(Zawgyi / Unicode)
ရာထူးက အနားယူေတာ့မယ့္ ဖိလစ္ပိုင္သမၼတ Rodrigo Duterte ရဲ႕သမီးျဖစ္သူ Sara Duterte ဟာ ၂၀၂၂ ခုႏွစ္ ေရြးေကာက္ပြဲမွာ ဒုသမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ အစိုးရရဲ႕ ေရြးေကာက္ပြဲေကာ္မရွင္က ဒီကေန႔ေျပာတဲ့အေၾကာင္း AFP သတင္းတပုဒ္မွာ ေရးထားပါတယ္။
သူ ေရြးေကာက္ပြဲဝင္မယ့္အေပၚ လအေတာ္ၾကာ ခန္႔မွန္းခ်က္ေတြ ထြက္ခဲ့ၿပီးတဲ့ေနာက္ တရားဝင္ေၾကညာခ်က္ ထြက္လာတာပါ။
သမီးျဖစ္သူ Duterte ဟာ ႏုိင္ငံရဲ႕ ဒုတိယအျမင့္ဆံုး ရာထူးတာဝန္အတြက္ ေရြးေကာက္ပြဲဝင္မယ္လုိ႔ ေရြးေကာက္ပြဲေကာ္မရွင္က သူတို႔ရဲ႕ ေဖ့စ္ဘုတ္မွာ ေၾကညာခဲ့တာပါ။
"ၿမိဳ႕ေတာ္ဝန္ Inday Sara Duterte ဟာ ဒုတိယသမၼတေနရာအတြက္ Lakas-CMD ပါတီကို ကိုယ္စားျပဳၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္အေၾကာင္း သူ႔ကိုယ္စားလွယ္ကေနတဆင့္ ကိုယ္စားလွယ္ေလာင္ငး ေလွ်ာက္လႊာ တင္သြင္းထားပါတယ္" လို႔ သူ႔ရဲ႕ေျပာခြင့္ရ Christina Garcia Frasco ကလည္း ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။
ေရွ႕ႏွစ္ ေမလမွာ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ အမည္စာရင္း တင္သြင္းရမယ့္ ေနာက္ဆံုးရက္ျဖစ္တဲ့ ႏုိဝင္ဘာလ ၁၅ ရက္ မတိုင္ခင္ေလးမွာပဲ သမီး Duterte ေရြးေကာက္ပြဲဝင္မယ့္ ဆံုးျဖတ္ခ်က္ ထြက္လာတာပါ။
သမၼတေနရာအတြက္ ေရြးေကာက္ပြဲဝင္မယ့္ Ferdinand Marcos Jr. က သမီး Duterte ကို ဒုသမၼတေလာင္းအျဖစ္ ခ်က္ခ်င္းပဲ ေထာက္ခံခ်က္ ေပးခဲ့ပါတယ္။ သူဟာ ဖိလစ္ပိုင္ အာဏာရွင္ေဟာင္း Ferdinand Marcos ရဲ႕သား ျဖစ္ပါတယ္။
-----------------------
(Unicode)
ဖိလစ်ပိုင်သမ္မတ Duterte ရဲ့ သမီးဖြစ်သူ ဒုသမ္မတနေရာအတွက် ရွေးကောက်ပွဲဝင်မယ်
ရာထူးက အနားယူတော့မယ့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့သမီးဖြစ်သူ Sara Duterte ဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ပြောတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
သူ ရွေးကောက်ပွဲဝင်မယ့်အပေါ် လအတော်ကြာ ခန့်မှန်းချက်တွေ ထွက်ခဲ့ပြီးတဲ့နောက် တရားဝင်ကြေညာချက် ထွက်လာတာပါ။
သမီးဖြစ်သူ Duterte ဟာ နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး ရာထူးတာဝန်အတွက် ရွေးကောက်ပွဲဝင်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က သူတို့ရဲ့ ဖေ့စ်ဘုတ်မှာ ကြေညာခဲ့တာပါ။
"မြို့တော်ဝန် Inday Sara Duterte ဟာ ဒုတိယသမ္မတနေရာအတွက် Lakas-CMD ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း သူ့ကိုယ်စားလှယ်ကနေတဆင့် ကိုယ်စားလှယ်လောင်ငး လျှောက်လွှာ တင်သွင်းထားပါတယ်" လို့ သူ့ရဲ့ပြောခွင့်ရ Christina Garcia Frasco ကလည်း ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
ရှေ့နှစ် မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ဖြစ်တဲ့ နိုဝင်ဘာလ ၁၅ ရက် မတိုင်ခင်လေးမှာပဲ သမီး Duterte ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက် ထွက်လာတာပါ။
သမ္မတနေရာအတွက် ရွေးကောက်ပွဲဝင်မယ့် Ferdinand Marcos Jr. က သမီး Duterte ကို ဒုသမ္မတလောင်းအဖြစ် ချက်ချင်းပဲ ထောက်ခံချက် ပေးခဲ့ပါတယ်။ သူဟာ ဖိလစ်ပိုင် အာဏာရှင်ဟောင်း Ferdinand Marcos ရဲ့သား ဖြစ်ပါတယ်။