သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ဆင့်သမီး ပီသွန်ထရန် ရှင်နာဝပ် ဝန်ကြီးချုပ်ရာထူး ဝင်ပြိုင်မည်


 ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ် ရဲ့သမီး ပီသွန်ထရန် ရှင်နာဝပ် (အလယ်) (ဧပြီ ၅၊ ၂၀၂၃)  
 ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ် ရဲ့သမီး ပီသွန်ထရန် ရှင်နာဝပ် (အလယ်) (ဧပြီ ၅၊ ၂၀၂၃)  


{{Zawgyi/Unicode}}

ထိုင်းဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အကြောင်း ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့သမီး Paetongtran Shinawatra က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပြီး တကယ်လို့ အနိုင်ရမယ်ဆိုရင်တော့ ထိုင်းနိုင်ငံသား အားလုံးကို ငွေကြေးထောက်ပံ့မှုနဲ့ နေ့စဉ်လုပ်အားခတိုးမြှင့်မယ်လို့လည်း ကတိပြုလိုက်ပါတယ်။

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံး နိုင်ငံရေးမိသားစု ဝင်ရောက်ယှဉ်ပြိုင်မှုဟာဆိုရင် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ စစ်တပ်ထံကနေ ဒီမိုကရေစီပါတီတွေ အာဏာပြန်ရမလားဆိုတာမှာ အရေးကြီးတဲ့အချက်လို့လည်း ရှုမြင်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အစွန်းအထင်းဖြစ်ရတဲ့ စစ်အာဏာသိမ်းမှုတွေထဲမှာ ၂ ခုကတော့ Shinawatra မိသားစုဝင် ဝန်ကြီးချုပ်တွေဆီကနေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

Paetongtran ရဲ့အဒေါ်ဖြစ်သူ Yingluck Shinawatra ရဲ့ အစိုးရကိုဖြုတ်ချတဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ အသက် ၆၉ နှစ် အရွယ် စစ်တပ်အကြီးအကဲဟောင်း Prayuth Chan-ocha က စစ်တပ်ထောက်ခံတဲ့အစိုးရကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေအပြီးမှာ ဝန်ကြီးချုပ်ပြန်ဖြစ်ဖို့ကတော့ Prayuth အနေနဲ့ အနည်းစုအစိုးရ တရပ်အပေါ်အားထားဖို့ လိုအပ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ သူ ရွေးချယ်ထားတဲ့ ရွေးကောက်ခံစရာမလိုတဲ့ အထက်လွှတ်တော်က အမတ် ၂၅၀ ရဲ့ ထောက်ခံမှုကိုတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ အသက် ၃၆ နှစ် အရွယ် Paetongtarn နဲ့ သူမရဲ့ Pheu Thai အတိုက်အခံပါတီက လက်ရှိဝန်ကြီးချုပ် Prayuth အတွက် အကြီးမားဆုံးအတားအဆီး ဖြစ်နေပါတယ်။

ဒီမိုကရေစီနဲ့ ဆယ်စုနှစ်တခုနီးပါးကြာ ဆုံးရှုံးနေရတဲ့ဘဝတွေကို ပြန်ပြီးရယူနိုင်ရေးအတွက် အချင်းချင်း ယိုင်းပင်းကူညီကြမယ်လို့လည်း Paetongtran Shinawatra က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ဘန်ကောက်ကကစားကွင်းမှာ စုစည်းရောက်ရှိလာတဲ့ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}







XS
SM
MD
LG