သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ALP အဖွဲ့သယ်လာတဲ့ လက်နက်တွေ ဖမ်းမိ


လက်နက်ခဲယမ်းနဲ့အတူ ဖမ်းမိသည့် ALP အဖွဲ့ဝင်များ (ဓါတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)
လက်နက်ခဲယမ်းနဲ့အတူ ဖမ်းမိသည့် ALP အဖွဲ့ဝင်များ (ဓါတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)အဖွဲ့က သယ်ဆောင်လာတဲ့ လက်နက် (၁၉)လက်နဲ့ စစ်ပစ္စည်းတွေကို ကရင်ပြည်နယ် ဖားအံမြို့နယ် စစ်ဆေးရေး ဂိတ်မှာဖမ်းဆီးထားပြီး ဖြစ်စဉ်အခြေ အနေကို စစ်ဆေးနေဆဲပဲလို့ ကရင်ပြည်နယ် တာဝန်ရှိသူတွေ ကပြောပါတယ်။ လက်နက် သယ်ဆောင်လာတဲ့ ALP အဖွဲ့ဝင်(၃)ဦးကို ဖားအံ မြို့နယ်ရဲစခန်းမှာ အမှှုဖွင့်ထားပြီး စစ်ဆေးနေဆဲလို့ ဆိုပါတယ်။ VOA သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့နယ် စစ်ဆေးရေးဂိတ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP စီးပွားရေးတာဝန်ခံ အပါအဝင် အဖွဲ့ဝင်ကားကို စစ်ဆေးရာမှာ လက်နက် အမြောက်အများ ရှာဖွေဖမ်းဆီးမိတယ်လို့ ကရင်ပြည်နယ်ဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

“ALP လို့ယူဆတဲ့ ပုဂ္ဂိုလ်တွေ စီးလာတဲ့ကားကို လမ်းသွယ်လမ်းဂွမှာရှိတဲ့ Check Point မှာ မသင်္ကာလို့ စစ်ဆေးလိုက်တဲ့အခါမှာ အဲဒီ သေနပ်တွေ တွေ့ရတယ်။ ေ နာက်ပြီးတော့ ကျည်ဆံရယ်၊ နောက် ကပ်စတန်က စာရွက်စာတမ်းဘာညာ ရယ် နောက် ငွေတွေလည်းတွေ့ ရတယ်”

မနေ့က ကရင်ပြည်နယ်လှိုင်းဘွဲ မြို့နယ်ကနေ ဖားအံမြို့ကိုမောင်းနှင် လာတဲ့ကားကို ဘားအံမြို့ လှာကမြင်ကျေးရွာအုပ်စု တောင်ကလေးမြို့ အဝင်ဂိတ်မှာ မူးယစ်သတင်း တပ်ဖွဲ့က ရှာဖွေစစ်ဆေးရာမှာ AK 47 အမျိုးအစား သေနတ် ၁၉ လက်၊ ကျည်တောင့် ၃၀၀ ကျော်၊ ငွေသား အများအပြားကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ ဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။

ဒီလို တရားမဝင် လက်နက်တွေကို မြန်မာအစိုးရနဲ့ NCA အပစ်ရပ ်သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP တာဝန်ရှိသူတွေ က သယ်ဆောင်လာတာဖြစ်ပြီး ဖြစ်စဉ်အခြေအနေကို စစ်ဆေးနေဆဲပဲလို့ ကရင် ပြည်နယ်ဝန်ကြီး ဦးမင်းတင်ဝင်းက ဆက်ပြောပါတယ်။

“ ကျနော်တို့ အဲဒီ Source ကိုလိုက်နေတုန်းပဲ၊ မနက်တုန်းက ကျနော်တို့ဆီက တာဝန်ရှိတဲ့ ဒီအဖွဲ့အစည်းတွေက နေပြီးတော့ အဲဒီသတင်းကို အတည်ပြုချက် ယူပြီးတော့ အသေးစိတ် ပြန်ဖြည့်ယူရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအဖွဲ့က ရခိုင်အဖွဲ့ဖြစ်နေတာကိုး။ ဘယ်နေရာ ကနေ ရလာလဲဆိုတာ စုံစမ်းတယ်။ စုံစမ်းတော့ အတိအကျ မဖြစ်သေးတော့လည်း ကျနော်တို့လည်း မပြောရဲသေးဘူး ဆိုတဲ့သဘော ရှိနေတာပေါ့နော် ”

လက်နက်လက်ဝယ်တွေ့ရှိထားတဲ့ ALP အဖွဲ့ဝင်(၃)ဦး မြို့နယ် ရဲစခန်းမှာ အမှုဖွင့် ထားပြီး စစ်ဆေးနေဆဲ အခြေအနေကြောင့် သတင်းအချက် အလက်ကို မထုတ်ပြန် နိုင်သေးဘူးလို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ကြည်လင်းကပြော ပါတယ်။

“စုံစမ်းဆဲကိစ္စ ဖြစ်နေလို့ ကျန်တဲ့ဟာတော့ ထုတ်ပြန်လို့ မရသေးပါဘူး ခင်ဗျ။ လောလောဆယ်တော့ ကျနော်တို့ ဘယ်သူ့မှ ပေးမသိသေး ပါဘူးခင်ဗျ ”

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP စီးပွါးရေး တာဝန်ခံအဖွဲ့ကနေ လက်နက်နဲ့ တကွ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်အပေါ် ALP ဘက်ကို ဆက်သွယ်မေး မြန်းခဲ့ရာမှာ အခြေအနေမှန်ကို မသိရှှိသေးဘူးလို့ ALP ခေါင်းဆောင်တဦးက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ ALP စီးပွားရေး တာဝန်ခံ ခိုင်မိုးချမ်း(ခ) မောင်သာမြင့် ဦးဆောင်ပြီး ထိုင်း မြန်မာနယ်စပ် လော်ခီးလာ ရှိ ရခိုင်အဖွဲ့ထံကနေ အဆိုပါ လက်နက် ခဲယမ်းတွေကို ယူဆောင်ပြီး ရခိုင်ပြည် နယ်သို့ ပို့ဆောင်ဖို့ ထွက်ခွာလာစဉ် စစ်ဆေးရေး ဂိတ်ကနေ AK 47 (ခေါက်ဒင်) ၁၅ လက်၊ AK 47 (ဒင်ရှည်) ၄လက်၊ ၎င်းကျည်အိမ် အတို/အရှည်(၁၉)ခု၊ ကျည်ဆံ (၃၀၀) တောင့်နဲ့ ငွေကျပ်သိန်း(၆၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါဖမ်းဆီး ရမိ သူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်နေတယ်လို့ ဒီဇင်ဘာ (၉)ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။

ALP အဖွဲ့သယ်လာတဲ့ လက်နက်တွေဖမ်းမိ
please wait

No media source currently available

0:00 0:02:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG