သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မုံရြာေထာင္တြင္း ႏုိင္ငံေရးအက်ဥ္းသားေတြ ဖိႏွိပ္ခံရမႈသတင္းေတြထြက္ေပၚ


A family of prisoner (ယခင္မွတ္တမ္းဓါတ္ပုံ)

မုံရြာေထာင္တြင္း ႏုိင္ငံေရးအက်ဥ္းသားေတြ ဖိႏွိပ္ခံရမႈသတင္းေတြထြက္ေပၚ {{Zawgyi/Unicode}}

ႏိုင္ငံေရးအက်ဥ္းသား အမ်ားအျပားရွိေနတဲ့ စစ္ကိုင္းတိုင္း၊ မုံ႐ြာအက်ဥ္းေထာင္မွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ ဖိႏွိပ္မႈေတြျဖစ္ေနတယ္လို႔ မုံ႐ြာစီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ဇန္နဝါရီ ၂၅ ရက္က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ေထာင္အာဏာပိုင္ေတြရဲ႕ ဖိႏွိပ္မႈေတြ တေန႔တျခား ပိုဆိုးလာတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေတြကို အက်ဳိးေဆာင္ေပးေနတဲ့ ေရွ႕ေနေတြကလည္း ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ မုံ႐ြာအက်ဥ္းေထာင္တြင္း အေျခအေနေတြကိုေတာ့ ကိုခင္ေမာင္စိုးမင္း ကတင္ျပေပးမွာပါ။

မုံ႐ြာအက်ဥ္းေထာင္မွာ ေထာင္အာဏာပိုင္ေတြရဲ႕ ဖိႏွိပ္မႈ၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို မုံ႐ြာစီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ဇန္နဝါရီလ ၂၅ ရက္ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ မံု႐ြာအက်ဥ္းေထာင္ကေန ျပန္လြတ္လာသူရဲ႕ ေထာင္တြင္းအေျခအေနေျပာျပခ်က္အပါအဝင္ ေထာင္ထဲမွာ႐ွိေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြအေပၚ ေထာင္အာဏာပိုင္ေတြက ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္တာ၊ ႐ုန္းရင္းၾကမ္းတမ္းစြာ ေျပာဆို ၿခိမ္းေျခာက္တာ၊ အက်ဥ္းသားေတြဆီကေန ေငြေၾကးေကာက္ခံတာေတြ လုပ္ေနတယ္လို႔ ဒီထုတ္ျပန္ခ်က္မွာ ေရးသားထားတာပါ။

ႏွိပ္စက္ခံရလို႔ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသူေတြကိုလည္း မုံ႐ြာေထာင္အာဏာပိုင္ေတြက ေဆးကုသခြင့္မေပးဘူးလို႔ မုံ႐ြာတကၠသိုလ္က ေက်ာင္းသားတဦးျဖစ္သလို၊ မုံ႐ြာသပိတ္ေကာ္မတီရဲ႕ ေျပာခြင့္ရလည္းျဖစ္တဲ့ ကိုေအာင္သူၿဖိဳးက ဗြီအိုေအကို ေျပာပါတယ္။ အထူးသျဖင့္ ေထာင္တြင္းလႈပ္႐ွားမႈေတြ မလုပ္ေအာင္ ဖိႏွိပ္ေနတယ္လို႔ ေျပာပါတယ္။

“သူတို႔က တျခားစစ္မ်က္ႏွာျပင္ေတြမွာ ရႈံးလာတာတို႔၊ အထိနာတယ္ဆိုရင္ ေထာင္ထဲက သူတို႔ႏိုင္တဲ့၊ သူတို႔လက္ခုပ္ထဲ ေရာက္ေနသူေတြေပါ့ အဲဒါမ်ိဳးေတြကို စိတ္ထြက္ေပါက္အေနနဲ႔ ပိုၿပီးအႏိုင္က်င့္ေနတဲ့ပုံစံမ်ိဳး ေတြ႕ရတယ္။ ေနာက္ပိုင္းက်ေတာ့ သူတို႔က ေထာင္တြင္းလႈပ္ရွားမႈေတြေပါ့ဗ်ာ အဲဒါမ်ိဳးေတြ လုံးဝမေပၚေပါက္ေအာင္ ရည္႐ြယ္ၿပီးေတာ့ ျပင္းျပင္းထန္ထန္သူတို႔ အစကတည္းက ကနဦးခ်ိဳးႏွိမ္ၿပီးေတာ့ ဖိႏွိပ္ေနတယ္လို႔ပဲ ျမင္တယ္။"

၂၀၂၁ ခုႏွစ္ ဇြန္ ၁၉ရက္၊ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔က ေမတၱာသုတ္စုေပါင္း႐ြတ္ၾကတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြကို ေထာင္အာဏာပိုင္ေတြက ထုိးႀကိတ္ခ့ဲတယ္လို႔ မုံ႐ြာစီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြကို အခုေနာက္ပိုင္း ေန႔တိုင္းလိုလို အခ်ိန္အၾကာႀကီး ပံုစံထုိင္ခိုင္းတာ၊ မတ္တပ္ရပ္ခိုင္းတာေတြအျပင္ တခါတရံ ေထာင္မႉးေတြက အရက္အလြန္အကြၽံေသာက္ၿပီး အက်ဥ္းသားေတြကို ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ေနတာေတြလည္း႐ွိတယ္လို႔ မုံ႐ြာသပိတ္ေကာ္မတီရဲ႕ ေျပာခြင့္ရ မံု႐ြာတကၠသိုလ္ေက်ာင္းသား ကိုေအာင္သူၿဖိဳးကေျပာပါတယ္။

“မတ္တပ္ေတြရပ္ခိုင္းၿပီးေတာ့ PDF ေတြရဲ႕ မေကာင္းေၾကာင္းေတြ ေတာ္လွန္ေရး မေကာင္းေၾကာင္းေတြ မင္းတို႔ လက္သုံးေခ်ာင္းေထာင္တဲ့ဟာ ဘာအဓိပၸာယ္လဲ အဲလိုသူတို႔ရဲ႕ ယုံၾကည္ခ်က္ ရပ္တည္ခ်က္ကို ေစာ္ကားေမာ္ကားေတြေျပာၿပီးေတာ့ စစ္တပ္ေကာင္းေၾကာင္း အမႊန္းတင္တဲ့ဟာေတြ ေျပာေနတယ္ေပါ့ေနာ္။ အဓိကေတာ့သူတို႔ အဲဒီမွာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြ ျဖစ္တယ္ေပါ့။"

ခုလို မုံ႐ြာအက်ဥ္းေထာင္မွာ အက်ဥ္းသားအခြင့္အေရး ခ်ိဳးေဖာက္တာေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနတာဟာ မွန္ကန္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ ေရွ႕ေနတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ေရွ႕ေနေတြရဲ႕ လုပ္ကိုင္ခြင့္နဲ႔ပတ္သက္ၿပီး ေထာင္ထဲမွာ ကန႔္သတ္မႈေတြရွိေနသလို သူတို႔အေနနဲ႔ ဒီအေၾကာင္းေတြကို ျပင္ပမီဒီယာေတြကို ျပန္ေျပာျပဖို႔အတြက္လည္း လုံၿခဳံေရးအေျခအေနအရ ခက္ခဲေၾကာင္းေ႐ွ႕ေနတေယာက္က ခုလိုေျပာျပပါတယ္။

“မွန္ပါတယ္ အဲဒါက။ သူတို႔မွမဟုတ္ပါဘူး က်ေနာ္တို႔အားလုံးလည္း ခက္ခဲေနပါတယ္ ေလာေလာဆယ္မွာေလ အမွန္အတိုင္းေျပာတာပါ။ ဒီေနာက္ပိုင္းမွာ ေတာ္ေတာ္ေလး တင္းက်ပ္သြားတာေတာ့ မွန္ပါတယ္။ က်ေနာ္တို႔ သိထားတာေတာ့ မ်ားပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ မွတ္ခ်က္ေျပာလိုတာက က်ေနာ္တို႔ အမႈလိုက္ေရွ႕ေနေတြ ကိုယ္တိုင္ကိုယ္က သြားေရးလာေရးေရာ၊ ဝင္ေရးထြက္ေရးေရာ အေတာ္ၾကပ္ေနပါတယ္။သူတို႔ဆီသြားေတာ့ သူတို႔စည္းကမ္းေပါ့ဗ်ာ။”

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာအာဏာသိမ္းမႈအေပၚ တက္တက္ႂကြႂကြ ဆန္႔က်င္ ဆႏၵျပတဲ့ၿမိဳ႕ေတြထဲမွာ မံု႐ြာၿမိဳ႕လည္းပါဝင္ပါတယ္။စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ မုံ႐ြာအက်ဥ္းေထာင္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူအမ်ားစုဟာလည္း ဆႏၵျပလႈပ္ရွားမႈေတြ၊ ႏိုင္ငံေရး လႈပ္ရွားမႈေတြမွာ ပါဝင္ပတ္သက္သူေတြျဖစ္ပါတယ္။ ေထာင္ထဲမွာလည္း အက်ဥ္းသားဝင္ဆံ့တဲ့ ဦးေရထက္ ပိုၿပီးမ်ားျပားေနတယ္လို႔လည္း မုံ႐ြာၿမိဳ႕ခံတခ်ိဳ႕က ေျပာပါတယ္။ အမ်ားစုက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅(က) တို႔ အၾကမ္းဖက္ဥပေဒတို႔နဲ႔ တရားစြဲဆိုခံေနၾကရပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္


မုံရွာထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံရမှုသတင်းတွေထွက်ပေါ်

{{Unicode}}

နိုင်ငံရေးအကျဉ်းသား အများအပြားရှိနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်မှုတွေဖြစ်နေတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေ တနေ့တခြား ပိုဆိုးလာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေကလည်း ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ မုံရွာအကျဉ်းထောင်တွင်း အခြေအနေတွေကိုတော့ ကိုခင်မောင်စိုးမင်း ကတင်ပြပေးမှာပါ။

မုံရွာအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီလ ၂၅ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မုံရွာအကျဉ်းထောင်ကနေ ပြန်လွတ်လာသူရဲ့ ထောင်တွင်းအခြေအနေပြောပြချက်အပါအဝင် ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ ရုန်းရင်းကြမ်းတမ်းစွာ ပြောဆို ခြိမ်းခြောက်တာ၊ အကျဉ်းသားတွေဆီကနေ ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ ဒီထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

နှိပ်စက်ခံရလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတွေကိုလည်း မုံရွာထောင်အာဏာပိုင်တွေက ဆေးကုသခွင့်မပေးဘူးလို့ မုံရွာတက္ကသိုလ်က ကျောင်းသားတဦးဖြစ်သလို၊ မုံရွာသပိတ်ကော်မတီရဲ့ ပြောခွင့်ရလည်းဖြစ်တဲ့ ကိုအောင်သူဖြိုးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် ထောင်တွင်းလှုပ်ရှားမှုတွေ မလုပ်အောင် ဖိနှိပ်နေတယ်လို့ ပြောပါတယ်။

“သူတို့က တခြားစစ်မျက်နှာပြင်တွေမှာ ရှုံးလာတာတို့၊ အထိနာတယ်ဆိုရင် ထောင်ထဲက သူတို့နိုင်တဲ့၊ သူတို့လက်ခုပ်ထဲ ရောက်နေသူတွေပေါ့ အဲဒါမျိုးတွေကို စိတ်ထွက်ပေါက်အနေနဲ့ ပိုပြီးအနိုင်ကျင့်နေတဲ့ပုံစံမျိုး တွေ့ရတယ်။ နောက်ပိုင်းကျတော့ သူတို့က ထောင်တွင်းလှုပ်ရှားမှုတွေပေါ့ဗျာ အဲဒါမျိုးတွေ လုံးဝမပေါ်ပေါက်အောင် ရည်ရွယ်ပြီးတော့ ပြင်းပြင်းထန်ထန်သူတို့ အစကတည်းက ကနဦးချိုးနှိမ်ပြီးတော့ ဖိနှိပ်နေတယ်လို့ပဲ မြင်တယ်။"

၂၀၂၁ ခုနှစ် ဇွန် ၁၉ ရက်၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က မေတ္တာသုတ်စုပေါင်းရွတ်ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထိုးကြိတ်ခဲ့တယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အခုနောက်ပိုင်း နေ့တိုင်းလိုလို အချိန်အကြာကြီး ပုံစံထိုင်ခိုင်းတာ၊ မတ်တပ်ရပ်ခိုင်းတာတွေအပြင် တခါတရံ ထောင်မှူးတွေက အရက်အလွန်အကျွံသောက်ပြီး အကျဉ်းသားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်နေတာတွေလည်းရှိတယ်လို့ မုံရွာသပိတ်ကော်မတီရဲ့ ပြောခွင့်ရ မုံရွာတက္ကသိုလ်ကျောင်းသား ကိုအောင်သူဖြိုးကပြောပါတယ်။

“မတ်တပ်တွေရပ်ခိုင်းပြီးတော့ PDF တွေရဲ့ မကောင်းကြောင်းတွေ တော်လှန်ရေး မကောင်းကြောင်းတွေ မင်းတို့ လက်သုံးချောင်းထောင်တဲ့ဟာ ဘာအဓိပ္ပာယ်လဲ အဲလိုသူတို့ရဲ့ ယုံကြည်ချက် ရပ်တည်ချက်ကို စော်ကားမော်ကားတွေပြောပြီးတော့ စစ်တပ်ကောင်းကြောင်း အမွှန်းတင်တဲ့ဟာတွေ ပြောနေတယ်ပေါ့နော်။ အဓိကတော့သူတို့ အဲဒီမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တယ်ပေါ့။"

ခုလို မုံရွာအကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဟာ မှန်ကန်ကြောင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။ ရှေ့နေတွေရဲ့ လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး ထောင်ထဲမှာ ကန့်သတ်မှုတွေရှိနေသလို သူတို့အနေနဲ့ ဒီအကြောင်းတွေကို ပြင်ပမီဒီယာတွေကို ပြန်ပြောပြဖို့အတွက်လည်း လုံခြုံရေးအခြေအနေအရ ခက်ခဲကြောင်းရှေ့နေတယောက်က ခုလိုပြောပြပါတယ်။

“မှန်ပါတယ် အဲဒါက။ သူတို့မှမဟုတ်ပါဘူး ကျနော်တို့အားလုံးလည်း ခက်ခဲနေပါတယ် လောလောဆယ်မှာလေ အမှန်အတိုင်းပြောတာပါ။ ဒီနောက်ပိုင်းမှာ တော်တော်လေး တင်းကျပ်သွားတာတော့ မှန်ပါတယ်။ ကျနော်တို့ သိထားတာတော့ များပါတယ်။ ဒါပေမဲ့ ကျနော်တို့ မှတ်ချက်ပြောလိုတာက ကျနော်တို့ အမှုလိုက်ရှေ့နေတွေ ကိုယ်တိုင်ကိုယ်က သွားရေးလာရေးရော၊ ဝင်ရေးထွက်ရေးရော အတော်ကြပ်နေပါတယ်။ သူတို့ဆီသွားတော့ သူတို့စည်းကမ်းပေါ့ဗျာ။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာအာဏာသိမ်းမှုအပေါ် တက်တက်ကြွကြွ ဆန့်ကျင် ဆန္ဒပြတဲ့မြို့တွေထဲမှာ မုံရွာမြို့လည်းပါဝင်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူအများစုဟာလည်း ဆန္ဒပြလှုပ်ရှားမှုတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သူတွေဖြစ်ပါတယ်။ ထောင်ထဲမှာလည်း အကျဉ်းသားဝင်ဆံ့တဲ့ ဦးရေထက် ပိုပြီးများပြားနေတယ်လို့လည်း မုံရွာမြို့ခံတချို့က ပြောပါတယ်။ အများစုက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) တို့ အကြမ်းဖက်ဥပဒေတို့နဲ့ တရားစွဲဆိုခံနေကြရပါတယ်။

XS
SM
MD
LG