သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ တွဲရေး ခွဲရေး ဗြိတိန်မှာ ဆန္ဒခံယူပွဲစတင်


ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် အဖြစ် ဗြိတိန် နိုင်ငံ ဆက်ပြီး ပါဝင်မလားဆိုတာကို ဒီကနေ့ နှောင်းပိုင်းမှာ အဆုံးအဖြတ်ပေးမယ့် သမိုင်းဝင် လူထု ဆန္ဒခံယူပွဲကို ဒီကနေ့ စတင်နေပါပြီ။ လူထုစစ်တမ်းတွေ အရတော့ ခွဲရေး၊ တွဲရေး နှစ်ဘက်စလုံးတို့က ရလဒ် မတိမ်းမယိမ်းရှိနေတာပါ။ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေကို အဓိကထားခဲ့ကြတဲ့ ၂ လကြာ မဲဆွယ်စည်းရုံးမှုတွေကြောင့် လာရောက်မဲပေးသူ အများအပြား ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၀၀ ပြည့်နှစ်ကတည်းက စလို့ ရွှေ့ပြောင်းဝင်ရောက်သူ နှုန်း ၂ ဆ မြင့်တက် လာတဲ့ ဗြိတိန်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေး ကိစ္စက အတော်လေး အလွဲအမှား မခံဘဲ အကဲဆတ်လှသလို လူထုကြားမှာလည်း ကွဲပြားမှုတွေ ရှိနေတာပါ။ ဝန်ကြီးချုပ် David Cameron ကတော့ EU အဖွဲ့ဝင် အဖြစ် ဆက်လက်ရပ်တည်ဖို့ ဦးဆောင် ပြောဆိုနေတာ ဖြစ်ပါတယ်။

မနေ့ ကြာသပတေးနေ့ကလည်း ဘယ်ဘက်ကို မဲပေးရမလဲ မရေမရာ ဖြစ်နေသေးတဲ့ မဲဆန္ဒရှင်တွေကို နောက်ဆုံး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ ခိုင်မာတောင့်တင်းတယ်၊ ဥရောပ သမဂ္ဂ ပြုပြင်ပြောင်းလဲရေးမှာ ဗြိတိန်နိုင်ငံ အနေနဲ့ ပိုပြီး လုပ်နိုင်စွမ်းရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ အနေနဲ့ အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဥရောပ သမဂ္ဂကနေ နုတ်ထွက်လိုက်မယ် ဆိုရင်တော့ ဗြိတိန်ရဲ့ စီးပွားရေးကို အထိနာစေလိမ့်မယ်လို့လည်း ဝန်ကြီးချုပ် David Cameron နဲ့ EU အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ရေးကို ဆန့်ကျင်သူတို့ က ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG