သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အစောပိုင်းရလဒ် Pheu Thai ပါတီက ဦးဆောင်နေ


လက်ရှိမဲရေတွက်မှုရလဒ်အရ ထိပ်ကဦးဆောင်နေတဲ့ Pheu Thai Party ရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း Paetongtarn Shinawatra (မေ ၁၄၊ ၂၀၂၃)
လက်ရှိမဲရေတွက်မှုရလဒ်အရ ထိပ်ကဦးဆောင်နေတဲ့ Pheu Thai Party ရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း Paetongtarn Shinawatra (မေ ၁၄၊ ၂၀၂၃)

တနင်္ဂနွေနေ့ကကျင်းပတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ အစောပိုင်း မဲရေတွက်မှုတွေအရ အတိုက်အခံ Pheu Thai ပါတီက ထိပ်ကဦးဆောင်နေပြီး ထိုင်းလူငယ်တွေကြား ရေပန်းစားတဲ့ Move Forward Party က ဒုတိယနေရာမှာ ဦးဆောင်နေပါတယ်။

၂၀၁၄ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီး ဝန်ကြီးချုပ် Prayuth Chan-ocha က ၉ နှစ်အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အခုတကြိမ်ရွေးကောက်ပွဲဟာ ဒီမိုကရေစီစမ်းသပ်မှုအဖြစ်ရော ထိုင်းနိုင်ငံရေးအလှည့်အပြောင်းအတွက်ပါ အရေးပါတဲ့ ရွေးကောက်ပွဲအဖြစ် လေ့လာသူတွေက သတ်မှတ်ကြပါတယ်။ မဲအသာရနေတဲ့ Pheu Thai ပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားခံရသူလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးအငယ်ဆုံးလည်းဖြစ်သူ Paetongtarn Shinawatra ကတော့ မဲရလဒ်အပေါ် သတိကြီးကြီးထားပြောဆိုပြီး မနက်ဖြန် တရားဝင်ရလဒ်ကို စောင့်ကြည့်ဖို့ သူ့ထောက်ခံသူတွေကို ပြောပါတယ်။

လတ်တလောမဲရေတွက်မှုအရ ဒုတိယအများစုနိုင်ထားတဲ့ Move Forward ပါတီက နောက်ဆုံးရလဒ်မှာ မဲအများစုရရင် ညွန်ပေါင်းအစိုးရဖွဲ့နိုင်ခွင့်ရှိတယ်လို့ Pheu Thai ပါတီ နောက်ခေါင်းဆောင်တဦးက ပြောပါတယ်။

အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွှတ်တော်နေရာတွေမှာ လက်ရှိတော့ Pheu Thai Party က အများစုနဲ့ဦးဆောင်ထားတာပါ။ လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha ပါတီကတော့ အတော် ပြတ်ကျန်ခဲ့ပါတယ်။ ဒီပုံစံအရဆိုရင်တော့ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကိုဆန့်ကျင်တဲ့ Pheu Thai ပါတီနဲ့ Move Forward ပါတီတို့ပေါင်းပြီး ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့ရမယ့်အနေအထားဖြစ်တယ်လို့ Move Forward ပါတီ ခေါင်းဆောင်က ပြောပါတယ်။

Pheu Thai ပါတီကတော့ ယခင်အာဏာသိမ်းခံရတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ အဆက်အနွယ်တွေဖြစ်သလို Move Forward ပါတီကတော့ အလွန်အမင်း ရှေးရိုးစွဲဆန်မှုကိုစိန်ခေါ်ပြီး တိုးတက်တဲ့အမြင်အယူအဆတွေကြောင့် ထိုင်းလူငယ်တွေကြား လူကြိုက်များခဲ့ပါတယ်။ ဝန်ကြီးချုပ်ရာထူးကိုတော့ အထက်နဲ့အောက်လွှတ်တော်ပေါင်းပြီး ဇူလိုင်လမှာ ရွေးချယ်ကြရမှာပါ။

ဝန်ကြီးချုပ်ဖြစ်လာဖို့ အထက်/အောက် လွှတ်တော်နှစ်ရပ်ရဲ့မဲ ၃၇၆ မဲ အနည်းဆုံးရရှိရမှာဖြစ်တာမို့ ပါတီတခုတည်းမဲနေရာနဲ့တော့ ရွေးချယ်နိုင်ခြေမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG