သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံဟာ တခုတည်းသော ငြိမ်းချမ်းရေး လမ်းကြောင်းဟု တပ်မတော် ရှင်းလင်းပြောဆို


La primera enmienda: &quot;El Congreso no promulgará ninguna ley que respete un establecimiento de religión o prohíba el libre ejercicio de la misma; o restringir la libertad de expresión, o de prensa; o el derecho de las personas a reunirse pacíficamente y solicitar al gobierno una reparación de agravios&quot;. La frase se encuentra en la fachada del <strong>Newseum</strong>.&nbsp;Foto: Herbert Zepeda - VOA.
La primera enmienda: &quot;El Congreso no promulgará ninguna ley que respete un establecimiento de religión o prohíba el libre ejercicio de la misma; o restringir la libertad de expresión, o de prensa; o el derecho de las personas a reunirse pacíficamente y solicitar al gobierno una reparación de agravios&quot;. La frase se encuentra en la fachada del <strong>Newseum</strong>.&nbsp;Foto: Herbert Zepeda - VOA.

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဒီကနေ့ နေပြည်တော်မှာ သတင်းစာရှင်း လင်းပွဲပြုလုပ်ရာမှာ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့သဘောထားတွေကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ၂၁ရာစုပင်လုံဟာ တခုတည်းသောလမ်းကြောင်းဖြစ်ကြောင်းနဲ့ NCA ခေါ် အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးဘဲ နိုင်ငံရေး အခွင့်အရေးတွေ ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြောကြားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဝတပ်ဖွဲ့ အပါအဝင် တရုတ်-မြန်မာနယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် မရေးထိုးဘဲ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ သဘောထားထုတ်ပြန်နေချိန်၊ မတ်လ ၁ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ တွေဆုံဖို့ ပြင်ဆင်နေချိန် မှာ တပ်မတော်ရဲ့ သဘောထား ကို အတိအလင်း ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသစစ်ပွဲ နဲ့ အောက်တိုဘာလက ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် အခြေအနေတွေကို ပြန်လည် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ရှင်းလင်းစဉ်မှာပဲ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အခုလို ထည့်သွင်းပြောကြား သွားတာဖြစ်ပါတယ်။

“တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းထားတဲ့ ကျနော်တို့ တပ်မတော်အနေနဲ့ ဘာခွဲခြားမှုမှ မရှိပါဘူး။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ လူမှုအကျိုးစီးပွားတိုးတက်ရေးကို ကျရာအခန်းကဏ္ဍကနေ အဓိက ဖော်ဆောင်သွားဖို့ပဲ ရှိပါတယ်။”

တပ်မတော်အနေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိသည် အထိကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း အခုလို ကတိပြုခဲ့ပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ထာဝရ ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ဖို့အတွက် ဆိုပြီးတော့ နိုင်ငံတော်အစိုးရ ပြည်သူတို့နဲ့အတူ ပူးပေါင်းပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ဖို့အတွက်ကို ပူးပေါင်းဆောင်ရွက်နေ သလို ငြိမ်းချမ်းရေးရယူလိုစိတ်အပြည့်နဲ့ ထာဝရငြိမ်းချမ်းရေးရတဲ့အထိ ကြိုးပမ်းတည်ဆောက်သွားမယ်ဆိုတာ ကျနော်တို့အနေနဲ့ ကတိပြုပါတယ်။”

လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆိုင်းရေးနဲ့အတွက် NCA ကို လက်မှတ်ရေးထိုးဖို့ ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး အတွက် တခုတည်းသောလမ်းဟာ ၂၁ရာစုပင်လုံဖြစ်ကြောင်းလည်း အခုလို ပြောပါတယ်။

“လက်နက်ကိုင် ပဋိပက္ခ္ခတွေ ရပ်ဆိုင်းရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူညီချက် NCA ဆိုတာကို လက်မှတ်ရေးထိုးဖို့ပဲ လိုအပ်ပါတယ်။ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ပန်းတိုင်ကို လက်နက်ကိုင်နည်းလမ်း နဲ့ ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခ္ခတွေ ချုပ်ငြိမ်းပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဆိုတာဟာ တခုတည်းသော လမ်းကြောင်းဖြစ်တယ်လို့ ကျနော့်အနေနဲ့ ခံယူထားပါတယ်။”

ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အနာဂတ်ကို မျှော်တွေးဖို့လည်း အခုလို ပြောဆိုထားပါတယ်။

“NCA လက်မှတ်ရေးထိုးထားခြင်း မရှိပဲနဲ့ နိုင်ငံရေးအခွင့်အရေးတွေ ကိုတော့ ပြောဆိုပိုင်ခွင့်မရှိပါဘူး။ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ဆိုရင် နည်းမှန်လမ်းမှန် နဲ့ ကြိုးစားရပါမယ်။ လက်နက်အားကိုးပြီး ဖြတ်လမ်းနည်းနဲ့ ဆောင်ရွက်လို့တော့ မရနိုင်ပါဘူး။”

မနက်ဖြန် မတ်လ ၁ ရက်နေ့ မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမယ် NCA ကို လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ ၂၁ရာစုပင်လုံမှာ ပါဝင်ရေးအတွက် အစိုးရ၊ တပ်မတေ်ာက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုမှုအပေါ်မှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အခုလို တုံ့ပြန်ပါတယ်။

“တပ်မတော်ဘက်ကနေပြီးတော့ အပစ်ခတ်ရပ်စဲရေးကို ဦးစွာ လုပ်ဆောင်ပေး ပါဆိုတဲ့ တောင်းဆိုချက်ပေါ့ NCA လက်မှတ်ရေးထိုးလိုက်လို့ရှိရင် NCA ဆိုတာ အပစ်ခတ်ရပ်စဲရေးစာချုပ်ပဲ ဒါပြီးနေတဲ့ ကိစ္စပဲ။ ဒါကို သဘောတူတဲ့အတွက်ကြောင့် အဖွဲ့ ၈ ဖွဲ့ကလည်း လက်မှတ်ထိုးပြီးသွားပြီ ။ ဆိုတော့ သူတို့အနေနဲ့ မေးစရာမေးခွန်း မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ NCA လက်မှတ် ရေးထိုးချိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကို အစိုးရက မဖိတ်ခေါ်ခဲ့ပါဘူး။ အားလုံးမပါဝင်တဲ့အတွက် ကျန် လက်နက်ကိုင်အဖွဲ့အတော်များများကလည်း လက်မှတ်မရေးထိုးခဲ့ပါဘူး။ ဒီလို မဖိတ်ကြားခဲ့တဲ့ အဖွဲ့တွေနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့သဘောထားကိုလည်း အခုလို ပြောဆိုပါတယ်။

“ရှင်းလင်းတဲ့အထဲမှာ AA နဲ့ အတူတူ MNDAA ဆိုတာရှိတယ်။ နောက်တခုကတော့ TNLA ဆိုတာ ရှိတယ်။ ဒီ ၃ ဖွဲ့က အရပ်သားအစိုးရဆိုပြီး ဒီမိုကရေစီ အစိုးရ ပေါ်လာပြီးတဲ့ အချိန်ကျမှ သူတို့က ဖြစ်လာတဲ့အဖွဲ့တွေ ၊ နောက်ပိုင်း မှ ဖြစ်လာကြတဲ့ အဖွဲ့အစည်းတွေ ၊ ဒီအဖွဲ့အစည်းတွေ ကို ကျနော်တို့က သီးခြား သတ်မှတ်ပြီးတော့ သူတို့ကို ငြိမ်းချမ်းရေးဖိတ်ခေါ် ၊ ငြိမ်းချမ်းရေးဆွေးနွေး စသဖြင့် NCA လက်မှတ်ထိုးပါဆိုပြီးတော့ ပြောနေစရာ အကြောင်း မရှိဘူးပေါ့လေ။”

ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ တရားလွှတ်တော်ရှေ့နေချုပ် ဦးကိုနီလုပ်ကြံခံ၇တာနဲ့ပတ်သက်လို့ တရားခံဖမ်းဆီးရမိရေးကို တပ်မတော်က ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သလို လုပ်ကြံမှုမှာ တပ်မတေ်ာ အရာရှိဟောင်းတွေပါဝင်ပေမယ့် တပ်မတော်က ပါဝင်ပတ်သက်တာမရှိကြောင်းလည်း သတင်းထောက်တွေ ရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG