သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံက ဒဏ်ခတ်အရေးယူမှုစာရင်းထဲ VOA သတင်းသမားပါဝင် 


ရုရှားက ဒဏ်ခတ်အရေးယူစာရင်းထဲထည့်ထားသူ VOA ရဲ့လူထုဆက်ဆံရေးအဖွဲ့ အကြီးအကဲ-သတင်းထောက် Jeff Seldin (ယခင်မှတ်တမ်းရုပ်ပုံ)
ရုရှားက ဒဏ်ခတ်အရေးယူစာရင်းထဲထည့်ထားသူ VOA ရဲ့လူထုဆက်ဆံရေးအဖွဲ့ အကြီးအကဲ-သတင်းထောက် Jeff Seldin (ယခင်မှတ်တမ်းရုပ်ပုံ)

နိုင်ငံတော်လုံခြုံရေးဆိုင်ရာသတင်းတွေကို ရေးသားပေးပို့တဲ့ VOA သတင်းထောက် Jeff Seldin ကို အရေးယူလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အရေးယူတဲ့စာရင်းထဲမှာ VOA က Jeff Seldin အပြင် ဝါရှင်တန်ပို့စ်နဲ့ နယူးရောက် တိုင်းမ်းစ် သတင်းစာတွေက သတင်းထောက်တွေအပါအဝင် သတင်းထောက်အများအပြား ပါဝင်နေတာပါ။ ရုရှားကို ဆန့်ကျင်သူတွေလို့ ရုရှားအစိုးရက ပြောပြီး အရေးယူထားတဲ့ အမေရိကန်နိုင်ငံသားဟာ အခုဆို ၂၂၇ ယောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီအမေရိကန်နိုင်ငံသားတွေအနေနဲ့ ရုရှားနိုင်ငံထဲဝင်ခွင့် ပိတ်ပင်ထားပြီး သူတို့ဟာ လက်ရှိ အမေရိကန်အစိုးရရဲ့ ရုရှားကြောက်ရွံ့ရေး လုပ်ဆောင်နေတဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေ လို့ ရုရှားနိုင်ငံခြားရေးဌာန ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ရုရှားမှာ သမ္မတ Vladimir Putin ပြန်အရွေးခံရဖို့သေချာနေတဲ့ ရွေးကောက်ပွဲ မစတင်ခင် တရက်အလိုမှာ အခုလို ကြေညာချက်ထွက်လာတာ ဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ် သတင်းဌာနက သတင်းသမား ၄ ဦး၊ နယူးရောက်တိုင်းမ်စ် က သတင်းထောက်တဦးနဲ့အတူ VOA က Jeff Seldin ကို အရေးယူခဲ့တာပါ။ သူဟာ VOA ရဲ့လူထုဆက်ဆံရေးအဖွဲ့ အကြီးအကဲ ဖြစ်ပြီး ခုချိန်အထိတော့ သူက မှတ်ချက်ပေး ပြောဆိုတာမရှိသေးပါဘူး။

Seldon ဟာ ရုရှားအစိုးရရဲ့ အရေးယူမှုခံရတဲ့ ဒုတိယမြောက် VOA ဝန်ထမ်းဖြစ်ပါတယ်။ VOA ရဲ့ ယာယီအကြီးအကဲဟောင်း Yolanda Lopez ဟာလည်း ၂၀၂၃ ခုနှစ်မှာ ရုရှားအစိုးရရဲ့ ဒဏ်ခတ်အရေးယူမှု ခံခဲ့ရတာပါ။ ရုရှားအစိုးရ အရေးယူတဲ့ထဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Mathew Miller အပြင် ဟားဗတ်၊ ယေးလ်နဲ့ ကိုလံဘီယာတို့လို အမေရိကန် တက္ကသိုလ်ကြီးတွေက ပါမောက္ခကြီး တချို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက ဒဏ်ခတ်အရေးယူမှုစာရင်းထဲ VOA သတင်းသမားပါဝင်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG