သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါ်တူကီဘုရားကျောင်းများ လိင်အနိုင်ကျင့်မှုအရှုပ်တော်ပုံတွေ ပုပ်ရဟန်းမင်းသတိပေး


Pope Francis က လစ္စဘွန်းမြို့မှာ ပေါ်တူကီဝန်ကြီးချုပ်နဲ့တွေ့ဖို့အသွား လူထုကို နှုတ်ဆက်နေစဥ်။ (သြဂုတ် ၂၊ ၂၀၂၃)
Pope Francis က လစ္စဘွန်းမြို့မှာ ပေါ်တူကီဝန်ကြီးချုပ်နဲ့တွေ့ဖို့အသွား လူထုကို နှုတ်ဆက်နေစဥ်။ (သြဂုတ် ၂၊ ၂၀၂၃)

ပေါ်တူကီကိုရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ လိင်အနိုင်ကျင့်မှု အရှုပ်တော်ပုံအတွေအတွက် ပေါ်တူဂီ ကတ်သလစ်ဘုရားကျောင်းအကြီးအကဲတွေကို သတိပေးပြောဆိုပြီး ဒီလို အနိုင်ကျင့်ခံရသူတွေကို လက်ခံစကားပြော သူတို့ခံစားမှုတွေကို နားထောင်ပေးဖို့ ဘုန်းတော်ကြီးတွေကို တိုက်တွန်းပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ၅ ရက်ကြာ ပေါ်တူကီခရီးစဉ်မှာ အရင်ဆုံးတော့ ကမ္ဘာ့လူငယ်များနေ့ ကတ်သလစ်ပွဲတော်ကို တက်ရောက်ပါတယ်။

ပေါ်တူကီဘုရားကျောင်းကနေ ငှားရမ်းထားတဲ့ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ရဲ့ စုံစမ်းရေးအစီအရင်ခံစာအရ ဘုန်းတော်ကြီးတွေနဲ့ တခြားဘုရားကျောင်းဝန်ထမ်းတွေဟာ ၁၉၅၀ ခုနှစ်ကတည်းကဆိုရင် အမျိုးသားနဲ့အမျိုးသမီးငယ် ၄,၈၁၅ ဦးထက်မနည်းကို အနိုင်ကျင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီအစီရင်ခံစာမထွက်ခင် ကတော့ ဒီလိုအဖြစ်အပျက်မျိုးတွေ အနည်းအကျဉ်းသာဖြစ်ခဲ့တယ်ဆိုပြီး ပေါ်တူကီဘုရားကျောင်းတာဝန်ရှိသူတွေက ခုခံပြောဆိုခဲ့ကြတာပါ။ ဒီ အစီရင်ခံစာထွက်လာတော့လည်း အစီရင်ခံစာထဲပါတဲ့ ကျူးလွန်သူတွေကို အရေးယူဖယ်ရှားဖို့ ဒါမှမဟုတ် ကျူးလွန်ခံရသူတွေကို နစ်နာကြေးပေးဖို့ ဆိုတာတွေကို ဘုရားကျောင်းက ကနဦးအားဖြင့် ငြင်းပယ်ခဲ့ပါတယ်။

အစီရင်ခံစာထွက်ပြီးတဲ့နောက် ဖေဖော်ဝါရီလအတွင်း နစ်နာသူတွေအတွက် ဆုတေင်းပွဲလုပ်ခဲ့ကြတဲ့ ပေါ်တူကီမြို့တော်ရဲ့ အထင်ကရ Jeronimos ဘုရားကျောင်းမှာပဲလုပ်တဲ့ ကတ်သလစ်ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက အခုလို စိုးရိမ်မှုကို ပြောခဲ့တာပါ။ ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးအနေနဲ့ အခုလို လိင်အနိုင်ကျင့်ခံရသူတွေနဲ့ အခု အပတ်အတွင်းမှာပဲ တွေ့မယ်လို့ ယူဆရပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အရင်နိုင်ငံခြားခရီးစဉ်တွေမှာလည်း အလားတူ တွေ့ဆုံမှုမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။ ပေါ်တူကီကတ်သလစ်ဘုန်းတော်ကြီးများအသင်း အကြီးအကဲဖြစ်သူ ဘုန်းတော်ကြီး Jose Ornelas က ဗုဒ္ဂဟူးနေ့အစောပိုင်း မိန့်ခန်းထဲမှာ ကလေးငယ်တွေကို အကာအကွယ်ပေးရေးအထူးအာရုံထားပြီး အလားတူ အနိုင်ကျင့်မှုမျိုးတွေကနေ အကာအကွယ်ပေးသွားမယ်လို့ ကတိပြုပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG