သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင်နိုင်ငံမှာ ISစစ်သွေးကြွ အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့သူတွေ မေလတုန်းက သိမ်းယူထားတဲ့ နိုင်ငံတောင်ပိုင်းက မာရာဝီမြို့ကို အောင်အောင်မြင်မြင် ပြန် သိမ်းပိုက် လိုက်နိုင်ပြီလို့ ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂို ဒူတာတေးက မနေ့ကဘဲ ကြေညာခဲ့ပါတယ်။ အချိန် ၅ လ လောက်ကြာတဲ့ ဒီနေရာပြန်လည် သိမ်းပိုက်ရေးမှာ လူပေါင်း တထောင်ကျော် သေဆုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့ လူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။

မာရာဝီမြို့မှာ သမ္မတဒူတာတေးက ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေနဲ့ တခြားအရာရှိတွေနဲ့ အတူ မနေ့က မိန့်ခွန်းပြောခဲ့တာပါ။ အကြမ်းဖက် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်ခဲ့ကြတဲ့ မာရာဝီဒေသ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုလည်း သမ္မတဒူတာတေးက ဂုဏ်ပြုချီးကျူး ခဲ့ပါတယ်။ ဒါပေမယ့်လည်း မာရာဝီဒေသမှာ လက်နက်ကိုင် အုပ်စုတွေ ၃၀ လောက် ရှိနေတုန်းပဲလို့ဖိလစ်ပိုင်တပ်ဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။ ရက်ပေါင်း ၁၄၈ ရက်ကြာတဲ့ မာရာဝီမြို့ပြန်လည်ထိန်းချုပ်ရေး ကြိုးပမ်းမှုမှာ ဒေသခံ ၄ သိန်း ၆ သောင်းကျော် အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

သေဆုံးသူ တထောင်ကျော်ထဲမှာတော့ အစွန်းရောက် အဖွဲ့ဝင် ၈၀၀ ကျော်နဲ့ အစိုးရတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ၁၆၀ လောက် ပါဝင်ပါတယ်။ အရှေ့တောင်အာရှမှာ ရှိတဲ့ အကြမ်းဖက် အဖွဲ့ ၂ ခုက ခေါင်းဆောင်တွေ ဖြစ်တဲ့ Omarkhayam Maute နဲ့ Isnilon Hapilon တို့ကို အသေဖမ်းဆီး ရမိခဲ့ပြီးနောက် တရက်အကြာမှာပဲ သမ္မတ ဒူတာတေးက မာရာဝီမြို့အောင်ပွဲကို မနေ့က ကြေညာခဲ့တာပါ။

XS
SM
MD
LG