သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ပဋိပကၡေၾကာင့္ ေဒသခံေတြ စားနပ္ရိကၡာျပတ္လပ္မွာ INGO ေတြစုိးရိမ္


စစ္ေတြၿမိဳ႕က ဘုန္းႀကီးေက်ာင္းတခုမွာ ခိုလံုေနတဲ့ ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြ ျပင္းထန္လာေနတာေၾကာင့္ ေဒသခံေတြ အစာေရစာ ျပတ္လပ္မႈနဲ႔ အိုးအိမ္ စြန္႔ခြာထြက္ေျပးရမႈေတြ ပိုၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေပၚလာမွာကို စိုးရိမ္ပူပန္မိတယ္လို႔ ျမန္မာနိုင္ငံထဲ လုပ္ငန္း ေဆာင္ရြက္ေနတဲ့ လူသားခ်င္း စာနာမႈ အကူ အညီေပးေရး အဖြဲ႕ ေပါင္း ၂၀ က ဇြန္လ ၃၀ ရက္ေန႔က ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

Save the Children၊ Mercy Corps၊ World Vision၊ Oxfam International နဲ႔ နိုင္ငံတကာ ကယ္ဆယ္ေရး ေကာ္မတီ IRC တို႔ ပါဝင္တဲ့ နိုင္ငံတကာ အကူအညီေပးေရး အဖြဲ႕ ၂၀ က သူတို႔အေနနဲ႔ ရခိုင္ျပည္နယ္တစ္ဝွမ္း လုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ အဖြဲ႕အစည္း ေတြျဖစ္တာေၾကာင့္ ရခိုင္ေျမာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္တပ္ (AA) နဲ႔ ျမန္မာ စစ္တပ္အၾကား ျပင္းထန္လာတဲ့ တိုက္ပြဲဒဏ္ကို ထိခိုက္ ခံစားေနရသူ ေတြ အတြက္ စိုးရိမ္မိတယ္လို႔ ေျပာပါတယ္။

တိုက္ပြဲ ျပင္းထန္လာတဲ့ နယ္ေျမျဖစ္တဲ့ ေက်ာက္တန္း ေက်းရြာ အုပ္စုမွာ လူေပါင္း ၁၀,၀၀၀ ေက်ာ္ေနထိုင္ၿပီး လူအမ်ား အိုးအိမ္ စြန္႔ခြာ ထြက္ေျပးေနၾကရတယ္ဆိုတာကို နယ္ေျမခံ သတင္းေတြ အရ သိရွိရၿပီး ေက်းရြာေတြကို မီးရွို႔ ဖ်က္ဆီးမႈ၊ အရပ္သားနဲ႔ လက္နက္ကိုင္ မခြဲျခားဘဲ ပစ္ခတ္မႈနဲ႔ အရပ္သားေတြ အေပၚ ဥပေဒမဲ့ တရားစီရင္မႈ သတင္းေတြထြက္ေပၚေနတဲ့အေပၚ မွာ လည္း စိုးရိမ္မိတယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ ႏွစ္ဖက္ လက္နက္ကိုင္တပ္ဖြဲ႕ေတြ အေနနဲ႔ အရပ္သားေတြကို အကာအကြယ္ေပးဖို႔နဲ႔ ပဋိပကၡ ေနာက္ထပ္ ျမင့္တက္မလာေစဖို႔ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းထားပါတယ္။ အရပ္သားေတြကို အကာ အကြယ္ေပးဖို႔ သက္ဆိုင္ရာ အဖြဲ႕ေတြ အေနနဲ႔ နိုင္ငံတကာ ဥပေဒကို လိုက္နာရမွာ ျဖစ္ၿပီး အစိုးရအေနနဲ႔လည္း ရခိုင္နဲ႔ ခ်င္းျပည္နယ္ အတြင္းက အရပ္သားေတြရဲ့ လူ႔အခြင့္အေရးေတြကို ေစာင့္ေရွာက္ေပးဖို႔ လိုအပ္တယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

မုတ္သုန္မိုး က်ေရာက္ခ်ိန္နဲ႔ COVID-19 ကပ္ေရာဂါကို တံု႔ျပန္ေနခ်ိန္မွာ မၾကာခင္က စတင္ခဲ့တဲ့ စစ္ဆင္ေရးေတြဟာ ငတ္မြတ္မႈ၊ အိုးအိမ္မဲ့ျဖစ္မႈနဲ႔ ထိခိုက္ခံစားရမႈေတြကို ျဖစ္ေပၚေစမွာ ျဖစ္တာေၾကာင့္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ့ COIVD-19 ကာလ အပစ္ရပ္ဖို႔ ေမတၱာရပ္ခံခ်က္ကိုလည္း ထပ္မံ ေဖာ္ျပလိုတယ္ လို႔လည္း ေျပာပါတယ္။​

ဒါ့အျပင္ လူသားခ်င္းစာနာမႈ အဖြဲ႕အစည္း ၂၀ က ျမန္မာ အစိုးရ ခ်မွတ္ထားတဲ့ စည္းမ်ဥ္း စည္းကမ္းေတြကို လိုက္နာၿပီး ဘက္မလိုက္တဲ့မူနဲ႔ အကူအညီေပးေရး လုပ္ငန္း ေတြ လုပ္ေဆာင္ေနတာ ျဖစ္လို႔ အဲဒီ နယ္ေျမေတြထဲ အကူအညီေပးနိုင္ဖို႔ ဝင္ေရာက္ခြင့္ အျပည့္အဝေပးဖို႔ကိုလည္း ေၾကညာခ်က္ထဲ ပူးတြဲ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ရခိုင်ပဋိပက္ခကြောင့် ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှာ INGO တွေစိုးရိမ်

(Unicode)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ဒေသခံတွေ အစာရေစာ ပြတ်လပ်မှုနဲ့ အိုးအိမ် စွန့်ခွာထွက်ပြေးရမှုတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိတယ်လို့ မြန်မာနိုင်ငံထဲ လုပ်ငန်း ဆောင်ရွက်နေတဲ့ လူသားချင်း စာနာမှု အကူ အညီပေးရေး အဖွဲ့ ပေါင်း ၂၀ က ဇွန်လ ၃၀ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Save the Children၊ Mercy Corps၊ World Vision၊ Oxfam International နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ IRC တို့ ပါဝင်တဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ၂၀ က သူတို့အနေနဲ့ ရခိုင်ပြည်နယ်တစ်ဝှမ်း လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေဖြစ်တာကြောင့် ရခိုင်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်တပ် (AA) နဲ့ မြန်မာ စစ်တပ်အကြား ပြင်းထန်လာတဲ့ တိုက်ပွဲဒဏ်ကို ထိခိုက် ခံစားနေရသူ တွေ အတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်လာတဲ့ နယ်မြေဖြစ်တဲ့ ကျောက်တန်း ကျေးရွာ အုပ်စုမှာ လူပေါင်း ၁၀,၀၀၀ ကျော်နေထိုင်ပြီး လူအများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတယ်ဆိုတာကို နယ်မြေခံ သတင်းတွေ အရ သိရှိရပြီး ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးမှု၊ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ ပစ်ခတ်မှုနဲ့ အရပ်သားတွေ အပေါ် ဥပဒေမဲ့ တရားစီရင်မှု သတင်းတွေထွက်ပေါ်နေတဲ့အပေါ် မှာ လည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ဒါကြောင့် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ပဋိပက္ခ နောက်ထပ် မြင့်တက်မလာစေဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ အရပ်သားတွေကို အကာ အကွယ်ပေးဖို့ သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့ နိုင်ငံတကာ ဥပဒေကို လိုက်နာရမှာ ဖြစ်ပြီး အစိုးရအနေနဲ့လည်း ရခိုင်နဲ့ ချင်းပြည်နယ် အတွင်းက အရပ်သားတွေရဲ့ လူ့အခွင့်အရေးတွေကို စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မုတ်သုန်မိုး ကျရောက်ချိန်နဲ့ COVID-19 ကပ်ရောဂါကို တုံ့ပြန်နေချိန်မှာ မကြာခင်က စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ငတ်မွတ်မှု၊ အိုးအိမ်မဲ့ဖြစ်မှုနဲ့ ထိခိုက်ခံစားရမှုတွေကို ဖြစ်ပေါ်စေမှာ ဖြစ်တာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ COIVD-19 ကာလ အပစ်ရပ်ဖို့ မေတ္တာရပ်ခံချက်ကိုလည်း ထပ်မံ ဖော်ပြလိုတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှု အဖွဲ့အစည်း ၂၀ က မြန်မာ အစိုးရ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး ဘက်မလိုက်တဲ့မူနဲ့ အကူအညီပေးရေး လုပ်ငန်း တွေ လုပ်ဆောင်နေတာ ဖြစ်လို့ အဲဒီ နယ်မြေတွေထဲ အကူအညီပေးနိုင်ဖို့ ဝင်ရောက်ခွင့် အပြည့်အဝပေးဖို့ကိုလည်း ကြေညာချက်ထဲ ပူးတွဲ တောင်းဆိုထားပါတယ်။

XS
SM
MD
LG