စစ္ေကာင္စီအေပၚ ဒဏ္ခတ္မႈေတြ တုိးျမႇင့္ဖုိ႔ ၾသစေၾတးလ်အစုိးရစဥ္းစား
{{Zawgyi/Unicode}}
ျမန္မာစစ္ေကာင္စီအေပၚ ေနာက္ထပ္ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ ၾသစေၾတးလ်အစုိးရက အေလးအနက္ စဥ္းစားေနေၾကာင္း ၾသစေတးလ်ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာလုိက္ပါတယ္။
“ပစ္မွတ္ထား အေရးယူဒဏ္ခတ္ဖုိ႔ အခုိင္အမာ ေဆြးေႏြးမႈေတြ ရွိေနၿပီး၊ ၾသစေတးလ်အစိုးရက အေလးအနက္ စဥ္းစားေနပါတယ္” လို႔ ႏုိင္ငံျခားေရး၀န္ႀကိီး Penny Wong က စကၤာပူႏုိင္ငံ ႏုိင္ငံတကာ မဟာဗ်ဴဟာေလ့လာေရးဌာန IISS ရုံးခြဲမွာက်င္းပတဲ့ အေမးအေျဖ က႑မွာ ဗုဒၶဟူးေန႔က ေျပာဆိုသြားတာပါ။ စကၤာပူႏုိ္င္ငံခရီးစဥ္အၿပီးမွာေတာ့ စက္မႈအင္အားႀကီးႏိုင္ငံ ၂၀ G20 ႏုိင္ငံျခားေ၇း၀န္ႀကီးမ်ား အစည္းအေ၀းကိုတက္ဖို႔ အင္ဒိုနီးရွားႏုိင္ငံ၊ ဘာလီကၽြန္းကို ၀န္ႀကီး Wong ခရီးဆက္မွာျဖစ္ပါတယ္။
စစ္တပ္က အာဏာသိ္မ္းခဲ့တဲ့ ၂၀၂၁ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ေနာက္ပုိင္း ျမန္မာ့ ဒီမိုကေရစီေရး ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ စီးပြါးေရးအႀကံေပးၾသစေတးလ်ႏုိ္င္ငံသား Sean Turnell ကိုလည္း စစ္တပ္က ဖမ္းဆီးထားပါတယ္။ Sean Trunell ဟာ ႏုိင္ငံေတာ္လ ွ်ိဳ႔၀ွက္ခ်က္အက္ဥပေဒခ်ိဳးေဖာက္မႈအပါအ၀င္အျခားစြဲခ်က္ေတြနဲ႔ပါ ရင္ဆုိင္ေနရတာျဖစ္ၿပီး သူ႔ရဲ႕အမႈကုိ တရား႐ုံးက ၾကားနာရာမွာလည္း Australia သံရံုးတာဝန္ရွိသူေတြကို ၾကားနာခြင့္ မေပးပါဘူး။ သူ႔ကို လႊတ္ေပးဖို႔ Australia အစိုးရက ေတာင္းဆိုထားပါတယ္။
ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာစစ္တပ္ကို လက္နက္နဲ႔ ဆက္စပ္ပစၥည္း တင္ပို႔ေရာင္းခ်ခြင့္နဲ႔ ခရီးသြားလာခြင့္ပိတ္ပင္တာအပါအ၀င္ဒဏ္ခတ္ပိတ္ဆုိ႔မႈအေတာ္မ်ားမ်ားကို ၾသစတးလ်အစိုးရက ခ်မွတ္ထားတာျဖစ္ပါတယ္။
.......................................
စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ သြစတြေးလျအစိုးရစဉ်းစား
{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ သြစတြေးလျအစိုးရက အလေးအနက် စဉ်းစားနေကြောင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
“ပစ်မှတ်ထား အရေးယူဒဏ်ခတ်ဖို့ အခိုင်အမာ ဆွေးနွေးမှုတွေ ရှိနေပြီး၊ သြစတေးလျအစိုးရက အလေးအနက် စဉ်းစားနေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Penny Wong က စင်္ကာပူနိုင်ငံ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန IISS ရုံးခွဲမှာကျင်းပတဲ့ အမေးအဖြေ ကဏ္ဍမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားတာပါ။ စင်္ကာပူနိုင်ငံခရီးစဉ်အပြီးမှာတော့ စက်မှုအင်အားကြီးနိုင်ငံ ၂၀ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို ဝန်ကြီး Wong ခရီးဆက်မှာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီးပွါးရေးအကြံပေးသြစတေးလျနိုင်ငံသား Sean Turnell ကိုလည်း စစ်တပ်က ဖမ်းဆီးထားပါတယ်။ Sean Trunell ဟာ နိုင်ငံတော်လ ျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုအပါအဝင်အခြားစွဲချက်တွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပြီး သူ့ရဲ့အမှုကို တရားရုံးက ကြားနာရာမှာလည်း Australia သံရုံးတာဝန်ရှိသူတွေကို ကြားနာခွင့် မပေးပါဘူး။ သူ့ကို လွှတ်ပေးဖို့ Australia အစိုးရက တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်း တင်ပို့ရောင်းချခွင့်နဲ့ ခရီးသွားလာခွင့်ပိတ်ပင်တာအပါအဝင်ဒဏ်ခတ်ပိတ်ဆို့မှုအတော်များများကို သြစတးလျအစိုးရက ချမှတ်ထားတာဖြစ်ပါတယ်။