သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီအရေး ကန်ဆက်ကူညီမည်ဟု Pompeo ပြော


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

စကာၤပူနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ အစည်းအဝေးတွေအတွင်း မြန်မာ့အရေးကိုလည်း အလေးထား ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ လက်ရှိ ဆောင်ရွက်နေကြတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံအားပေးကြောင်း၊ ရခိုင်ပြည်နယ်တွင်းက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြသနာတွေ ပြေလည်စေရေး အတွက် အရေးတကြီး ဆောင်ရွက်စရာတွေကို ဆွေးနွေးခဲ့ကြကြောင်း " သတင်းစာရှင်းလင်းပွဲ အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

ASEAN အစည်းအဝေး အတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နဲ့ တွေ့ဆုံတာမှာတော့ ဖမ်းဆီးထားတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အာဆီယံ အစည်းအဝေးတွေ အတွင်း မြန်မာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နဲ့ သီးခြားတွေ့ဆုံတာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဒီကိစ္စကို ပြောဆိုခဲ့တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Hauert က ဗွီအိုအေကို ပြောပါတယ်၊ ရိုက်တာ သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားမှု အပေါ် အမေရိကန်က အထူးဘဲ စိုးရိမ်မကင်း ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောပါတယ်။ ရိုက်တာ သတင်းထောက် နှစ်ဦးတို့ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲချက်တင် ရုံးထုတ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG