သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံဝန်ထမ်း ၇၅၅ ဦးကို ရုရှားနှင်ထုတ်


ရုရှားရှိ အမေရိကန်သံရုံး

အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သံဝန်ထမ်း ၇၅၅ ဦး ရုရှားနိုင်ငံကနေ ထွက်သွားရမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အနိုင်ရအောင် ရုရှားက ဝင်နှောက်ပေးခဲ့တဲ့အတွက် အခုလို ဒဏ်ခတ်အရေးုယူမှုအသစ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လူပေါင်း ၁ ထောင်ကျော် အလုပ်လုပ်နေကြပြီး အဲဒီထဲက ၇၅၅ ယောက်အနေနဲ့ ရုရှား မှာ သူတို့လုပ်နေတာကို ရပ်ပစ်ရမယ်လို့ သမ္မတပူတင်က ရုရှား ရုပ်သံသတင်းဌာနတခုကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကို လက်တုန့်ပြန်တဲ့ နောက်ထပ်လုပ်ဆောင်မှုတွေကို ရုရှားအနေနဲ့ လုပ်နိုင်ခြေရှိပေမဲ့ အခုချိန်ထိတော့ ဒါကို သူ မလုပ်သေးဘူးလို့ ရုရှားသမ္မတကပြောပါတယ်။ အမေရိကန်သံဝန်ထမ်း ၇၅၀ ကျော် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရုရှားကနေ ထွက်သွားရမယ်လို့ နှင်ထုတ် လိုက်တာကြောင့် သူတို့နှစ်နိုင်ငံရဲ့ တနိုင်ငံချင်းစီမှာရှိနေတဲ့ သံဝန်ထမ်းအရေအတွက်ဟာ ၄၅၅ ယောက်စီနဲ့ အတူတူဖြစ်သွား လိမ့်မယ်လို့ ရုရှားအစိုးရကပြောပါတယ်။

ဒီလက်တုန့်ပြန် လုပ်ဆောင်ချက်ဟာ သိပ်ကိုနောက်ကျနေပါပြီလို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က အမေရိကန် ABC ရုပ်သံသတင်းဌာနကို အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် ဒဏ်ခတ် အရေးယူမှုအသစ်တွေချမှတ်မယ့် ဥပဒေမူကြမ်းကို ကွန်ဂရက်လွှတ်တော်က တညီတညွတ်ထဲ အတည်ပြုထားတာဖြစ်ပြီး သမ္မတ ထရမ့်ပ်က လက်မှတ်ထိုးမယ်လို့ သမ္မတအိမ်ဖြူတော်ကပြောထားပါတယ်။

အမေရိကန်သံဝန်ထမ်း ၇၅၅ ဦးကို ရုရှားနှင်ထုတ်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG