သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးဆုတောင်း

အပတ်စဥ် ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (ဩဂုတ် ၂၁၊ ၂၀၂၄)
အပတ်စဥ် ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (ဩဂုတ် ၂၁၊ ၂၀၂၄)

မြန်မာ အပါအဝင် ကမ္ဘာတဝန်း ဘေးဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ သူတွေအတွက် ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့သပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေကို ဒီကနေ့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ ပုံမှန် အပတ်စဥ် ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက ခုလို မိန့်ကြားခဲ့တာပါ။

“ဒုက္ခတွေနဲ့ အကြီးအကျယ် ကြုံတွေ့နေရတဲ့ ယူကရိန်းကို မမေ့ကြပါနဲ့စို့။ စစ်ပွဲတွေ ဖြစ်နေတဲ့ မြန်မာ၊ တောင်ဆူဒန်၊ North Kivu နဲ့ တခြား နိုင်ငံတွေကိုလည်း မမေ့လျော့ဘဲ ငြိမ်းချမ်းရေး အတွက် ဆုတောင်းပေးကြရအောင်ပါ။ ပါလက်စတိုင်းနဲ့ အစ္စရေးကိုလည်း မမေ့မလျော့ ဆုတောင်းပေးကြပါစို့” ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့ ဝတ်ပြုပွဲမှာ မေတ္တာပို့ပေးခဲ့တာပါ။

ယူကရိန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ မြန်မာနိုင်ငံမှာလည်း တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေပြီး စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီ တိုးလာနေချိန်၊ အရှေ့အလယ်ပိုင်း ဒေသမှာလည်း အစ္စရေး−ဟာမတ်စ် စစ်ပွဲနဲ့ တင်းမာမှုတွေ တိုးလာနေချိန်မှာ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း ကို ထပ်မံ တိုက်တွန်းလိုက်တာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ပိုမို ကျယ်ပြန့်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ သဘာဝဘေး ဒုက္ခတွေကြောင့် လူဦးရေ ၁၈.၆ သန်း (နိုင်ငံလူဦးရေရဲ့ သုံးပုံ တပုံလောက်) ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (OCHA) ကလည်း ဒီလ ၁၉ ရက်နေ့ကပဲ ထုတ်ပြန် သတိပေးထားတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးဆုတောင်း
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG