သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အရှေ့တီမောနိုင်ငံ ရောက်ရှိ

အရှေ့တီမောနိုင်ငံသမ္မတ Jose Ramos-Horta နဲ့အတူတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၉၊ ၂၀၂၄)
အရှေ့တီမောနိုင်ငံသမ္မတ Jose Ramos-Horta နဲ့အတူတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၉၊ ၂၀၂၄)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ အရှေ့တီမောနိုင်ငံကို ရောက်ရှိပါတယ်။ စက်တင်ဘာ ၂ ရက်ကနေ ၁၃ ရက် အတွင်း အရှေ့တောင်အာရှနဲ့ တောင်ပစိဖိတ်ဒေသ ခရီးစဉ်မှာ အင်ဒိုနီးရှားနဲ့ Papua New Guinea နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အရှေ့တီမောမြို့တော် Dili ကို ခရီးဆက်ခဲ့တာပါ။

တီမောနိုင်ငံခေါင်းဆောင်တွေနဲ့ သံတမန်တွေကို ဒီနေ့ ညနေပိုင်းမှာ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံပြီး အင်ဒိုနီးရှားနိုင်ငံလက်အောက်က လွတ်လပ်ရေး ရခဲ့တဲ့ အနှစ် အနှစ်၂၀ကျော် ကာလ သွေးထွက်သံယိုနဲ့ နာကျင် ထိခိုက်မှုတွေကြားက ရုန်းကန် ရပ်တည်ခဲ့တဲ့ ကြိုးပမ်းမှုတွေကို ပုပ်ရဟန်းမင်းကြီး အားပေး ချီးကျုးစကား ပြောဆိုပါတယ်။

အာရှရဲ့ အငယ်ဆုံးနိုင်ငံဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ အရှေ့တီမောရဲ့ လူဦးရေ ၉၇ ရာခိုင်နှုန်း၊ ၁သန်း၂သိန်းကျော် က ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ပုပ်ရဟန်းမင်းကြီး ဒုတိယ John Paul အရှေ့တီမောကို လာရောက်ခဲ့ဖူးပြီး အဲဒီအချိန်က အင်ဒိုနီးရှားနိုင်ငံ သိမ်းပိုက်ခံထားရတဲ့ အချိန်ဖြစ်ပါတယ်။ အရှေ့တီမော လွတ်လပ်ရေးကို လမ်းဖွင့်ပေးခဲ့တဲ့ ၁၉၉၉ ဩဂုတ်လကုန် ကုလသမဂ္ဂက ကြီးကြပ်ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲ ၂၅ နှစ်မြောက် ငွေရတု အလွန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရောက်လာတာလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး အရှေ့တီမောနိုင်ငံ ရောက်ရှိ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG