သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးရထားတဲ့ Move Forward ပါတီ ညွန့်ပေါင်းဖွဲ့ဖို့ ပြင်ဆင်


ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖီထာ လဲမ်ဂျာရိုရတ်
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖီထာ လဲမ်ဂျာရိုရတ်

မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ အမတ်နေရာ ၁၅၀ ကျော် အနိုင်ရထားတဲ့ Move Forward ပါတီခေါင်းဆောင် ဖီထာ လဲမ်ဂျာရိုရတ် (Pita Limjaroenrat) က ၆ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့သွားမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ Move Forward ပါတီဟာ လက်ရှိအချိန်အထိ မဲတွေရေတွက်ပြီးသမျှ အမတ်နေရာ အများဆုံးရထားတဲ့ ပါတီဖြစ်ပါတယ်။

အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက်မဲပေးကြတဲ့ ရွေးကောက်ပွဲအပြီး နောက်တနေ့မှာ ပထမဆုံးအကြိမ် အများပြည်သူရှေ့ထွက်ပြီး ရွေးကောက်ပွဲအောင်နိုင်ကြောင်း ပြောဆိုတဲ့ မိန့်ခွန်းမှာ ပါတီခေါင်းဆောင် ဖီထာက အဲဒီလို ပြောလိုက်တာပါ။

Move Forward ပါတီနဲ့ အရင်ထိုင်း ဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရဲ့သမီး Paetongtarn Shinawatra ဦးဆောင်တဲ့ Pheu Thai ပါတီတို့ဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မဟာမိတ်ဖွဲ့ထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် သီတင်း ၂ ပတ်လောက်အထိ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေမှာ Pheu Thai ပါတီက ဦးဆောင်နေခဲ့ရာက မနေ့က မဲပေးအပြီး ဒီကနေ့ထွက်လာတဲ့ ရလဒ်မှာတော့ Move Forward ပါတီက အမတ်နေရာ အများဆုံးရနေတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သူက ဦးဆောင် ခေါ်ယူတာ ဖြစ်ပါတယ်။

ညွန့်ပေါင်းအစိုးရမှာပါမယ့် တခြား ၅ ပါတီကတော့ ဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရဲ့သမီး ဦးဆောင်တဲ့ Pheu Thai ပါတီ၊ လက်ရှိ ထိုင်းဒုဝန်ကြီးချုပ် Prawit Wongsuwan ဦးဆောင်တဲ့ Palang Prachachat ပါတီ၊ Pheu Thai ပါတီက ခွဲထွက်သွားတဲ့ Thai Sang Thai ပါတီနဲ့ ထိုင်းလစ်ဘရယ်ပါတီ (TLP) လို့ လူသိများတဲ့ Seri Ruam Thai ပါတီတို့ ဖြစ်ကြပါတယ်။ တခြားပါတီတွေကိုလည်း သူ့ညွန့်ပေါင်းအစိုးရမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်နေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG