သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ Duterte နိုင်ငံရေးက အနားယူမယ် ကြေညာ


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte. (စက်တင်ဘာ ၂၁၊ ၂၀၂၁)
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte. (စက်တင်ဘာ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ရုတ်တရက်ထ ကြေညာလိုက်ပါတယ်။

ဒါကြောင့် သူ့သမီးအနေနဲ့ သမ္မတနေရာဆက်ခံရေး ဝင်ပြိုင်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ မထင်မှတ်တဲ့ ကြိုးပမ်းမှုလားလို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။

သမ္မတ Duterte က နိုင်ငံရေးကနေ အနားယူဖို့ ကြေညာလိုက်ပါတယ်လို့ ဒုသမ္မတနေရာ ဝင်ပြိုင်ဖို့ ဒီနေ့စာရင်းသွင်းခဲ့တဲ့ သူ့သစ္စာခံ အထက်လွှတ်တော်အမတ် Christopher Bong Go နဲ့ အတူတွဲပြီး ဒီနေ့ ပြောလိုက်ပါတယ်။

ဖွဲ့စည်းပုံဥပဒေအရ ၆ နှစ်သက်တမ်းတခုပဲ ပေးထားတဲ့ သမ္မတနေရာ ဆက်ပြိုင်ခွင့် မရှိတော့တာကြောင့် ဒုသမ္မတနေရာ ဝင်ပြိုင်မယ်လို့ အရင်ပြောခဲ့ဖူးတဲ့ သမ္မတ Duterte အခုလို ပြောလာတာက သမီး Sara Duterte ဝင်ပြိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာပါလို့ Ateneo de Manila တက္ကသိုလ် ဥပဒေနဲ့ နိုင်ငံရေးပါမောက္ခ Antonio La Vina က ဆိုပါတယ်။

Duterte သမ္မတမဖြစ်ခင် ရခဲ့တဲ့ Davao မြို့ဝန်နေရာကို ဆက်ခံထားတဲ့ သမီး Duterte ကလည်း အရင်တုန်းကတော့ လာမယ့်နှစ် သမ္မတနေရာ ဝင်ပြိုင်မှာမဟုတ်ဘူး၊ သူတို့ ၂ ဦးထဲက တဦးပဲ တိုင်းပြည်ဦးဆောင်သင့်တယ်လို့ အဖေနဲ့ သဘောတူခဲ့လို့ပါလို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း မူးယစ်နှိမ်နင်းရင်း လူထောင်ချီသတ်ခဲ့တာအတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားစွဲခံထားရတဲ့ သမ္မတ Duterte အနေနဲ့ ရှေ့ရေးလုံခြုံမှု သေချာအောင် ရွေးကောက်ပွဲနီးမှ ဒုသမ္မတနေရာ ပြောင်းပြီး ဝင်ပြိုင်တာလည်း လုပ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ဆက် ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------

(Unicode)








XS
SM
MD
LG