သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင် မားကိုစ့် ပိုင်ဆိုင်မှုတချို့ နိုင်ငံကို ပြန်အပ်ဖွယ်ရှိ


ဖိလစ်ပိုင် အာဏာရှင်ဟောင်း Ferdinand Marcos ရဲ့ အုတ်ဂူကို လာရောက်တဲ့ သမ္မတကတော်ဟောင်း Imelda Marcos နဲ့ သမီးဖြစ်သူ Imee Marcos။
ဖိလစ်ပိုင် အာဏာရှင်ဟောင်း Ferdinand Marcos ရဲ့ အုတ်ဂူကို လာရောက်တဲ့ သမ္မတကတော်ဟောင်း Imelda Marcos နဲ့ သမီးဖြစ်သူ Imee Marcos။

ဖိလစ်ပိုင် အစိုးရ ဘတ်ဂျက် လိုငွေပြနေတာ လျော့ပါးသက်သာရေး ကူညီတဲ့ အနေနဲ့ ငွေပမာဏ တခုနဲ့ ရွှေချောင်းတချို့ကို ပြန်ပေး ချင်တယ်လို့ ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ရဲ့ မိသားစုက ကမ်းလှမ်းထားတဲ့ အကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောပါတယ်။

မားကို့စ်မိသားစု ပိုင်ဆိုင် ပစ္စည်းတချို့ကို ပြန်လွှဲပြောင်းပေးရေး ကိစ္စ စေ့စပ်ညှိနှိုင်းဖို့ တရားလွှတ်တော် တရားသူကြီးချုပ်ဟောင်းနဲ့ အတူ လူသုံးဦးကို ရွေးချယ်ဖို့ စဉ်းစားနေတယ်လို့လည်း သမ္မတ ဒူတာတေးက ပြောပါတယ်။

မားကို့စ် မိသားစုရဲ့ ဆန္ဒကို မိသားစု ပြောခွင့်ရ တဦးက အကြောင်းကြားခဲ့တာ ဖြစ်ပြီး သူတို့ပေးမယ့် ပိုင်ဆိုင်မှုဟာ နိုင်ငံရေး အတိုက်အခံတွေက စွပ်စွဲထားသလို ခိုးယူထားတာတွေ မဟုတ်ဘူးဆိုတာ မားကို့စ်မိသားစုက ပြောတယ်လို့ မစ္စတာ ဒူတာတေးက ပြောပါတယ်။ အဲဒါ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲဒီရှင်းလင်းချက်ကို သူ့အနေနဲ့ လက်ခံမယ်လို့ အသစ်ခန့်ထားတဲ့ တာဝန်ရှိသူတွေကို အင်္ဂါနေ့က မိန့်ခွန်းပြောတာမှာ သမ္မတ ဒူတာတေးက ထည့်ပြောသွားပါတယ်။

နှစ်ပေါင်း ၂၀ ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ချိန် အတွင်း မားကို့စ်နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Imelda တို့ဟာ နိုင်ငံပိုင်ငွေ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကို မတရား ရယူခဲ့တယ်လို့စွပ်စွဲ ခံထားရတာပါ။

၁၉၈၆ ခုနှစ်မှာ လူထုအုံကြွမှုနဲ့ မစ္စတာ မားကို့စ် ဖြုတ်ချခံလိုက်ရပြီး အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်ကို ထွက်ပြေး သွားပြီးတဲ့နောက် သုံးနှစ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ တိုင်းပြည် ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေ အပါအဝင် သူလုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘာကိုမှ ဝန်ခံပြောဆိုသွားတာ မရှိပါဘူး။

XS
SM
MD
LG