ပစိဖိတ္ကၽြန္းႏိုင္ငံမ်ားႏွင္႔ဆက္ဆံေရး အျပဳသေဘာေဆာင္ (ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္)
{{Zawgyi/Unicode}}
ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္သစ္ က သူတို႔အစိုးရနဲ႔ ျပန္လည္ထိေတြ႔ ဆက္ဆံမႈေတြအေပၚမွာ ပစီဖိတ္ေဒသ ကြ်န္းစုႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြက အလြန္ကို အျပဳသေဘာေဆာင္တယ္လို႔ ေျပာပါတယ္။
အဲဒီေဒသတြင္းကို တရုတ္ႏိုင္ငံကေန သံခင္းတမန္ခင္းအရ ယွဥ္ၿပိဳင္ၿပီး အဆက္မျပတ္ ထုိးေဖာက္လာေနစဥ္မွာ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese က ေျပာဆိုလိုက္တာျဖစ္ပါတယ္။
တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ ပစီဖိတ္ကြ်န္းစုႏိုင္ငံေတြကို လွည့္လည္ၿပီး Fiji ကြ်န္းမွာ အဲဒီေဒသတြင္းက ႏိုင္ငံေခါင္းေဆာင္ေတြ၊ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့တာကို အနီးကပ္ ေစာင့္ၾကည့္ခဲ့တယ္လို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese ေျပာဆိုတာကို Sky သတင္းဌာနက တနဂၤေႏြေန႔က ထုတ္လႊင့္ခဲ့ပါတယ္။
Fiji ကြ်န္းႏိုင္ငံမွာ ပစီဖိတ္ေဒသတြင္း တျခားကြ်န္းစု ၁ဝ ႏိုင္ငံက ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးပြဲမတိုင္ခင္မွာ သေဘာတူညီခ်က္ မူၾကမ္းဟာ ျပင္ပကို ေပါက္ၾကားလာခဲ့ၿပီး AFP ကလည္း ရရွိထားပါတယ္။
အဲဒီအထဲမွာ တရုတ္ႏိုင္ငံဟာ ေတာင္ပစီဖိတ္ေဒသတြင္းမွာ လုံၿခဳံေရးနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရး တိုးခ်ဲ႕ဖို႔ ရည္ရြယ္ထားတဲ့အေပၚမွာ ၾသစေၾတးလ်အတြက္ စုိးရိမ္စရာေတြျဖစ္ေပၚလာပါတယ္။ အဲဒီအတြက္ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္သစ္ Albanese က သူအရင္ အစိုးရရဲ႕ ပစီဖိတ္ေဒသတြင္းႏိုင္ငံေတြအေပၚမွာ အေထာက္အပန္႔ေတြ ျဖတ္ေတာက္ခဲ့တာနဲ႔ ထိေတြ႔ဆက္ဆံမႈ မရွိခဲ့တာေတြအေပၚမွာ အျပစ္တင္ခဲ့ပါတယ္။
အဲဒီလိုအေျခအေနေတြေၾကာင့္ ၾသစေၾတးလ်ႏိုင္ငံအေနနဲ႔ ပစီဖိတ္ကြ်န္းစုႏိုင္ငံေတြနဲ႔ ထိေတြ႔ ဆက္ဆံမႈအသစ္အေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးသစ္ Penny Wong ဟာ Fiji ႏိုင္ငံကို သြားေရာက္ခဲ့ရာမွာ တုံျပန္မႈေတြက အလြန္ကို အျပဳသေဘာေဆာင္ပါတယ္လို႔လို႔ ဝန္ႀကီးခ်ဳပ္ Albanese က ေျပာပါတယ္။
..............................................
ပစိဖိတ်ကျွန်းနိုင်ငံများနှင့်ဆက်ဆံရေး အပြုသဘောဆောင် (သြစတြေးလျ ဝန်ကြီးချုပ်)
{{Zawgyi/Unicode}}
သြစတြေးလျဝန်ကြီးချုပ်သစ် က သူတို့အစိုးရနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံမှုတွေအပေါ်မှာ ပစီဖိတ်ဒေသ ကျွန်းစုနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက အလွန်ကို အပြုသဘောဆောင်တယ်လို့ ပြောပါတယ်။
အဲဒီဒေသတွင်းကို တရုတ်နိုင်ငံကနေ သံခင်းတမန်ခင်းအရ ယှဉ်ပြိုင်ပြီး အဆက်မပြတ် ထိုးဖောက်လာနေစဉ်မှာ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese က ပြောဆိုလိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ပစီဖိတ်ကျွန်းစုနိုင်ငံတွေကို လှည့်လည်ပြီး Fiji ကျွန်းမှာ အဲဒီဒေသတွင်းက နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကို အနီးကပ် စောင့်ကြည့်ခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ပြောဆိုတာကို Sky သတင်းဌာနက တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့ပါတယ်။
Fiji ကျွန်းနိုင်ငံမှာ ပစီဖိတ်ဒေသတွင်း တခြားကျွန်းစု ၁ဝ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာ သဘောတူညီချက် မူကြမ်းဟာ ပြင်ပကို ပေါက်ကြားလာခဲ့ပြီး AFP ကလည်း ရရှိထားပါတယ်။
အဲဒီအထဲမှာ တရုတ်နိုင်ငံဟာ တောင်ပစီဖိတ်ဒေသတွင်းမှာ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ဖို့ ရည်ရွယ်ထားတဲ့အပေါ်မှာ သြစတြေးလျအတွက် စိုးရိမ်စရာတွေဖြစ်ပေါ်လာပါတယ်။ အဲဒီအတွက် သြစတြေးလျဝန်ကြီးချုပ်သစ် Albanese က သူအရင် အစိုးရရဲ့ ပစီဖိတ်ဒေသတွင်းနိုင်ငံတွေအပေါ်မှာ အထောက်အပန့်တွေ ဖြတ်တောက်ခဲ့တာနဲ့ ထိတွေ့ဆက်ဆံမှု မရှိခဲ့တာတွေအပေါ်မှာ အပြစ်တင်ခဲ့ပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် သြစတြေးလျနိုင်ငံအနေနဲ့ ပစီဖိတ်ကျွန်းစုနိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံမှုအသစ်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် Penny Wong ဟာ Fiji နိုင်ငံကို သွားရောက်ခဲ့ရာမှာ တုံပြန်မှုတွေက အလွန်ကို အပြုသဘောဆောင်ပါတယ်လို့လို့ ဝန်ကြီးချုပ် Albanese က ပြောပါတယ်။