သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး အိမ်ဖြူတော်မှာ တွေ့ဆုံ


အမေရိကန် သမ္မတနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံ ဆွေးနွေး။
အမေရိကန် သမ္မတနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံ ဆွေးနွေး။

အမေရိကန် သမ္မတ Donald Trump ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း ဆီးရီးယား ပဋိပက္ခ အဆုံးသတ်ရေး ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ကြဖို့ ဆွေးနွေးကြောင်း သမ္မတ Trump နဲ့ နိုင်ငံခြားရေးဝန်ကြီး Lavrov တို့က ပြောကြားလိုက်ပြီး ယူကရိန်း ပဋိပက္ခ ပြေလည်ရေး လုပ်ဆောင်ဖို့ သူ့အစိုးရက သံဓိဌာန် ချထားကြောင်း သမ္မတ Trump က အလေးပေး ပြောကြားခဲ့ပါတယ်။

ဒါဟာ ဇန်နဝါရီလမှာ သမ္မတ ဖြစ်လာပြီးတဲ့နောက် ထိပ်တန်း ရုရှား သံတမန်တဦးနဲ့ သမ္မတ Trump ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။

သမ္မတ Trump အစိုးရနဲ့ ရုရှားနိုင်ငံအကြားက ဆက်နွယ်မှု ရှိမရှိ စုံစမ်း စစ်ဆေးနေတဲ့ FBI ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးဗြူရိုရဲ့ အကြီးအကဲ James Comey ကို ရာထူးက ဖယ်ရှားလိုက်ပြီး နောက်တနေ့မှာ သမ္မတ Trump က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတာ ဖြစ်ပါတယ်။

တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်ကြောင်း၊ ဆီးရီးယား အရေးကိစ္စကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မယ်လို့ ယူဆကြောင်းနဲ့ အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာတွေကို တွေ့နေရကြောင်း တွေ့ဆုံမှုအပြီးမှာ သမ္မတ Trump က ပြောပါတယ်။

သူတို့ ၂ ဦး တွေ့ဆုံစဉ် ဆီးရီးယားနိုင်ငံအတွင်းက တိုက်ပွဲတွေ အရှိန်လျော့ချရေးဇုံ ထားရှိရေး ကိစ္စကို ဆွေးနွေးဖြစ်ခဲ့ကြောင်း၊ အဲဒီ တိုက်ပွဲတွေ အရှိန်လျော့ချရေးဇုံ ထားရှိခြင်းရဲ့ အကျိုးကျေးဇူးတွေအပေါ် ၂ နိုင်ငံအကြား တူညီတဲ့ နားလည်မှု ရှိထားကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က တွေ့ဆုံမှုအပြီးမှာ ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG