သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ကာလ မြန်မာနဲ့ ကမ္ဘာမှာ စစ်ပွဲတွေ အဆုံးသတ်ရေး ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ဗာတီကန်စီးတီး St.Peter ရင်ပြင်မှာ လူထုကိုနှုတ်ဆက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (ဇူလိုင် ၁၄၊ ၂၀၂၄)
ဗာတီကန်စီးတီး St.Peter ရင်ပြင်မှာ လူထုကိုနှုတ်ဆက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (ဇူလိုင် ၁၄၊ ၂၀၂၄)

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲတွေဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း စစ်ရေးပဋိပက္ခတွေအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တွေရဖို့ အခါသမယ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး မိန့်ကြားလိုက်ပါတယ်။

ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ မြန်မာနိုင်ငံ နဲ့ နိုင်ငံအတော်များများက စစ်ပွဲတွေ အဆုံးသတ်ရေး ဆုတောင်းကြဖို့နဲ့ စစ်ဟာ အားလုံးအတွက် ဆုံးရှုံးမှုသာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis က မနေ့က ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ မိန့်ကြားခဲ့တာပါ။ ဇူလိုင်လ ၂၆ ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော် Seine မြစ်ပေါ်မှာ စတင်ဖွင့်လှစ်မယ့် အခမ်းအနားတွေကို ကမ္ဘာတဝှမ်းက အားကစားသမား တသောင်းငါးရာနဲ့ နိုင်ငံတကာက အကြီးအကဲတရာကျော် တက်ရောက်ဖို့ ရှိပါတယ်။

ရှေးအစဉ်အလာအရ အိုလံပစ်ပွဲတော်တွေ ကျင်းပတာဟာ စစ်မက်ဖြစ်ပွားနေတဲ့အချိန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရဖို့ အခွင့်အရေး ဖြစ်သလို ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ ဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အချိန်အခါလည်း ဖြစ်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG