သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သီတင်းတပတ်ကြာ ခရီးထွက်မည်


ပုပ်ရဟန်းမင်း Francis
ပုပ်ရဟန်းမင်း Francis

ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ စတင်မယ့် ၃ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာသီးခြားစီ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေမှာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့ သီးသန့်တွေ့ဆုံပြီး စိန့်မေရီ ဘုရားကျောင်းမှာတော့ ခရစ်ယာန် ဂိုဏ်းအုပ် ဆရာတော်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနေ့မှာဘဲ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ လူထု ဆုတောင်းပွဲကိုလည်း ကျင်းပမှာ ဖြစ်ပြီး ခရီးစဉ် နောက်ဆုံးနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ လူငယ်တွေနဲ့တော့ စိန့်မေရီ ဘုရားကျောင်းမှာ တွေ့ဆုံမယ်လို့ ဗာတီကန် နန်းတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်က ပုပ်ရဟန်းမင်းကြီး တပါးရဲ့ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာ ခရီးစဉ် အပြီးမှာတော့ ပုပ်ရဟန်းမင်းကြီးက ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ စလုံးမှာ ရိုဟင်ဂျာ မူဆလင် အရေး အခက်ကြုံနေရချိန် မှာဘဲ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။ ရိုဟင်ဂျာ မူဆလင်တွေ အရေး မြန်မာနိုင်ငံဘက်က ကိုင်တွယ်မှု အပေါ် နိုင်ငံတကာဘက်က ပြစ်တင်ဝေဖန်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG