သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီစတာဝတ်ပြုပွဲမှာ မြန်မာနဲ့ပဋိပက္ခကြုံနိုင်ငံတွေအတွက် ပုပ်ရဟန်းမင်း ဆုတောင်း


ဗာတီကန်မှာကျင်းပတဲ့ အီစတာပွဲတော် တနင်္ဂနွေနေ့ဝတ်ပြုဆုတောင်းပွဲ (မတ်လ ၃၁၊ ၂၀၂၄)
ဗာတီကန်မှာကျင်းပတဲ့ အီစတာပွဲတော် တနင်္ဂနွေနေ့ဝတ်ပြုဆုတောင်းပွဲ (မတ်လ ၃၁၊ ၂၀၂၄)

စိန့်ပီတာရင်ပြင်မှာကျင်းပတဲ့ အီစတာပွဲတော် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ကမ္ဘာ့အကျပ်အတည်းတွေပြေလည်ရေးနဲ့ ငြိမ်းချမ်းရေးပေါ်ပေါက်လာစေဖို့ ပုပ်ရဟန်းမင်းကြီး Francis က အလေးအနက် ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲပြီး အကျဥ်းသားတွေလှဲလှယ်နိုင်ဖို့အပြင် ရုရှား ယူကရိန်း၊ ဆီးရီးယား၊ လက်ဘနွန်၊ ဟေတီ၊ အာဖရိကနဲ့ ရိုဟင်ဂျာအရေးတင်မကဘဲ ပြည်တွင်းပဋိပက္ခတွေကြောင့် ထိခိုက်ပျက်စီးနေတဲ့ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးလမ်းစပေါ်ပေါက်စေဖို့အတွက်ကိုပါ အလေးအနက် တိုက်တွန်းတောင်းဆိုသွားပါတယ်။

စနေနေ့ ညပိုင်းမှာကျင်းပခဲ့တဲ့ အီစတာဝတ်ပြုပွဲ နှစ်နာရီခွဲကြာ တက်ရောက်ဆုတောင်းပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးကို တနင်္ဂနွေနေ့အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲမှာ ကျန်းကျန်းမာမာနဲ့ တွေ့ရပါတယ်။ ငယ်ရွယ်စဥ်က အဆုတ်တပိုင်းတစထုတ်ခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဆောင်းတွင်းတတွင်းလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာပါ။

တနင်္ဂနွေနေ့ ဝတ်ပြုပွဲကို တက်ရောက်လာသူ ၃ သောင်းလောက်ရှိတယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။ ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့ ဘာသာရေးပွဲတော်တခုဖြစ်တဲ့ အီစတာပွဲတော်နေ့ဟာ ယေရှုခရစ်တော် ကားစင်တင် ကွပ်မျက်ခံရပြီး ပြန်လည်ရှင်ပြန်ထမြောက်တဲ့ အထိမ်းအမှတ်နေ့အဖြစ် ယုံကြည်ကျင်းပကြတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG