သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုမေ့မထားဖို့ ပုပ်ရဟန်းမင်း ဆုမွန်တောင်းသတိပေး

ဗာတီကန်ကနေ ကမ္ဘာအနှံ့ ပဋိပက္ခတွေအတွင်း ဒုက္ခရောက်နေသူတွေကို ဆုမွန်ကောင်းတောင်းပေးနေတဲ့ Pope Francis (သြဂုတ် ၄၊ ၂၀၂၄)
ဗာတီကန်ကနေ ကမ္ဘာအနှံ့ ပဋိပက္ခတွေအတွင်း ဒုက္ခရောက်နေသူတွေကို ဆုမွန်ကောင်းတောင်းပေးနေတဲ့ Pope Francis (သြဂုတ် ၄၊ ၂၀၂၄)

ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာအနှံ့ ပဋိပက္ခအသီးသီးအတွင်းကလူသားတွေအတွက် စိုးရိမ်မကင်းကြောင်းပြောဆိုသလို မြန်မာနိုင်ငံကိုလည်း မေ့ထားလို့မရဘူးလို့ မိန့်ကြားသွားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပျက်နေတာတွေကို စိုးရိမ်မကင်းရှိပြီး သွေးထွက်သံယိုအကြမ်းဖက်မှုတွေ နောက်ထပ် မတိုးလာဖို့ မျှော်လင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးက တနင်္ဂနွေနေ့ဆုတောင်းပွဲမှာ ပြောပါတယ်။ အပြစ်ကင်းစင်တဲ့ ကလေးသူငယ်တွေနဲ့ ဆုံးရှုံးနစ်နာကြရသူတွေအတွက် ဆုမွန်တောင်းပေးသလို မြန်မာနိုင်ငံကို မေ့ထားလို့ မရဘူးလို့ သတိပေးသွားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စနိုင်ရေး သတ္တိမွေးကြဖို့ကိုလည်း သက်ဆိုင်ရာအစုအဖွဲ့အားလုံးကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ တနင်္ဂနွေနေ့ အပတ်စဉ်ဆုတောင်းပွဲတွေနဲ့ အထင်ကရအခမ်းအနား ဆုတောင်းပွဲတွေမှာ ကမ္ဘာ့နိုင်ငံအသီးသီးက ပဋိပက္ခတွေအတွင်းက ဒုက္ခကြုံနေရသူတွေကို စာနာပြီး ဆုမွန်တောင်းလေ့ရှိသလို မကြာခဏဆိုသလို မြန်မာနိုင်ငံတွင်းက အခြေအနေတွေကိုလည်း ထည့်သွင်းပြောလေ့ရှိပါတယ်။

မြန်မာနိုင်ငံတွင်း စစ်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မကြာမကြာ ထုတ်ဖော်ပြောဆို ဆုမွန်တောင်းပေးလေ့ရှိပါတယ်။

မြန်မာကိုမေ့မထားဖို့ ပုပ်ရဟန်းမင်း ဆုမွန်တောင်းသတိပေး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG