သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္မုန္တိုင္းေၾကာင့္ ေသဆံုးရသူ ၁၅၀ ခန္႔ ရွိသြားၿပီ


ဖိလစ္ပုိင္မွာ တုိင္ဖုန္းမုန္တုိင္းေၾကာင့္ ပ်က္စီးသြားတဲ့ ေနအိမ္အေဆာက္အဦမ်ား။ (ဒီဇင္ဘာ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ဖိလစ္ပိုင္ႏိုင္ငံမွာ ဒီႏွစ္ထဲ အျပင္းထန္ဆံုး တိုက္ခတ္တဲ့ တိုင္ဖုန္းမုန္တိုင္း Rai ေၾကာင့္ ေသဆံုးရသူဟာ အခုအခ်ိန္အထိဆို အနည္းဆံုး ၁၄၆ ေယာက္ ရွိေနၿပီလို႔ ဖိလစ္ပိုင္အစိုးရက ေျပာပါတယ္။

ဖိလစ္ပိုင္အလယ္ပိုင္း Bohol ျပည္နယ္ဟာ အထိအနာဆံုးျဖစ္ၿပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Arthur Yap က သူတို႔ျပည္နယ္ထဲမွာ ခုခ်ိန္ထိ ေသဆံုးရသူ ၇၂ ဦးရွိၿပီး ေပ်ာက္ဆံုးသူက ၁၀ ဦး ရွိေနတယ္လို႔ ေျပာပါတယ္။ ျပည္နယ္တြင္း ၿမိဳ႕ေပါင္း ၄၈ ၿမိဳ႕ထဲက ၃၃ ၿမိဳ႕နဲ႔ပဲ အဆက္အသြယ္ ရေသးတာျဖစ္ၿပီး မုန္တိုင္းေၾကာင့္ အဆက္အသြယ္ ျပတ္ေတာက္ေနတဲ့အတြက္ ေသဆံုးသူအေရအတြက္ ခုထက္ပိုမ်ားလာဖို႔ ရွိတယ္လို႔လည္း ေျပာပါတယ္။

မုန္တိုင္းေနာက္ဆက္တြဲ ေရႀကီးမႈေတြ၊ ေျမၿပိဳမႈေတြေၾကာင့္ ေသဆံုးဒဏ္ရာရသူေတြ ရွိေနတာပါ။ ဒါ့အျပင္ မုန္တိုင္းဒဏ္ ခံရသူေတြအတြက္ စားနပ္ရိကၡာနဲ႔ ေသာက္သံုးေရေတြ လိုအပ္ေနေၾကာင္းလည္း ေျပာပါတယ္။

ၾကာသပေတးနဲ႔ ေသာၾကာေန႔ေတြမွာ တိုက္ခတ္ခဲ့တဲ့ ဒီမုန္တိုင္းဟာ ဖိလစ္ပိုင္ႏုိင္ငံမွာ လူေပါင္း ၈ သိန္းနီးပါးကို သက္ေရာက္ေစခဲ့တာျဖစ္ၿပီး လူေပါင္း ၃ သိန္းေလာက္ကေတာ့ ေဘးလြတ္ရာ ေရွာင္ေျပးခဲ့ရတယ္လို႔ ဖိလစ္ပိုင္အစိုးရက ေျပာပါတယ္။

ဖိလစ္ပိုင္သမၼတ Rodrigo Duterte ဟာ စေနေန႔က မုန္တိုင္းသင့္ေဒသကို သြားေရာက္ခဲ့ၿပီး အေမရိကန္ေဒၚလာ သန္း ၄၀ နဲ႔ညီမွ်တဲ့ ဖိလစ္ပိုင္ေငြ Pesos ၂ ဘီလီယံ ေထာက္ပံ့မယ္လို႔ ကတိျပဳခဲ့တာပါ။

ပစိဖိတ္သမုဒၵရာနဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပင္ၾကားမွာ ရွိတဲ့ ဖိလစ္ပုိင္ႏိုင္ငံမွာ တိုင္ဖုန္းမုန္တိုင္း Rai ဟာ ေလတိုက္ႏႈန္း တနာရီကို မိုင္ ၁၂၀ ကေန ၁၇၀ နီးပါးနဲ႔ တိုက္ခတ္ခဲ့တာျဖစ္ၿပီး ဒါဟာ မၾကာခင္ႏွစ္ေတြအတြင္း အျပင္းထန္ဆံုး မုန္တိုင္းတခု ျဖစ္ခဲ့တာပါ။ ဖိလစ္ပိုင္မွာ ႏွစ္စဥ္ မုန္တိုင္း အႀကိမ္ ၂၀ ေလာက္ တိုက္ခတ္ေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဖိလစ်ပိုင်မုန်တိုင်းကြောင့် သေဆုံးရသူ ၁၅၀ ခန့် ရှိသွားပြီ

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှစ်ထဲ အပြင်းထန်ဆုံး တိုက်ခတ်တဲ့ တိုင်ဖုန်းမုန်တိုင်း Rai ကြောင့် သေဆုံးရသူဟာ အခုအချိန်အထိဆို အနည်းဆုံး ၁၄၆ ယောက် ရှိနေပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ဖိလစ်ပိုင်အလယ်ပိုင်း Bohol ပြည်နယ်ဟာ အထိအနာဆုံးဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး Arthur Yap က သူတို့ပြည်နယ်ထဲမှာ ခုချိန်ထိ သေဆုံးရသူ ၇၂ ဦးရှိပြီး ပျောက်ဆုံးသူက ၁၀ ဦး ရှိနေတယ်လို့ ပြောပါတယ်။ ပြည်နယ်တွင်း မြို့ပေါင်း ၄၈ မြို့ထဲက ၃၃ မြို့နဲ့ပဲ အဆက်အသွယ် ရသေးတာဖြစ်ပြီး မုန်တိုင်းကြောင့် အဆက်အသွယ် ပြတ်တောက်နေတဲ့အတွက် သေဆုံးသူအရေအတွက် ခုထက်ပိုများလာဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုတွေ၊ မြေပြိုမှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိနေတာပါ။ ဒါ့အပြင် မုန်တိုင်းဒဏ် ခံရသူတွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၈ သိန်းနီးပါးကို သက်ရောက်စေခဲ့တာဖြစ်ပြီး လူပေါင်း ၃ သိန်းလောက်ကတော့ ဘေးလွတ်ရာ ရှောင်ပြေးခဲ့ရတယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ စနေနေ့က မုန်တိုင်းသင့်ဒေသကို သွားရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀ နဲ့ညီမျှတဲ့ ဖိလစ်ပိုင်ငွေ Pesos ၂ ဘီလီယံ ထောက်ပံ့မယ်လို့ ကတိပြုခဲ့တာပါ။

ပစိဖိတ်သမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်ပြင်ကြားမှာ ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း Rai ဟာ လေတိုက်နှုန်း တနာရီကို မိုင် ၁၂၀ ကနေ ၁၇၀ နီးပါးနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး ဒါဟာ မကြာခင်နှစ်တွေအတွင်း အပြင်းထန်ဆုံး မုန်တိုင်းတခု ဖြစ်ခဲ့တာပါ။ ဖိလစ်ပိုင်မှာ နှစ်စဉ် မုန်တိုင်း အကြိမ် ၂၀ လောက် တိုက်ခတ်လေ့ ရှိပါတယ်။

XS
SM
MD
LG