သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအကြမ်းဖက်မှုတွေ တိုက်ဖျက်ဖို့ ပုပ်ရဟန်းမင်းကြီးနဲ့ အင်ဒိုနီးရှား ဗလီခေါင်းဆောင်တို့ တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ Istiqlal ဗလီမှာ ဗလီရဲ့အကြီးအကဲဖြစ်တဲ့ Nasarudding Umar နဲ့အတူတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (စက်တင်ဘာ ၅၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ Istiqlal ဗလီမှာ ဗလီရဲ့အကြီးအကဲဖြစ်တဲ့ Nasarudding Umar နဲ့အတူတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (စက်တင်ဘာ ၅၊ ၂၀၂၄)

ဘာသာရေးလှုံဆော်မှုတွေကြောင့်ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ပြီး၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက် သွားမယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ အရှေ့တောင်အာရှက အကြီးဆုံးဗလီခေါင်းဆောင် Nasaruddin Umar တို့က ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ဒီနေ့မှာတော့ ဂျကာတာမြိုမှာရှိတဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဗလီဖြစ်တဲ့ Istiqlal ဗလီကို သွားရောက်ပြီး ဗလီရဲ့အကြီးအကဲဖြစ်တဲ့ Nasarudding Umar အပါအဝင် အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ဘာသာ ၆ ခုက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက သက်ဆိုင်ရာဘာသာဝင်အားလုံးကို ဘုရားသခင်ကို တွေ့အောင်ရှာပြီး အပြန်အလှန် ချစ်ခင်လေးစားမှုပေါ်မှာ အခြေခံပြီး၊ အစွန်းရောက်မှုတွေ တင်းမာခက်ထန်မှုတွေကို ကာကွယ်နိုင်တဲ့ ပွင့်လင်းတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်တဲ့နေရာမှာ ပါဝင်ကူညီဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တိုက်တွန်းလိုက်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ Istiqlal ဗလီခေါင်းဆောင်တို့ဟာ တဦးနဲ့ တဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဦးခေါင်းကို Nasaruddin က နမ်းခဲ့သလို၊ Nasaruddin ရဲ့ လက်ကိုလည်း ပုပ်ရဟန်းမင်းကြီးက ကိုင်ပြီး နမ်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အာရှ ၄ နိုင်ငံကို ၁၁ ရက်ကြာခရီးစဉ်အဖြစ်နဲ့ သွားရောက်နေတာမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဘာသာရေးအရ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရေး တိုက်တွန်းဖို့နဲ့ ပိုပြီးကျယ်ပြန့်တဲ့ လူမှုအသိုင်းအဝိုင်းတွေ ဖြစ်ပေါ်လာဖို့အတွက် ကက်သလစ်ဘုရားကျောင်းတွေဘက်က လုပ်ဆောင်နေတာတွေကို ထပ်လောင်း ကတိပြုဖို့အတွက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG