(Zawgyi / Unicode)
ဖိလစ္ပိုင္ႏုိင္ငံက ကမာၻေက်ာ္လက္ေဝွ႔သမားျဖစ္တဲ့ အထက္လႊတ္ေတာ္အမတ္ Manny Pacquiao က သူဟာ လာမယ့္ ၂၀၂၂ ဖိလစ္ပိုင္သမၼတေရြးေကာက္ပြဲမွာ သမၼတေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။
“က်ေနာ္ဟာ တိုက္ခိုက္ေရးသမား တေယာက္ပါ။ ႀကိဳးဝိုင္းထဲမွာေရာ ႀကိဳးဝိုင္းျပင္ပမွာပါ အၿမဲတိုက္ခိုက္မယ့္သူတေယာက္ပါ။” လို႔ ေျပာသြားတာပါ။
ဒါ့အျပင္ သူ႔ကို ဖိလစ္ပိုင္ႏိုင္ငံရဲ႕ သမၼတေလာင္းအျဖစ္ PDP-Laban ပါတီ ကိုယ္စားျပဳၿပီး ပါဝင္ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္း တင္သြင္းတာကို လက္ခံေၾကာင္းလည္း ပါတီညီလာခံမွာ သူက ေျပာၾကားခဲ့ပါတယ္။
အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္တဲ့ Pacquiao ဟာ PDP-Laban ပါတီ ဥကၠ႒ျဖစ္ၿပီး ဒီပါတီကို သူနဲ႔ အထက္လႊတ္ေတာ္အမတ္ Aquilino "Koko" Pimentel III တို႔က ဦးေဆာင္ေနတာ ျဖစ္ပါတယ္။ သူဟာ ဖိလစ္ပိုင္ျပည္သားတေယာက္ အေနနဲ႔ မွန္ကန္တဲ့ အစိုးရ အေျပာင္းအလဲတရပ္ လိုခ်င္ေနတာ ၾကာၿပီျဖစ္ၿပီး သူ႔လို အစိုးရအေျပာင္းအလဲ လိုခ်င္သူေတြအေနနဲ႔ သူ႔ကို ရဲရဲဝံ့ဝံ့ ေထာက္ခံအားေပးၾကဖို႔လည္း ပန္ၾကားခဲ့ပါတယ္။
ဒီပါတီက ေနာက္အဖြဲ႔တဖြဲ႔က လက္ရွိသမၼတ Rodrigo Duterte ကို ဒုသမၼတအျဖစ္၊ သမၼတ Duterte ရဲ႕ လက္ေထာက္ေဟာင္းျဖစ္တဲ့ အထက္လႊတ္ေတာ္အမတ္ Bong Go ကို သမၼတအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္း တင္သြင္းခဲ့တာ ျဖစ္ပါတယ္။
သမၼတ Duterte က ဒီလို အမည္စာရင္း တင္သြင္းတာကို လက္ခံေပမယ့္ Go ကေတာ့ သမၼတအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ လက္မခံပါဘူး။ ဖိလစ္ပိုင္ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ Duterte ဟာ ဒုတိယသမၼတသက္တမ္း ၆ ႏွစ္အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မရွိပါဘူး။
-----------------------
(Unicode)
ကမ္ဘာကျော်လက်ဝှေ့သမား Manny Pacquiao ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်
ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်တဲ့ အထက်လွှတ်တော်အမတ် Manny Pacquiao က သူဟာ လာမယ့် ၂၀၂၂ ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
“ကျနော်ဟာ တိုက်ခိုက်ရေးသမား တယောက်ပါ။ ကြိုးဝိုင်းထဲမှာရော ကြိုးဝိုင်းပြင်ပမှာပါ အမြဲတိုက်ခိုက်မယ့်သူတယောက်ပါ။” လို့ ပြောသွားတာပါ။
ဒါ့အပြင် သူ့ကို ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတလောင်းအဖြစ် PDP-Laban ပါတီ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းတာကို လက်ခံကြောင်းလည်း ပါတီညီလာခံမှာ သူက ပြောကြားခဲ့ပါတယ်။
အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Pacquiao ဟာ PDP-Laban ပါတီ ဥက္ကဋ္ဌဖြစ်ပြီး ဒီပါတီကို သူနဲ့ အထက်လွှတ်တော်အမတ် Aquilino "Koko" Pimentel III တို့က ဦးဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်ပြည်သားတယောက် အနေနဲ့ မှန်ကန်တဲ့ အစိုးရ အပြောင်းအလဲတရပ် လိုချင်နေတာ ကြာပြီဖြစ်ပြီး သူ့လို အစိုးရအပြောင်းအလဲ လိုချင်သူတွေအနေနဲ့ သူ့ကို ရဲရဲဝံ့ဝံ့ ထောက်ခံအားပေးကြဖို့လည်း ပန်ကြားခဲ့ပါတယ်။
ဒီပါတီက နောက်အဖွဲ့တဖွဲ့က လက်ရှိသမ္မတ Rodrigo Duterte ကို ဒုသမ္မတအဖြစ်၊ သမ္မတ Duterte ရဲ့ လက်ထောက်ဟောင်းဖြစ်တဲ့ အထက်လွှတ်တော်အမတ် Bong Go ကို သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
သမ္မတ Duterte က ဒီလို အမည်စာရင်း တင်သွင်းတာကို လက်ခံပေမယ့် Go ကတော့ သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ လက်မခံပါဘူး။ ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ Duterte ဟာ ဒုတိယသမ္မတသက်တမ်း ၆ နှစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါဘူး။