သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ယာဉ်တိုက်မှု လူ ၁၉ ဦးထက်မနည်း သေဆုံး


အီဂျစ်နိုင်ငံ မြို့တော် Cairo မှာ ဒီကနေ့ တနင်္လာနေ့ မှာ ယာဉ်တိုက်မှုဖြစ်ပြီး ပေါက်ကွဲတဲ့အတွက် လူ ၁၉ ဦးသေဆုံး၊ ၃၀ ထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။ မြို့တော် အလယ်ပိုင်း ကင်ဆာ ကုသရေး သိပ္ပံကျောင်း အပြင်ဘက်မှာ လမ်းပြောင်းပြန်မောင်းလာတဲ့ ယာဉ်တစီးက တခြားကား ၃ စီးကို တိုက်မိပြီးနောက် ပေါက်ကွဲသွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် ဆေးရုံ အဓိက ဝင်ပေါက်နဲ့ လူနာဆောင်တချို့ ပျက်စီးသွားတယ်လို့ Cairo တက္ကသိုလ်က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နေပေမဲ့ ဒါဟာတိုက်ခိုက်မှု လုပ်ရပ် ဟုတ်၊ မဟုတ်ကိုတော့ တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။

XS
SM
MD
LG