သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မနီလာ ပြန်ပေးဆွဲမှု ဓါးစားခံတွေ ပြန်လွတ်


မနီလာမြို့တော် San Juan ရှိ Virra Shopping Mall (သတင်းဓာတ်ပုံ-မတ်လ၊ ၀၂၊ ၂၀၂၀)
မနီလာမြို့တော် San Juan ရှိ Virra Shopping Mall (သတင်းဓာတ်ပုံ-မတ်လ၊ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

ဖိလစ်ပိုင်နိုင်ငံက Shopping စင်တာတခုထဲမှာ သေနတ်သမား တယောက်က လုံခြုံရေးတယောက်ကို ပစ်ခတ်ပြီး လူ ၃၀ လောက်ကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးထားခဲ့တာကနေ မကြာခင်ကတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။

မနီလာမြို့တော်ထဲက San Juan အရပ်မှာရှိတဲ့ Virra Shopping Mall မှာ Archie Paray ဆိုတဲ့ သေနတ်သမားက အယောက် ၃၀ လောက်ကို ဓါးစာခံအဖြစ်ဖမ်းထားခဲ့တာပါ။ သူဟာ အဲဒီ Shopping Mall ကနေ အလုပ်ဖြုတ်ခံထားရသူ ဖြစ်ပါတယ်။

လုံခြုံရေးတာဝန်ယူထားတဲ့ ကုမ္ပဏီမှာ အဂတိလိုက်စားမှုတွေ ရှိနေတာကြောင့် သူအလုပ်က ဖြုတ်ခံရတာဖြစ်တယ်လို့ သေနတ်သမားက သတင်းထောက်တွေကို Video call ပေါ်ကနေတဆင့် ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဘက်က ညှိနှိုင်းပေးသူတွေရဲ့ စီစဉ်ပေးမှုနဲ့ သတင်းထောက်တွေ၊ အာဏာပိုင်တွေကို သူ့ရဲ့ မကျေနပ်ချက်တွေကို ပြောပြခွင့်ရခဲ့တာပါ။ အဲဒီနောက် Virra Shopping Mall ရဲ့ လုံခြုံရေး တာဝန်ယူထားသူ အကြီးအကဲက ပြန်ပေးဆွဲထားသူကို လူသိရှင်ကြား တောင်းပန်ပြီး ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီးနောက် ဓါးစာခံဖမ်းထားသူတွေကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

သေနတ်သမားရဲ့ အရင်လုပ်ဖော်ကိုင်ဖက် ၅ ယောက်လည်း အလုပ်ကနေ ထွက်သွားခဲ့ကြပါတယ်။ ဈေးဆိုင်ပေါင်း ၁၀၀ ကျော်ရှိတဲ့ ၄ ထပ် Shopping Mall ကြီးမှာ ပစ်ခတ်မှု ပြန်ပေးဆွဲမှုုဖြစ်ခဲ့တာကြောင့် လက်နက်ကိုင်ဆောင်ထားတဲ့ အထူးကော်မန်ဒိုတပ်ဖွဲ့ တွေ၊ ရဲတွေ၊ မီးသတ်တွေက အဆောက်အဦးပတ်လည်မှာ အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။

မနီလာ ပြန်ပေးဆွဲမှု ဓါးစားခံတွေ ပြန်လွတ်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG