သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလာဟလ အန္တရာယ် POPE သတိပေး


ဘင်္ဂလားဒေ့ရှ်က မထွက်ခွာခင် ပုပ်ရဟန်းမင်းကြီး Francis ကိုတွေ့ရ (Dec. 2, 2017)
ဘင်္ဂလားဒေ့ရှ်က မထွက်ခွာခင် ပုပ်ရဟန်းမင်းကြီး Francis ကိုတွေ့ရ (Dec. 2, 2017)

ပုပ်ရဟန်းမင်းကြီး Francis ဟာ သူ့ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံခရီးစဉ် အဆုံးသတ်ပြီး Vatican ကိုမပြန်ခင် စနေနေ့ ဘင်္ဂလားဒေရှ်က ခရစ်ယာန် ဘုန်းတော်ကြီးတွေ မယ်သီလရှင်တွေနဲ့ တွေ့ဆုံရာမှာ "terrorism of gossip" လို့ခေါ်တဲ့ ပါးစပ်စည်းမစောင့်ပဲ ပြောကြားခြင်းဟာ ဘာသာပေါင်းစုံကို ဘယ်လို ထိခိုက်စေနိုင်တယ် ဆိုတာကို မိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒါကာမြို့တော်က Holy Rosary ဘုရားကျောင်းမှာ စုဝေးလာသူတွေကို လှိုက်လှိုက်လှဲလှဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မူလက ပြောဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းကို မချွေတော့ပဲ ဘာသာရေးနယ်ပယ်မှာ လှုပ်ရှားနေသူတွေရဲ့ ဘဝ အတက်အကျ နဲ့ ပတ်သက်ပြီး ၁၅ မိနစ်တာ တောက်လျှောက် ပြောကြားသွားတာ ဖြစ်ပါတယ်။

ရယ်မောပြီးပြောတဲ့ သူ့မိန့်ခွန်းထဲမှာ ဘုရားသားတော် သမီးတော်တွေဟာ သာသနာအရေး လုပ်ဆောင်မှုတွေမှာ ကြင်နာမှု ရှိဖို့နဲ့ ပါးစပ် စည်းမစောင့်ပဲ ပြောကြားမှုတွေ မလုပ်ဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

သူကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းလာရတဲ့ အတွေ့အကြုံကနေ ပြောကြားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောကြားချက်တွေထဲမှာ ဘုရားသားတော် သမီးတော်တွေဟာ စကားတခွန်း မပြောခင်မှာ ကိုယ်ပြောမယ့် စကား ဘယ်အထိ သက်ရောက် နိုင်တယ်ဆိုတာကို စဉ်းစားပြီး ထိမ်းထိမ်း သိမ်းသိမ်း ပြောကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ မူစလင် ဒုက္ခသည်တွေကို သူတို့ ခံစားနေရမှုတွေ အားလုံးအတွက် ခွင့်လွှတ်ပေးကြဖို့ သောကြာနေ့မှာ ပုပ်ရဟန်းမင်းကြီး Francis က ပန်ကြားခဲ့တာပါ။ မြန်မာနိုင်ငံကို ရောက်နေစဉ် အချိန်အတွင်း ထိလွယ်ရှလွယ်တဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ပုပ်ရဟန်းမင်းကြီးက မသုံးခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် မှာတော့ သုံးနှုန်း ပြောဆိုခဲ့ ပါတယ်။

ရိုဟင်ဂျာလို့ သူတို့ခေါ်နေသူတွေဟာ ဘုရားသခင်ရှေ့မှောက်ကို ဒီကနေ့ ရောက်လာပြီလို့ ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်ဒေသ Cox's Bazar ကနေ ဒါကာမြို့တော်ကို ခေါ်ယူထားတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံအပြီးမှာ ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေထဲက ရိုဟင်ဂျာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မိန်းကလေးငယ် ၂ ဦးတို့နဲ့ ပုပ်ရဟန်းမင်းကြီးဟာ သောကြာနေ့မနက်ပိုင်း ဒါကာက ဘာသာပေါင်းစုံ စုဝေးပွဲအတွင်း တွေ့ဆုံခဲ့တာပါ။

ခရစ်ယာန် ဘုန်းတော်ကြီးအဖြစ် ၁၆ ပါး ကို ချီးမြှင့်ပေးခဲ့တဲ့ ဒါကာက ဘာသာပေါင်းစုံ စုဝေးပွဲကို Suhrawardy Udyan ဥယာဉ်မှာ ကျင်းပရာမှာ တက်ရောက်သူက တသိန်းလောက် ရှိပါတယ်။

ကောလာဟလ အန္တရာယ် POPE သတိပေး
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG