သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ပြည်သူ့အာဏာတော်လှန်ရေးနေ့ သမ္မတ Duterte မတက်ရောက်


ဖိလစ်ပိုင်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၁ နှစ်တုန်းက အာဏာရှင် Ferdinand Marcos ကို ဖြုတ်ချနိုင်ခဲ့တဲ့ ပြည်သူ့အာဏာ တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို စနေနေ့က မြို့တော် Manila မှာ ကျင်းပခဲ့ရာမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက အာဏာရှင် Marcos ကို ဖြုတ်ချနိုင်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာ လူပေါင်းသန်းနဲ့ ချီပြီး စုဝေးခဲ့ကြတဲ့ Manila မြို့က ပြည်သူ့အင်အား အထိမ်းအမှတ် ဒီမိုကရေစီ ရုပ်တုရှိရာကို အခု ဆန္ဒပြသူတွေ ချီတက်ခဲ့ကြတာပါ။

အဲဒီတုန်းက လူထုအုံကြွမှုဟာ နောင်မှာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးအဖြစ် ကမ္ဘာတလွှား စံပြ နမူနာတခု ဖြစ်လာခဲ့သလို၊ နှစ်ပေါင်း ၂၀ ကြာ အဂတိလိုက်စားမှုတွေ၊ မကောင်းသတင်းတွေ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပြည့်နေတဲ့ အုပ်ချုပ်မှုလည်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ဖိလစ်ပိုင်မှာ နှစ်စဉ် ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အစိုးရ ကြီးမှူးကျင်းပတဲ့ အခမ်းအနားဟာ အရင်နှစ်တွေလောက် မခမ်းနားသလို၊ သမ္မတ Rodrigo Duterte ကိုယ်တိုင်လည်း ဒီအခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။

ဒါ့အပြင် သမ္မတဟာ ဒီစနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်အတွက် တောင်ပိုင်း Davao က သူ့နေအိမ်မှာ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Duterte ဟာ မနှစ်တုန်းကပဲ Marcos ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို သူရဲကောင်းတွေရဲ့ သင်္ချိုင်းမှာ မြှုပ်နှံဖို့ ခွင့်ပြုခဲ့တာမို့ အာဏာရှင်ကို မကျေနပ်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့တာပါ။

Duterte ကို ထောက်ခံသူတွေကတော့ စနေနေ့မှာပဲ Manila မှာ သူတို့ရဲ့ လူထုစုဝေးပွဲကျင်းပခဲ့ပြီး Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ အောင်မြင်စေဖို့ ဆုတောင်းခဲ့ကြတာပါ။ ဒီတိုက်ဖျက်ရေးကို မနှစ်က သမ္မတ Duterte တက်လာချိန်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အခုချိန်ထိ မူးယစ်ဆေးဝါး ရောင်းဝယ်မယ်လို့ မသင်္ကာမှုနဲ့ သတ်ပစ်ခဲ့သူ အနည်းဆုံး ၂,၅၅၅ ယောက် ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဖိလစ်ပိုင် ပြည်သူ့အာဏာတော်လှန်ရေးနေ့ သမ္မတ Duterte မတက်ရောက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG