သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံအစည်းအဝေး ဖိလစ်ပိုင်သမ္မတ တက်မှာမဟုတ်

{{Zawgyi/Unicode}}

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ လာမယ့် ဧပြီလ ၂၄ ရက်နေ့ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေး အာဆီယံ အရေးပေါ် စည်းဝေးပွဲကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte တက်မှာမဟုတ်ဘူးလို့ သမ္မတရဲ့ပြောခွင့်ရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စနေနေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဒီစည်းဝေးပွဲမှာ အာဆီယံခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ဆွေးနွေးကြမှာဖြစ်တဲ့အတွက် သမ္မတ Duterte အနေနဲ့ မတက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သမ္မတရဲ့ ပြောခွင့်ရ Harry Rogue က ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin တက်မယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း ပြေလည်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့ မြန်မာနိုင်ငံကို သွားရောက်မယ့်ခရီးစဉ်ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အပြည့်အ၀ ထောက်ခံကြောင်း ပြောပါတယ်။

ဒီစည်းဝေးပွဲကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတဲ့အကြောင်း ဂျပန် Nikkei သတင်းဌာနက ပြီးခဲ့တဲ့ရက်မှာ ရေးထားသလို မလေးရှားနဲ့ ထိုင်းတို့ကလည်း ပြောထားပါတယ်။

ဒါပေမယ့်လည်း လူကိုယ်တိုင်တက်မှာလား၊ ဗွီဒီယိုဆက်သွယ်ရေးကတဆင့် တက်မှာလားဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းခဲ့ပါတယ်။

.........................................

{{Unicode}}






This item is part of
XS
SM
MD
LG