆိုင်မှုမရှိဘူးလေ သူတို့အငှားချထားတဲ့စနစ်နဲ့ အငှားချထားတာ နဂိုကတည်းက။ အဓိကအကြောင်းတော့ ကျနော်တို့မသိဘူးဗျ အငှားဆိုတော့ ကျနော်တို့ကို ဖယ်ပေးဆို ဖယ်ပေးရမှာပဲလေ။ ပြောရရင် တပ်မြေတွေလေ အစိုးရပိုင်ဂရံမြေတွေ မဟုတ်ဘူးလေ၊ ကျနော်တို့ဆီမှာ ဂရံဆိုတာက ဟိုးအရင်ကဂရံပဲ ဒါပဲရှိတာလေ။"

မင်္ဂလာဒုံ တပ်စည်ပင်ပိုင်မြေနဲ့ မင်္ဂလာဒုံဈေးနယ်မြေတွေက ဆက်စပ်နေတာကြောင့် တခြားဆိုင်ခန်းတွေ အလားတူ ဖျက်ပေးရမှာကို ဆိုင်ခန်းပိုင်ရှင်တွေ စိုးရိမ်နေကြပါတယ်။ မင်္ဂလာဒုံလေဆိပ်အနီးတဝိုက်မှာ စစ်တပ်ပိုင်မြေတွေ အများအပြား ရှိနေတာကြောင့် လုံခြုံရေးအကြောင်းပြချက်အရ ဖိအားပေးလာရင် ဖယ်ပေးရမယ့် အခြေအနေရှိကြောင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

" ဒီမှာက စစ်တပ်နယ်မြေဆိုတော့ သူတို့ကဒီမှာစာချုပ်ချုပ်ထားတာ ၂၄နာရီ တရက်စာချုပ်နဲ့ ချုပ်ခဲ့တာ။ တရက်ဖြစ်ရင်လည်းဖြစ်မယ်၊ တလဖြစ်ရင်လည်းဖြစ်မယ်၊ တနှစ်ဖြစ်ရင်လည်းဖြစ်မယ်၊ ဆယ်နှစ်ဖြစ်ရင်လည်းဖြစ်မယ်။ ဒီမှာလုပ်နေကြတဲ့လူတွေ အကုန်လုံးက ၁၈နှစ် အနှစ်၂၀လောက် ဖြစ်သွားပြီ၊ အခုကသူတို့က ပလိန်းကြီးဖယ်ပေးရမှာ ဘာမှလည်းရဖို့လည်းမရှိဘူး၊ ကိုယ်ဆောက်ထားတဲ့ နေရာတွေအကုန်လုံးကိုယ့်ဖာသာ ရောင်းပြီးတော့ယူသွား၊ နောက်ဆုံး မြေကြီးထားခဲ့ရင်လည်းရတယ် အဲဒီသဘော။"

အသိပေးထားတဲ့ ဈေးဆိုင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ရက်အတွင်း ထွက်ခွာမပေးဘူးဆိုရင် အဲဒီနေရာက ဖယ်ရှားတာ ခံရမယ်လို့ စက်တင်ဘာလ ၂၉ ရက်နဲ့ ထုတ်ပြန်ခဲ့တဲ့ တပ်မြို့စည်ပင်သာယာရဲ့ စာမှာ ရေးသားထားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ မင်္ဂလာဒုံ တပ်မြို့စည်ပင်ရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
မင်္ဂလာဒုံမြို့မဈေးနဲ့ မင်္ဂလာဒုံ တပ်မတော် ဆေးတက္ကသိုလ်ကြား နေရာတွေဟာ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေး ရုံးအများအပြားရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ တပ်မတော်စစ်သားစုဆောင်းရေး၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့ရုံး၊ မင်္ဂလာဒုံမြို့မ ရဲဌာန၊ တပ်မတော်ဆေးတက္ကသိုလ်၊ စစ်ရေးပြကွင်း၊ စစ်တပ်နယ်မြေတွင်း အခြေခံပညာကျောင်းတွေနဲ့ ဌာနဆိုင်ရာရုံးအများအပြား ရုံးစိုက်ရာနေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG