သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကျောက်ကပ်ရောဂါခံစားနေရကြောင်း စမ်းသပ်တွေ့ရှိ 


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကုသမှုခံယူနေတဲ့ ရောမမြို့၊ Gemelli ဆေးရုံရှေ့က John Paul II ရုပ်oတုရှေ့မှာ ပုပ်ရဟန်းမင်း နေကောင်းကျန်းမာဖို့ လာရောက်ဆုတောင်းပေးနေကြသူများ။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကုသမှုခံယူနေတဲ့ ရောမမြို့၊ Gemelli ဆေးရုံရှေ့က John Paul II ရုပ်oတုရှေ့မှာ ပုပ်ရဟန်းမင်း နေကောင်းကျန်းမာဖို့ လာရောက်ဆုတောင်းပေးနေကြသူများ။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅)

အသက်ရှူလမ်းကြောင်း ပိုးဝင်ရာက ၁၀ ရက်ကြာ ဆေးကုသမှုခံယူနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္လာနေ့မှာ အနားယူနေတယ်လို့ ဗာတီကန်ကျောင်းတော်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အဆုပ်မှာ ပိုးဝင်ရာကနေ အခုအခါ ကျောက်ကပ်ရောဂါပါ ဆက်လက် ခံစားနေရတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ မနေ့ညက ကောင်းမွန်စွာအိပ်စက်နိုင်ခဲ့ပြီး မနက်မှာ နိုးထလာကြောင်း အနားယူတဲ့အနေနဲ့ လက်ရှိမှာအိပ်စက်နေကြောင်း ဗာတီကန်ကျောင်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သွေးစစ်ချက်တွေအရ ပုပ်ရဟန်းမင်းကြီးမှာ ကျောက်ကပ်စတင်ပျက်စီးတဲ့ လက္ခဏာတွေ့ရပေမဲ့ ထိန်းနိုင်တဲ့ အခြေအနေမှာရှိတယ်လို့လည်း တနင်္ဂနွေနေ့အစောပိုင်း ဆရာဝန်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ပေမယ့် စနေနေ့ကစ အသက်ရှူလမ်းကြောင်းရောဂါ ခံစားရတာမရှိတော့ဘူးလို့လည်း ပြောပါတယ်။

တနင်္ဂနွေနေ့မှာ အသက်ရှူစက်နဲ့ ရှူနေရပေမယ့် သတိရနေပြီး တုံ့ပြန်နိုင်စွမ်းရှိတဲ့အပြင် ဝတ်ပြု ဆုတောင်းပွဲကိုလည်း တက်ခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေကိုတော့ သတိထားစောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG