သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျပန္လႊတ္ေပးတဲ့ အက်ဥ္းသားေတြထဲ ႏိုင္ငံေရးလႈပ္ရွားသူေတြ မပါတဲ့အေပၚ ေဝဖန္မႈေတြထြက္ေပၚ 


Prisoners released

ျပန္လႊတ္ေပးတဲ့ အက်ဥ္းသားေတြထဲ ႏိုင္ငံေရးလႈပ္ရွားသူေတြ မပါတာေၾကာင့္ ေဝဖန္မႈေတြထြက္ေပၚ


{{Zawgyi/Unicode}}

ျပည္ေထာင္စုေန အထိမ္းအမွတ္အေနနဲ႔ အက်ဥ္းေထာင္အသီးသီးမွာ ျပစ္ဒဏ္က်ခံေနရတဲ့အထဲက အက်ဥ္းသားေတြ ျပန္လႊတ္ေပးခဲ့တဲ့ထဲမွာ ႏိုင္ငံေရးအက်ဥ္းသားေတြ မပါဘူးလို႔ ႏိုင္ငံေရးအက်ဥ္းသားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။ ထုိက္သင့္ျပစ္ဒဏ္က်ၿပီးသူ ၈၁၄ ဦးကို ခံဝန္နဲ႔ ျပစ္ဒဏ္ကလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တယ္လို႔ စစ္ေကာင္စီက ေၾကညာခဲ့ေပမဲ့ ျပန္လြတ္လာသူ ထက္ဝက္ေလာက္သာ႐ွိတယ္လို႔ ေလ့လာစာရင္းျပဳသူတခ်ဳိ႕ကလည္း ေထာက္ျပေနပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စုိးမင္း ကတင္ျပပါမယ္။

တႏိုင္ငံလုံးမွာ႐ွိတဲ့ အက်ဥ္းေထာင္အသီးသီးမွာ ထိုက္သင့္ျပစ္ဒဏ္ က်ခံထားၿပီး စည္းကမ္းေကာင္းမြန္စြာေနထုိင္ေနတဲ့ အက်ဥ္းသား ၈၁၄ ေယာက္ကို လြတ္ၿငိမ္းခြင့္ျပဳတယ္လို႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ေၾကညာခဲ့ပါတယ္။ ေနာက္တႀကိမ္ျပစ္မႈ က်ဴးလြန္ရင္ က်န္႐ွိေနတဲ့ ျပစ္ဒဏ္ေတြနဲ႔ ေပါင္းၿပီးက်ခံရမယ္ဆိုတဲ့ ခံဝန္နဲ႔ ျပန္လႊတ္ေပးခဲ့တဲ့ အက်ဥ္းသားေတြထဲမွာ ႏိုင္ငံေရးအက်ဥ္းသားေတြ မပါဘူးလို႔ ႏိုင္ငံေရးအက်ဥ္းသားအေရး လုပ္ေနသူေတြက ေျပာပါတယ္။ ခုခ်ိန္ထိရ႐ွိတဲ့ စာရင္းေတြအရ ႏိုင္ငံေရးေၾကာင္း အက်ဥ္းက်ေနသူေတြ မပါဘူးလို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအဖြဲ႕က ဦးထြန္းၾကည္က ေျပာပါတယ္။

" ၈၁၄ ေယာက္တဲ့ ေနာက္ဆုံး ဦးထြန္းၾကည္တို႔ သိတာသည္ မူးယစ္ေဆးဝါးေတာင္မပါဘူး။ နဂိုကဆို မူးယစ္ေဆးဝါးသမားေတြ ေတာ္ေတာ္မ်ားမ်ား လြတ္ေပးတယ္။ အခုက ဓါးထိုးမႈတို႔ ေလာင္းကစားတို႔ ဒီေလာက္ဘဲလြတ္တယ္။ အထူးသျဖင့္ေတာ့ ႏိုင္ငံေရးအက်ဥ္းသားေတြ တေယာက္မွပါတာမေတြ႕ရဘူး"

ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ စစ္ေကာင္စီအႀကီးအကဲ လြတ္ၿငိမ္းခြင့္ေပးခဲ့တာဟာ ႏိုင္ငံေရးအမႈေတြနဲ႔ ေထာင္က်ေနသူေတြအေပၚ အက်ဴံးမဝင္တဲ့ပံုျဖစ္ေနတာမို႔ မ ွ်တမႈ မ႐ွိဘူးလို႔ ႏိုင္ငံေရးအက်ဥ္းသားေတြအမႈကို ေ႐ွ႕ေနလိုက္ေပးသူေ႐ွ႕ေနက ခုလိုေျပာပါတယ္။

" လြတ္ၿငိမ္းသက္သာခြင့္ဆိုတဲ့ အခြင့္အေရးတရပ္က အားလုံးနဲ႔ အက်ဳံးဝင္တဲ့ အခြင့္အေရးတရပ္ျဖစ္ဖို႔လိုတာေပါ့ ။ ရာဇဝတ္အေထြေထြ အက်ဥ္းသားေတြပဲ ခံစားေစ ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္တဲ့ ျပစ္မႈက်ဴးလြန္သူေတြေတာ့ ဒီအခြင့္အေရးခံစားခြင့္မေပးဘူးဆိုတဲ့ ခြဲျခားဆက္ဆံမႈမ်ိဳးကေတာ့ ဒီလိုလြတ္ၿငိမ္းခြင့္ေပးတဲ့ေနရာမွာ မစဥ္းစားသင့္ဘူးလို႔ ဒီတိုင္းဘဲျမင္တယ္။ လြတ္ၿငိမ္းေၾကာင့္ ေတာ္ေတာ္မ်ားမ်ား လြတ္လာမယ္လို႔ ေမွ်ာ္လင့္ေနခ်ိန္ အေထြေထြ အက်ဥ္းသားေတြဘဲ လြတ္ၿငိမ္းသက္သာခြင့္ေပးၿပီးေတာ့ ၅၀၅ အပါအဝင္ ႏိုင္ငံေရးႏြယ္တဲ့ ျပစ္မႈေတြနဲ႔ျပစ္ဒဏ္ခ်ခံရသူေတြမပါဘူးဆိုတာေတာ့ ညီမွ်တဲ့ အခြင့္အေရးေပးပုံမ်ိဳးမ ဟုတ္ဘူးလို႔ဘဲျမင္ပါတယ္ "

ျပည္ေထာင္စုေန႔ အထိမ္းအမွတ္နဲ႔ ႏွစ္ရွည္ေထာင္ဒဏ္ေတြခ်ခံထားရတဲ့ NLD အစိုးရ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ရဲ႕ ျပစ္ဒဏ္ ထက္ဝက္ကာလ လြတ္ၿငိမ္းခြင့္ေပးခဲ့သလို AA အဖဲြ႔နဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးတရားစြဲဆိုထားတဲ့ ၄၆ ဦးကို အမႈေတြပိတ္ သိမ္းၿပီး ျပန္လႊတ္ေပးခဲ့ပါတယ္။ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ တႏိုင္ငံလံုး အက်ဥ္းေထာင္အသီးသီးကေန ၈၁၄ ေယာက္ကို လြတ္ၿငိမ္းခြင့္ေပးတယ္လို႔ ေၾကညာေပမဲ့ စစ္ေကာင္စီသတင္းစာေတြမွာ ထုတ္ျပန္တဲ့ စာရင္းေတြ၊ တိုင္းနဲ႔ျပည္နယ္က ေလ့လာေစာင့္ၾကည့္သူေတြ ျပဳစုထားတဲ့ စာရင္းေတြအရေတာ့ လြတ္ေျမာက္ အက်ဥ္းသားဦးေရဟာ ၄ဝဝ နီးပါးသာ႐ွိပါတယ္။ ႏိုင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအဖြဲ႕က ဦးထြန္းၾကည္ကလည္း သူတို႔စာရင္းအရ ၈၁၄ ေယာက္ မ႐ွိဘူးလို႔ေျပာပါတယ္။

" သူတို႔က ယုံၾကည္လို႔မရတဲ့ အေနအထားျဖစ္သြားၿပီေလ။ စာ႐ြက္ေပၚ မွာေၾကျငာတာ ၈၁၄ေပါ့။ ေထာင္ေတြလိုက္ ကြန္တက္လုပ္တဲ့ အခါမွာလဲပြင့္ပြင့္လင္းလင္းေျပာရင္ အကစ ေျပာေရးဆိုခြင့္ရွိတဲ့ ပုဂၢိဳလ္ကလည္း မေျဖတာကမ်ားေနတာေလ။ သူကိုယ္တိုင္မသိဘူးလို႔ ေျပာေနတယ္။ အဓိက ၈၁၄ကိုလြတ္ေပးတာသည္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္လို႔ေျပာတယ္။ တကယ့္တကယ္ကက်ေတာ့ အေႏွာင္အဖြဲ႕မ်ားစြာနဲ႔ တင္းတင္းၾကပ္ၾကပ္လြတ္ေပးတာ။ တကယ္တကယ္အျပင္ မွာက်ေတာ့ ၄ပုံပုံ တပုံေလာက္ဘဲ ဦးထြန္းၾကည္ခန႔္မွန္းလို႔ရေသးတယ္။ က်န္တဲ့သူေတြကိုဘယ္လိုပုံနဲ႔ လြတ္ေပးမွာလဲ။ လြတ္ေပးၿပီးၿပီလား။ လြတ္ေပးတဲ့စာရင္းကေကာသူတို႔ေျပာတာနဲ႔ တကယ္လက္ေတြ႕ ကေကာ ကိုက္ညီရဲ႕လား။ အဲဒါေတြကေမးခြန္းထုတ္စရာျဖစ္သြားတယ္။ လြတ္ေပးတဲ့သူေတြကို လိုက္ေတာ့လဲ လြတ္ဖို႔ ၄ လဘဲလိုတယ္တို႔ ဒီလိုပုံဆိုေတာ့ လြတ္ေပးတယ္ဆိုတာဘဲ ေၾကျငာခ်က္နဲ႔စာ႐ြက္ ေပၚမွာရွိတယ္ တကယ့္လက္ေတြ႕အေပၚမွာေတာ့ အလုပ္ျဖစ္တာမေတြ႕ရဘူး "

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကေတာ့ ထုတ္ျပန္ထားတဲ့အတိုင္း ၈၁၄ ေယာက္ကို လႊတ္ေပးၿပီးျဖစ္တယ္လို႔ ဗီအိုေအကို ေျပာပါတယ္။ ႏုိင္ငံေရးအက်ဥ္းသားေတြ ျပန္မလႊတ္တာနဲ႔ ပါတ္သက္လို႔လည္း ခုလို တံု႔ျပန္ပါတယ္။

" အဲေန႔က ၁၂နာရီမွာ ၈၁၄ေယာက္စလုံးကို ေဖေဖာ္ဝါရီလ ၁၂ရက္ ေန႔ ၁၂နာရီအၿပီး အားလုံးလြတ္ၿပီးပါၿပီ။ တႏိုင္ငံလုံးကေထာင္အသီးသီးကေန လြတ္တာဗ် ေထာင္ေတြ က။ က်ေနာ္တို႔ကေတာ့ သူ႔မူအတိုင္းဘဲလြတ္တာဘဲ။ ၅ဝ၅ နဲ႔တရားစြဲဆိုခံထားရသူေတြပါတယ္။ ဆႏၵျပမႈမွာ အၾကမ္းဖက္ဆႏၵျပမႈေၾကာင့္ တရားစြဲခံရသူေတြပါတယ္။ အဲထဲမွာေတာ့က်ေနာ္တို႔ ေနာင္မွာမလုပ္ပါဘူးဝန္ခံခ်က္နဲ႔ က်ေနာ္တို႔လြတ္ရတာမ်ိဳးျဖစ္တယ္ဗ်။ ဝန္ခံခ်က္မေပးသူေတြကေတာ့ က်ေနာ္တို႔ လြတ္ေပးတဲ့အထဲ က်န္ခဲ့ေကာင္း က်န္ခဲ့ႏိုင္တယ္။ ၿပီးရာဇဝတ္မႈက်ဴးလြန္ထားသူေတြေပါ့။ ခင္ဗ်ားတို႔ ေျပာတာေတာ့ႏိုင္ငံေရး အက်ဥ္းသားလို႔ေျပာေပမယ့္ ရာဇဝတ္မႈက်ဴးလြန္ထားသူေတြက သူ႔ရဲ႕ ဥပေဒပုဒ္မနဲ႔ပဲ တရားစြဲဆိုထားတာျဖစ္တယ္။ အဲလူမ်ိဳးေတြေတာ့ ပါႏိုင္မွာမဟုတ္ပါဘူးဗ်ာ "

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ အက်ဥ္းသားလြတ္ၿငိမ္းခြင့္ ၅ ႀကိမ္လုပ္ခဲ့ပါတယ္။ ၂ဝ၂၁ ခုႏွစ္ေအာက္တိုဘာလမွာ အက်ဥ္းသားေထာင္နဲ႔ခ်ီ လြတ္ၿငိမ္းခြင့္ေပးခဲ့တုံးကေတာ့ ႏိုင္ငံေရးအက်ဥ္းသား ဆယ္ဂဏန္းသာ ပါခဲ့ပါတယ္။

..........................................................................

တိုက္႐ိုက္ လင့္ခ္

ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးလှုပ်ရှားသူတွေ မပါတာကြောင့် ဝေဖန်မှုတွေထွက်ပေါ်

{{Zawgyi/Unicode}}
ပြည်ထောင်စုနေ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့အထဲက အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ထိုက်သင့်ပြစ်ဒဏ်ကျပြီးသူ ၈၁၄ ဦးကို ခံဝန်နဲ့ ပြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ ပြန်လွတ်လာသူ ထက်ဝက်လောက်သာရှိတယ်လို့ လေ့လာစာရင်းပြုသူတချို့ကလည်း ထောက်ပြနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပါမယ်။

တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ ထိုက်သင့်ပြစ်ဒဏ် ကျခံထားပြီး စည်းကမ်းကောင်းမွန်စွာနေထိုင်နေတဲ့ အကျဉ်းသား ၈၁၄ ယောက်ကို လွတ်ငြိမ်းခွင့်ပြုတယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကြေညာခဲ့ပါတယ်။ နောက်တကြိမ်ပြစ်မှု ကျူးလွန်ရင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေနဲ့ ပေါင်းပြီးကျခံရမယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ နိုင်ငံရေးအကျဉ်းသားအရေး လုပ်နေသူတွေက ပြောပါတယ်။ ခုချိန်ထိရရှိတဲ့ စာရင်းတွေအရ နိုင်ငံရေးကြောင်း အကျဉ်းကျနေသူတွေ မပါဘူးလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

" ၈၁၄ ယောက်တဲ့ နောက်ဆုံး ဦးထွန်းကြည်တို့ သိတာသည် မူးယစ်ဆေးဝါးတောင်မပါဘူး။ နဂိုကဆို မူးယစ်ဆေးဝါးသမားတွေ တော်တော်များများ လွတ်ပေးတယ်။ အခုက ဓါးထိုးမှုတို့ လောင်းကစားတို့ ဒီလောက်ဘဲလွတ်တယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှပါတာမတွေ့ရဘူး"

ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကောင်စီအကြီးအကဲ လွတ်ငြိမ်းခွင့်ပေးခဲ့တာဟာ နိုင်ငံရေးအမှုတွေနဲ့ ထောင်ကျနေသူတွေအပေါ် အကျူံးမဝင်တဲ့ပုံဖြစ်နေတာမို့ မ ျှတမှု မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေအမှုကို ရှေ့နေလိုက်ပေးသူရှေ့နေက ခုလိုပြောပါတယ်။

" လွတ်ငြိမ်းသက်သာခွင့်ဆိုတဲ့ အခွင့်အရေးတရပ်က အားလုံးနဲ့ အကျုံးဝင်တဲ့ အခွင့်အရေးတရပ်ဖြစ်ဖို့လိုတာပေါ့ ။ ရာဇဝတ်အထွေထွေ အကျဉ်းသားတွေပဲ ခံစားစေ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ပြစ်မှုကျူးလွန်သူတွေတော့ ဒီအခွင့်အရေးခံစားခွင့်မပေးဘူးဆိုတဲ့ ခွဲခြားဆက်ဆံမှုမျိုးကတော့ ဒီလိုလွတ်ငြိမ်းခွင့်ပေးတဲ့နေရာမှာ မစဉ်းစားသင့်ဘူးလို့ ဒီတိုင်းဘဲမြင်တယ်။ လွတ်ငြိမ်းကြောင့် တော်တော်များများ လွတ်လာမယ်လို့ မျှော်လင့်နေချိန် အထွေထွေ အကျဉ်းသားတွေဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးပြီးတော့ ၅၀၅ အပါအဝင် နိုင်ငံရေးနွယ်တဲ့ ပြစ်မှုတွေနဲ့ပြစ်ဒဏ်ချခံရသူတွေမပါဘူးဆိုတာတော့ ညီမျှတဲ့ အခွင့်အရေးပေးပုံမျိုးမ ဟုတ်ဘူးလို့ဘဲမြင်ပါတယ် "

ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချခံထားရတဲ့ NLD အစိုးရ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ပြစ်ဒဏ် ထက်ဝက်ကာလ လွတ်ငြိမ်းခွင့်ပေးခဲ့သလို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုထားတဲ့ ၄၆ ဦးကို အမှုတွေပိတ် သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်မှာ တနိုင်ငံလုံး အကျဉ်းထောင်အသီးသီးကနေ ၈၁၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာပေမဲ့ စစ်ကောင်စီသတင်းစာတွေမှာ ထုတ်ပြန်တဲ့ စာရင်းတွေ၊ တိုင်းနဲ့ပြည်နယ်က လေ့လာစောင့်ကြည့်သူတွေ ပြုစုထားတဲ့ စာရင်းတွေအရတော့ လွတ်မြောက် အကျဉ်းသားဦးရေဟာ ၄ဝဝ နီးပါးသာရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးထွန်းကြည်ကလည်း သူတို့စာရင်းအရ ၈၁၄ ယောက် မရှိဘူးလို့ပြောပါတယ်။

" သူတို့က ယုံကြည်လို့မရတဲ့ အနေအထားဖြစ်သွားပြီလေ။ စာရွက်ပေါ် မှာကြေငြာတာ ၈၁၄ပေါ့။ ထောင်တွေလိုက် ကွန်တက်လုပ်တဲ့ အခါမှာလဲပွင့်ပွင့်လင်းလင်းပြောရင် အကစ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း မဖြေတာကများနေတာလေ။ သူကိုယ်တိုင်မသိဘူးလို့ ပြောနေတယ်။ အဓိက ၈၁၄ကိုလွတ်ပေးတာသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လို့ပြောတယ်။ တကယ့်တကယ်ကကျတော့ အနှောင်အဖွဲ့များစွာနဲ့ တင်းတင်းကြပ်ကြပ်လွတ်ပေးတာ။ တကယ်တကယ်အပြင် မှာကျတော့ ၄ပုံပုံ တပုံလောက်ဘဲ ဦးထွန်းကြည်ခန့်မှန်းလို့ရသေးတယ်။ ကျန်တဲ့သူတွေကိုဘယ်လိုပုံနဲ့ လွတ်ပေးမှာလဲ။ လွတ်ပေးပြီးပြီလား။ လွတ်ပေးတဲ့စာရင်းကကောသူတို့ပြောတာနဲ့ တကယ်လက်တွေ့ ကကော ကိုက်ညီရဲ့လား။ အဲဒါတွေကမေးခွန်းထုတ်စရာဖြစ်သွားတယ်။ လွတ်ပေးတဲ့သူတွေကို လိုက်တော့လဲ လွတ်ဖို့ ၄ လဘဲလိုတယ်တို့ ဒီလိုပုံဆိုတော့ လွတ်ပေးတယ်ဆိုတာဘဲ ကြေငြာချက်နဲ့စာရွက် ပေါ်မှာရှိတယ် တကယ့်လက်တွေ့အပေါ်မှာတော့ အလုပ်ဖြစ်တာမတွေ့ရဘူး "

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ထုတ်ပြန်ထားတဲ့အတိုင်း ၈၁၄ ယောက်ကို လွှတ်ပေးပြီးဖြစ်တယ်လို့ ဗီအိုအေကို ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်မလွှတ်တာနဲ့ ပါတ်သက်လို့လည်း ခုလို တုံ့ပြန်ပါတယ်။

" အဲနေ့က ၁၂နာရီမှာ ၈၁၄ယောက်စလုံးကို ဖေဖော်ဝါရီလ ၁၂ရက် နေ့ ၁၂နာရီအပြီး အားလုံးလွတ်ပြီးပါပြီ။ တနိုင်ငံလုံးကထောင်အသီးသီးကနေ လွတ်တာဗျ ထောင်တွေ က။ ကျနော်တို့ကတော့ သူ့မူအတိုင်းဘဲလွတ်တာဘဲ။ ၅ဝ၅ နဲ့တရားစွဲဆိုခံထားရသူတွေပါတယ်။ ဆန္ဒပြမှုမှာ အကြမ်းဖက်ဆန္ဒပြမှုကြောင့် တရားစွဲခံရသူတွေပါတယ်။ အဲထဲမှာတော့ကျနော်တို့ နောင်မှာမလုပ်ပါဘူးဝန်ခံချက်နဲ့ ကျနော်တို့လွတ်ရတာမျိုးဖြစ်တယ်ဗျ။ ဝန်ခံချက်မပေးသူတွေကတော့ ကျနော်တို့ လွတ်ပေးတဲ့အထဲ ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်တယ်။ ပြီးရာဇဝတ်မှုကျူးလွန်ထားသူတွေပေါ့။ ခင်ဗျားတို့ ပြောတာတော့နိုင်ငံရေး အကျဉ်းသားလို့ပြောပေမယ့် ရာဇဝတ်မှုကျူးလွန်ထားသူတွေက သူ့ရဲ့ ဥပဒေပုဒ်မနဲ့ပဲ တရားစွဲဆိုထားတာဖြစ်တယ်။ အဲလူမျိုးတွေတော့ ပါနိုင်မှာမဟုတ်ပါဘူးဗျာ "

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အကျဉ်းသားလွတ်ငြိမ်းခွင့် ၅ ကြိမ်လုပ်ခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ်အောက်တိုဘာလမှာ အကျဉ်းသားထောင်နဲ့ချီ လွတ်ငြိမ်းခွင့်ပေးခဲ့တုံးကတော့ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းသာ ပါခဲ့ပါတယ်။

XS
SM
MD
LG