သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဆိုင်ရာ သဘောတူမှု ရရှိ


ဖိလစ်ပိုင်လွှတ်တော်မှာ ဂျပန်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားစဥ်၊ နိုဝင်ဘာ ၄၊ ၂၀၂၃
ဖိလစ်ပိုင်လွှတ်တော်မှာ ဂျပန်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားစဥ်၊ နိုဝင်ဘာ ၄၊ ၂၀၂၃

ရေပိုင်နက်နယ်နိမိတ်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲ တရုတ်ရဲ့ ချဲ့ထွင်မှုတိုးလာချိန်မှာ ဂျပန်နဲ့ ဖိလစ်ပိုင်ကြား ကာကွယ်ရေးဆိုင်ရာသဘောတူညီမှုသစ် ရရှိခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ကြေညာခဲ့ပါ တယ်။ ဖိလစ်ပိုင်လွှတ်တော်မှာ ပထမဆုံးဂျပန်ဝန်ကြီးချုပ်အဖြစ်မိန့်ခွန်းပြောကြားစဉ်မှာ ဝန်ကြီးချုပ် Fumio Kishida က ကြေညာခဲ့တာဖြစ်ပါတယ်။

OSA ခေါ် လုံခြုံရေးဆိုင်ရာ တရားဝင်အကူအညီပေးရေး သဘောတူညီချက်အရ ဖိလစ်ပိုင်စစ်တပ်အ တွက် ဂျပန်က ကမ်းရိုးတမ်းလုံခြုံရေးအတွက် ထောက်လှမ်းရေဒါတွေပေးဖို့ ဖိလစ်ပိုင်သမ္မတနဲ့ သဘော တူညီခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ လုံခြုံရေး တိုးတက်ဖို့နဲ့ ဒေသ တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဂျပန်ကဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင် လွှတ်တော် ၂ ရပ်ပေါင်းကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဂျပန်ဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပါတယ်။

ဂျပန်နဲ့ ဖိလစ်ပိုင်တပ်တွေ အပြန်အလှန် ပိုင်နက်တွေ ထဲဝင်ရောက်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နိုင်ရေး အတွက် အရေးပါတဲ့ ကာကွယ်ရေးသဘောတူညီမှုရဖို့ ညှိနှိုင်းမှုတွေ စတင်နိုင်ရေးကိုလည်း ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. နဲ့ သဘောတူညီခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Kishida ကပြောကြားပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ လတ်တလောနှစ်တွေအတွင်း ဂျပန်က ကင်းလှည့်ရေ ယာဉ် ၁ ဒါဇင်လောက် ဖိလစ်ပိုင်ကို ပေးခဲ့ပါတယ်။ ဂျပန်နဲ့ တရုတ်နိုင်ငံကြားမှာလည်း အရှေ့တရုတ် ပင်လယ်ထဲမှာ ရေနယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG