သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလပ်စတစ်စား အင်ဇိုင်းသစ် တွေ့ရှိ


ကမ္ဘာတလွှားက သမုဒ္ဒရာပြင်တွေမှာ တနှစ်တနှစ်ကို ပလပ်စတစ် စွန့်ပစ်ပစ္စည်းပေါင်း တန်ချိန် ၈ သန်းကျော် ရောက်သွားလေ့ရှိတာမို့ သဘာဝ ဝန်းကျင်အတွက် အန္တရာယ်ရှိနေပေမယ့် အခုတော့ ဓါတ်ခွဲခန်းတွင်း မတော်တဆ တွေ့ရှိချက်တခုကနေ ဒီစွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ အမေရိကန် သုတေသန ပညာရှင်တွေ မရည်ရွယ်ဘဲ ဖန်တီးလိုက်တဲ့ အင်ဇိုင်းတမျိုးက လက်ရှိ ပလပ်စတစ်စားတဲ့ အင်ဇိုင်းထက် အဆ အတော်မြန်အောင် ပလပ်စတစ်ဘူးတွေကို စားပစ်နိုင်တာပါ။

သူတို့က အရင်က တွေ့ရှိထားတဲ့ ပလပ်စတစ်စားတဲ့ အင်ဇိုင်းထဲကို အမိုင်နိုအက်ဆစ် ထပ်ထည့်ပြီး ဓါတ်ပြုမှု ပိုနှေးကွေးအောင် လုပ်ကြည့်တာပါ။ ဒါပေမယ့် ဓါတ်ပြုမှု ပိုမြန်သွားစေပြီး ပလပ်စတစ်ကိုပါ ချေဖျက်နိုင်စွမ်း ကောင်းကောင်း ရှိတာ တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် စီးပွါးဖြစ်ထုတ်ဖို့ လုပ်နေကြပါပြီ။

ဗြိတိန်နိုင်ငံ Portsmouth တက္ကသိုလ်က ပါမောက္ခ John McGeehan ကတော့ အခုအချိန်မှာတော့ ပလပ်စတစ်တွေဟာ recycled လို့ခေါ်တဲ့ ပြန်သုံးလောက်အောင် ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် သူတို့ဟာ အမှိုက်ပုံမှာ သောင်တင်တာ ဒါမှမဟုတ် မီးရှို့ပစ်နေရကြောင်းနဲ့ မီးရှို့တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်စေသလို နောက်ထပ် ပလပ်စတစ် ရဖို့လည်း ရေနံတွေ တူးရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခု တွေ့ရှိချက်ကနေ ပလပ်စတစ်ကို ရာနှုန်းပြည့် လုံးဝ ပြန်သုံးနိုင်တဲ့အဆင့် ရောက်တော့မယ်လို့ ပြောပါတယ်။

အခု တွေ့ရှိချက်ကို National Academy of Sciences စာစောင်မှာ အပြည့်အစုံ ဖေါ်ပြထားပါတယ်။

ပလပ်စတစ်စား အင်ဇိုင်းသစ် တွေ့ရှိ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG