သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစုိးရနဲ႔ လက္နက္ကုိင္အဖြဲ႔ေတြအၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးၾကဖုိ႔ ျမန္မာကက္သလစ္ ဘုန္းေတာ္ႀကီးေတြ ေတာင္းဆုိ


ဓါတ္ပံု-The Catholic Bishops' Conference of Myanmar

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ကာလထဲလက္နက္ကိုင္ တိုက္ပြဲေတြ ျမန္မာနိုင္ငံမွာ ဆက္လက္ ျဖစ္ပြားေနတဲ့အေပၚ စိတ္မေကာင္း ျဖစ္မိေၾကာင္းနဲ႔ အစိုးရနဲ႔ လက္နက္ကိုင္ အဖြဲ႕ေတြ အၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ က်င္းပဖို႔ ျမန္မာ ခရစ္ယာန္ ကက္သလစ္ ဘုန္းေတာ္ႀကီးမ်ား ကြန္ဖရင့္က ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုခဲ့ပါတယ္။

ပုပ္ရဟန္းမင္းႀကီး Francis နဲ႔ ကုလ အတြင္းေရးမႉးခ်ဳပ္ António Guterres တို႔က COVID-19 ကာလထဲ တိုက္ပြဲေတြ ရပ္စဲထား ဖို႔ ေတာင္းဆိုထားတဲ့ၾကားက အခုလို တိုက္ပြဲေတြ ျဖစ္ေနတဲ့အေပၚ ဝမ္းနည္းမိတယ္လို႔လည္း တနလၤာေန႔က ထုတ္ျပန္တဲ့ ေၾကညာ ခ်က္ မွာ ပါရွိတယ္လို႔ ဗာတီကန္ သတင္း ဝဘ္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္ အစိုးရက နယ္ေျမရွင္းလင္းေရး သတိေပးခ်က္ ထုတ္ျပန္ခဲ့တာေၾကာင့္ တပတ္အတြင္း ေက်းရြာေပါင္း ၄၀ ေက်ာ္က လူေတြ ေဘးလြတ္ရာ ထြက္ေျပးတဲ့ သတင္းေတြ ထြက္ေပၚ လာၿပီးတဲ့ေနာက္မွာ ကက္သလစ္ ဘုန္းေတာ္ႀကီးေတြက အခုလို ေၾကညာ ခ်က္ ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

အခုလို မိုးရာသီနဲ႔ COVID-19 ကပ္ေရာဂါ ကာလမွာ လူသားခ်င္း စာနာမႈ အကူအညီေတြ လိုအပ္သူေတြဆီ ေရာက္ရွိေရးက အခက္အခဲ အမ်ားႀကီး ရွိမွာ ျဖစ္ၿပီး ေထာင္ေပါင္း မ်ားစြာေသာ အျပစ္မဲ့ အိုးအိမ္မဲ့ခဲ့ရသူေတြ ငတ္မြတ္မႈနဲ႔ ရင္ဆိုင္ရမယ့္ အႏၲရာယ္လည္း ရွိေန တယ္လို႔ ဘုန္းေတာ္ႀကီးေတြက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးရေအာင္ စူးစူးစိုက္စိုက္ လုပ္ေဆာင္နိုင္ရင္ တစ္ခ်ိန္မွာ ျမန္မာနိုင္ငံဟာ အေရွ႕ေတာင္ အာရွမွာ အခ်မ္းသာဆုံးနိုင္ငံ တစ္နိုင္ငံ ျပန္လည္ ျဖစ္လာမွာ ျဖစ္ေၾကာင္း၊ ႏွစ္ေပါင္း ၆၀ ေက်ာ္ စစ္ေရးနဲ႔ ေျဖရွင္းဖို႔ ႀကိဳးပမ္းခဲ့ေပမဲ့ ေအာင္နိုင္သူ မရွိခဲ့ေၾကာင္း၊ စစ္ဟာ တိုင္းျပည္ အတြက္ ကုစားလို႔မရတဲ့ ေရာဂါႀကီး ျဖစ္လာေနေၾကာင္းလည္း ေၾကညာခ်က္ထဲ ပါရွိပါတယ္။

အခု COVID 19 ကပ္ေရာဂါ အႏၲရာယ္က ၿငိမ္းခ်မ္းေရးရဖို႔အေရး အားလုံး အတူ ရပ္တည္ၾကဖို႔ ေတာင္းဆိုေနပါတယ္။ ၿငိမ္းခ်မ္းေရးဟာ ရရွိနိုင္တဲ့အရာ ျဖစ္သလို တခုတည္းေသာ အေျဖပါ။ အစိုးရေရာ၊ အစိုးရ မဟုတ္သူေတြပါ ၿငိမ္းခ်မ္းေရး အတြက္ ပံ့ပိုးကူညီေဆာင္ရြက္ ပါလို႔ ဘုန္းေတာ္ႀကီးေတြက တိုက္တြန္း ေတာင္းဆိုထားပါတယ္။


.................

အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ မြန်မာကက်သလစ် ဘုန်းတော်ကြီးတွေ တောင်းဆို

(Unicode)

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလထဲလက်နက်ကိုင် တိုက်ပွဲတွေ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ မြန်မာ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးများ ကွန်ဖရင့်က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis နဲ့ ကုလ အတွင်းရေးမှူးချုပ် António Guterres တို့က COVID-19 ကာလထဲ တိုက်ပွဲတွေ ရပ်စဲထား ဖို့ တောင်းဆိုထားတဲ့ကြားက အခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် ဝမ်းနည်းမိတယ်လို့လည်း တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာ ချက် မှာ ပါရှိတယ်လို့ ဗာတီကန် သတင်း ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရက နယ်မြေရှင်းလင်းရေး သတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် တပတ်အတွင်း ကျေးရွာပေါင်း ၄၀ ကျော်က လူတွေ ဘေးလွတ်ရာ ထွက်ပြေးတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးတဲ့နောက်မှာ ကက်သလစ် ဘုန်းတော်ကြီးတွေက အခုလို ကြေညာ ချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို မိုးရာသီနဲ့ COVID-19 ကပ်ရောဂါ ကာလမှာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်သူတွေဆီ ရောက်ရှိရေးက အခက်အခဲ အများကြီး ရှိမှာ ဖြစ်ပြီး ထောင်ပေါင်း များစွာသော အပြစ်မဲ့ အိုးအိမ်မဲ့ခဲ့ရသူတွေ ငတ်မွတ်မှုနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်လည်း ရှိနေ တယ်လို့ ဘုန်းတော်ကြီးတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးရအောင် စူးစူးစိုက်စိုက် လုပ်ဆောင်နိုင်ရင် တစ်ချိန်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံ ပြန်လည် ဖြစ်လာမှာ ဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် စစ်ရေးနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ အောင်နိုင်သူ မရှိခဲ့ကြောင်း၊ စစ်ဟာ တိုင်းပြည် အတွက် ကုစားလို့မရတဲ့ ရောဂါကြီး ဖြစ်လာနေကြောင်းလည်း ကြေညာချက်ထဲ ပါရှိပါတယ်။

အခု COVID 19 ကပ်ရောဂါ အန္တရာယ်က ငြိမ်းချမ်းရေးရဖို့အရေး အားလုံး အတူ ရပ်တည်ကြဖို့ တောင်းဆိုနေပါတယ်။ ငြိမ်းချမ်းရေးဟာ ရရှိနိုင်တဲ့အရာ ဖြစ်သလို တခုတည်းသော အဖြေပါ။ အစိုးရရော၊ အစိုးရ မဟုတ်သူတွေပါ ငြိမ်းချမ်းရေး အတွက် ပံ့ပိုးကူညီဆောင်ရွက် ပါလို့ ဘုန်းတော်ကြီးတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG