သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှု ဟန့်တားဖို့ ကိုင်ရိုမြို့တော် လုံခြုံရေးတင်းကျပ်


ကိုင်ရိုမြို့တွင် ကင်းလှည့်နေသည့် အီဂျစ်ရဲတပ်ဖွဲ့ယာဉ်တန်း။ (စက်တင်ဘာ ၂၁၊ ၂၀၁၉)
ကိုင်ရိုမြို့တွင် ကင်းလှည့်နေသည့် အီဂျစ်ရဲတပ်ဖွဲ့ယာဉ်တန်း။ (စက်တင်ဘာ ၂၁၊ ၂၀၁၉)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တဝန်းမှာ ရဲစစ်ဆေးရေးဂိတ်တွေ အများအပြား ချထားတာကြောင့် စနေနေ့မနက်ပိုင်း လမ်းတွေပေါ်မှာ ယာဉ်အသွားအလာ ကျပ်တည်းနေပါတယ်။

သောကြာနေ့ညက ဆန္ဒပြခဲ့ကြတဲ့ နေရာတခုဖြစ်တဲ့ Tahrir ရင်ပြင်မှာတော့ အဓိကရုဏ်းနှိမ်နင်းရေး ကိရိယာတွေနဲ့ လက်နက်ကိုင်ရဲနဲ့ စစ်သားတွေ ရာနဲ့ချီပြီး နေရာယူထားပါတယ်။

သမ္မတဟောင်းတွေဖြစ်တဲ့ Hosni Mubarak နဲ့ Mohammad Morsi တို့ ပြုတ်ကျစေခဲ့တဲ့ အရင်ဆန္ဒပြပွဲတွေမှာလည်း Tahrir ရင်ပြင်ကို ဗဟိုချက်ပြုခဲ့ကြတာပါ။ အခုဆန္ဒပြပွဲဟာဆိုရင် နှစ်နဲ့ချီပြီး ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်ကိုင်တွယ်မှုအပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်ခဲ့မှုအဖြစ် တက်ကြွလှုပ်ရှားသူတွေ အောင်ပွဲခံခဲ့ကြပြီး သမ္မတ Abdel-Fattah el-Sissi အစိုးရကို ဆက်ပြီး ဆန့်ကျင် ဆန္ဒပြကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညတုန်းကတော့ အနည်းဆုံး မြို့ ၃ ခုမှာ ပြည်သူတွေ လမ်းမပေါ် ထွက်ခဲ့ကြပြီး Sissi ထွက်သွား၊ အစိုးရပြုတ်ကျရေးဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။ ကိုင်ရိုမှာတော့ သေနတ်သံတွေ ကြားခဲ့ရသလို မျက်ရည်ယိုဗုံးတွေလည်း ဖောက်ခွဲခဲ့ပါတယ်။

စနေနေ့ညမှာတော့ မိသားစုဝင်တွေ အဖမ်းခံရတဲ့အကြောင်း လူ့အခွင့်အရေး လုပ်သားတွေထံကို အကြောင်းကြားလာတဲ့ မိသားစု ၁၆၆ စု ရှိတယ်လို့ စီးပွားရေးနဲ့ လူမှုအခွင့်အရေးဆိုင်ရာ အီဂျစ်စင်တာက ပြောဆိုထားပါတယ်။

အစိုးရလိုလားတဲ့ မီဒီယာတွေမှာတော့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဝါဒီတွေလို့ သုံးနှုန်း ပြစ်တင်ပြီး အစိုးရဖြုတ်ချရေး အစီအစဉ်ကြီးရဲ့ အစိတ်အပိုင်းလို့လည်း ဖော်ပြနေကြပါတယ်။

el-Sissi နဲ့ စစ်တပ်ဟာ ဇိမ်ခံနန်းတော်ကြီးတွေနဲ့ စီးပွားရေး သဘောတူညီမှုတွေကနေ အီဂျစ်ပေါင်ငွေ သန်းထောင်နဲ့ချီပြီး အဂတိလိုက်စားခဲ့တယ်လို့ လက်ရှိ စပိန်မှာ နေထိုင်နေတဲ့ သရုပ်ဆောင်နဲ့ ကွန်ထရက်တာဟောင်းတဦးဖြစ်သူ Mohammad Ali က စွပ်စွဲထားတဲ့ ဗီဒီယိုတွေကို တင်ခဲ့ပြီးနောက်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

--------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG