သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတဟောင်း Benigno Aquino ကွယ်လွန်


၂၀၁၀ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ကျမ်းသစ္စာ ကြိမ်ဆိုပွဲတွင် သမ္မတ Benigno Aquino လက်ဝှေ့ရမ်းပြ နေခဲ့စဉ် (ဓာတ်ပုံ - AFP)
၂၀၁၀ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ကျမ်းသစ္စာ ကြိမ်ဆိုပွဲတွင် သမ္မတ Benigno Aquino လက်ဝှေ့ရမ်းပြ နေခဲ့စဉ် (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

အသက် ၆၁ နှစ်အရွယ် ဖိလစ်ပိုင်သမ္မတဟောင်း Benigno Aquino ဟာ မနီလာမြို့တော်အနီးက Capital ဆေးရုံမှာ ဒီနေ့ ကွယ်လွန်သွားခဲ့ပါတယ်။ Noynoy လို့ အများက ခေါ်ကြတဲ့ သမ္မတဟောင်း Benigno Aquino ဟာ ဖိလစ်ပိုင်မှာ အာဏာရှင်ဟောင်း Ferdinand Marcos ကို ဖြုတ်ချခဲ့တဲ့ ပြည်သူ့ အာဏာတော်လှန်ရေး ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် သမ္မတဟောင်း Corazon Aquino ရဲ့ သား ဖြစ်ပါတယ်။

မိခင်ဖြစ်သူ သမ္မတဟောင်း Corazon Aquino ကွယ်လွန် ပြီးတဲ့နောက် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သူက ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၅ ယောက်မြောက် သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူ့ရဲ့ဖခင် အတိုက်အခံခေါင်းဆောင် အထက်လွှတ်တော်အမတ်ဟောင်း Benigno Ninoy Aquino ကတော့ ၁၉၈၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံကို ပြန်အလာ မနီလာလေဆိပ်မှာ လုပ်ကြံခံခဲ့ရပါတယ်။

အခု သမ္မတဟောင်း Benigno Aquino သေဆုံးရတဲ့အကြောင်းရင်း အတိအကျကိုတော့ မိသားစုတွေက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ သမ္မတဟောင်း Benigno Aquino ဟာ ကျောက်ကပ်ဆေးနေရပြီး ကျောက်ကပ် အစားထိုးကုသဖို့လည်း ပြင်ဆင်နေတယ်လို့တော့ သူ့ရဲ့ အစိုးရအဖွဲ့ ဝန်ကြီးဟောင်းတဦးကတော့ ပြောပါတယ်။

Benigno Aquino ကို ဖိလစ်ပိုင်ပြည်သူအများစုက နိုင်ငံရေးအစဉ်အလာနဲ့ သြဇာကြီးတဲ့ မိသားစုက ပေါက်ဖွားလာသူ၊ လာဘ်ပေးလာဘ်ယူမှုကင်းသူ၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်သူ၊ နှိမ့်နှိမ့်ချချနေသူအဖြစ် သတ်မှတ်ထားကြပါတယ်။

........................................................................................





XS
SM
MD
LG