သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာအကူအညီအတွက် ပုပ်ရဟန်းမင်းပန်ကြား 


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ပုပ်ရဟန်းမင်းကြီးက တနင်္ဂနွေနေ့က ပန်ကြားလိုက်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဝိသေသအပြုံးနေရာမှာ လက်နက်သံတွေနဲ့ နာကျင်ငိုညည်းသံတွေ က နေရာယူခဲ့တာ သုံးနှစ်တာရှိခဲ့ပါပြီ။ ဖျက်ဆီးရေးလက်နက်တွေကို လူသားမျိုးနွယ်နဲ့ တရားမျှတမှုကြီးထွားရေး လက်နက်ကိရိယာတွေအဖြစ် အသွင်ပြောင်းဖို့ တချို့ မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေက တောင်းဆိုကြတဲ့အထဲမှာ သူလည်း အတူလက်တွဲ တောင်းဆိုလိုက်ပါတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဟာ ခရီးတခုဖြစ်ပြီး ပါဝင်ပတ်သက်တဲ့အဖွဲ့အားလုံး ဆွေးနွေးညှိနှိုင်းရေးခြေလှမ်းကို လှမ်းကြဖို့ ပန်ကြားလိုကြောင်း၊ တဦးနဲ့တဦး နားလည်ကြစေလိုကြောင်း၊ ဒါမှသာ မြန်မာနိုင်ငံဟာ ညီအစ်ကိုမောင်နှမတွေ ရင်ကြားစေ့နိုင်တဲ့ပန်းတိုင်ကို ရောက်ရှိမှာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေခွင့်ပြုဖို့လည်း ပုပ်ရဟန်းမင်းကြီး က ပန်ကြားသွားပါတယ်။ တနင်္ဂနွေနေ့က ဗာတီကန် စိန့်ပီတာ ရင်ပြင်မှာလုပ်တဲ့ အများပြည်သူ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG