သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pheu Thai ပါတီ ညွန့်ပေါင်းအစိုးရမှာ ပူးပေါင်းမည်


Pheu Thai ပါတီ ဦးဆောင်သူတွေ
Pheu Thai ပါတီ ဦးဆောင်သူတွေ

ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ကနဦးရလဒ်တွေအရ မဲအများစုနဲ့ အနိုင်ရထားတဲ့ Move Forward ပါတီက ညွန့်ပေါင်းအစိုးရ ဖွဲ့မယ့် အစီအစဉ်မှာ ပူးပေါင်းမယ့်အကြောင်း အဓိက အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ Pheu Thai ပါတီက ပြောလိုက်ပါတယ်။

“လူထုထောက်ခံမှု အများစုရခဲ့တဲ့ Move Forward ပါတီကို ထောက်ခံပါတယ်။ အစိုးရဖွဲ့ဖို့ကိုလည်း ထောက်ခံပါတယ်။” လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ခ်ဆင် ရှင်နာဝပ် ရဲ့ သမီးဖြစ်သူ Pheu Thai ပါတီခေါင်းဆောင် Paetongtarn Shinawatra (ပယ်ထုန်တန် ရှင်နာဝပ်) ကပြောသွားတာပါ။

အခု မဲအများစု အနိုင်ရထားတဲ့ Move Forward ပါတီနဲ့ Pheu Thai ပါတီတို့ဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မဟာမိတ်ဖွဲ့ထားတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ အမတ်နေရာ ၁၅၀ ကျော် အနိုင်ရထားတဲ့ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat (ဖီထာ လဲမ်ဂျာရိုရတ်) ကတော့ ၆ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ဒီကနေ့ပဲ ကြေညာခဲ့တာပါ။ Move Forward ပါတီဟာ လက်ရှိအချိန်အထိ မဲတွေရေတွက်ပြီးသမျှ တပါတီထဲအနေနဲ့ အမတ်နေရာ အများဆုံးရထားတဲ့ ပါတီဖြစ်ပါတယ်။

အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် ရွေးကောက်ပွဲအပြီး နောက်တနေ့မှာ ပထမဆုံးအကြိမ် အများပြည်သူရှေ့ထွက်ပြီး ရွေးကောက်ပွဲအောင်နိုင်ကြောင်း ပြောဆိုတဲ့ မိန့်ခွန်းမှာ ပါတီခေါင်းဆောင် ဖီထာက အဲဒီလို ပြောလိုက်တာပါ။ ရွေးကောက်ပွဲမတိုင်ခင် သီတင်း ၂ ပတ်လောက်အထိ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေမှာ Pheu Thai ပါတီက ဦးဆောင်နေခဲ့ရာက မနေ့က မဲပေးအပြီး ဒီကနေ့ထွက်လာတဲ့ ရလဒ်မှာတော့ Move Forward ပါတီက အမတ်နေရာ အများဆုံးရခဲ့တာ ဖြစ်ပါတယ်။

ညွန့်ပေါင်းအစိုးရမှာ ပူးပေါင်းဖို့ စီစဉ်ထားတဲ့ အထဲမှာ Pheu Thai ပါတီအပြင်၊ လက်ရှိ ထိုင်းဒုဝန်ကြီးချုပ် Prawit Wongsuwan (ပရာဝပ် ဝန်ဆူဝန်) ဦးဆောင်တဲ့ Palang Prachachat ပါတီ၊ Pheu Thai ပါတီက ခွဲထွက်သွားတဲ့ Thai Sang Thai ပါတီနဲ့ ထိုင်းလစ်ဘရယ်ပါတီ (TLP) လို့ လူသိများတဲ့ Seri Ruam Thai ပါတီတို့ ဖြစ်ကြပါတယ်။ တခြားပါတီတွေကိုလည်း ညွန့်ပေါင်းအစိုးရမှာ ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG