သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွတို့ လက်ချက် အီဂျစ်ရဲ ၅၄ ဦးသေဆုံး


ရဲ ၅၄ ဦးသေဆုံးခဲ့တဲ့ အီဂျစ်တိုက်ခိုက်မှု
ရဲ ၅၄ ဦးသေဆုံးခဲ့တဲ့ အီဂျစ်တိုက်ခိုက်မှု

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့နားက စစ်သွေးကြွလို့ သံသယရှိသူ ပုန်းခိုနေတဲ့ နေရာကို ဝင်ရောက် စီးနင်းမှုမှာ အီဂျစ် ရဲအရာရှိ အနဲဆုံး ၅၄ ဦး သေဆုံးခဲ့ရတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

အနောက်ပိုင်း သဲကန္တာရ ထဲက al-Bahriya ဒေသ ပုန်းအောင်းရာ နေရာကို သောကြာနေ့က လုံခြုံရေးတပ်တွေ ရောက်သွားချိန်မှာ စစ်သွေးကြွတွေရဲ့ ခြုံခိုတိုက်ခိုက် မှုကို ခံခဲ့ရပုံရတယ်လို့ အမည်မဖေါ်လိုတဲ့ အရာရှိတဦးကပြောပါတယ်။

SUV လေးစီးပါတဲ့ ယဉ်တန်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာန မော်တော်ယဉ်တစီးကို ဦးတည်ပြီး စစ်သွေးကြွတွေက RPG ဒုံးကျည်တွေ ဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ အလစ်အငိုက် တိုက်ခိုက် ခဲ့တာလို့လည်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။ သေဆုံး သူတွေထဲမှာ အရာရှိ ၂၀ နဲ့ တပ်သားသစ် ၃၄ ဦးအပါအဝင် တယ်လို့လည်း ပြောပါတယ်။

အီဂျစ် ပြည်ထဲရေး ဝန်ကြီးဌာနက စနေနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရဲအရာရှိ အများအပြားဟာ အာဇာနည်တွေ ဖြစ်ကြောင်း ပြောကြားပေမယ့် သေဆုံးမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

အခုလို တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ဒေသတွင်း သတင်းတွေမှာတော့ စစ်သွေးကြွတွေဟာ Hasm Movement အဖွဲ့ရဲ့ သစ္စာခံတွေ ဖြစ်ပြီး ဒါဟာ အစိုးရက တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာ ထားတဲ့ မူစလင်ညီအကိုတော် အဖွဲ့နဲ့ ဆက်နွယ်မှု ရှိတယ်လို့ အီဂျစ်ရဲတွေက ပြောပါတယ်။

သောကြာနေ့ အတိုက်ခိုက်ခံရမှုဟာ အစ္စလန်မစ် သမ္မတဟောင်း Mohammed Morsi ၂၀၁၃ မှာ အဖြုတ်ချ ခံခဲ့ရပြီးတဲ့ နောက်ပိုင်းစစ်သွေးကြွတွေရဲ့ အစိုးရတပ်ဖွဲ့တွေကို ဦးတည် တိုက်ခိုက်မှုတွေထဲက အသေပျောက် အများဆုံး တိုက်ခိုက်မှုတခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG