သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါ စစ်ဖြစ်နိုင်ငံတွေ ငြိမ်းချမ်းရေးရဖို့ ပုပ်ဆုတောင်း


စိန့်ပီတာရင်ပြင်မှာ လူထုဝတ်ပြုဆုတောင်းပွဲလာသူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ပြနေတဲ့ ပုပ်ရဟန်းမင်းကြီး။ (သြဂုတ် ၂၈၊ ၂၀၂၄)
စိန့်ပီတာရင်ပြင်မှာ လူထုဝတ်ပြုဆုတောင်းပွဲလာသူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ပြနေတဲ့ ပုပ်ရဟန်းမင်းကြီး။ (သြဂုတ် ၂၈၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ငြိမ်းချမ်းရေးရရှိပါစေကြောင်း ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က ဗုဒ္ဓဟူးနေ့ လူထုဝတ်ပြုဆုတောင်းပွဲမှာ ဆုတောင်းပေးခဲ့ပါတယ်။

“စစ်ဖြစ်နေတဲ့ နိုင်ငံတွေ အများအပြား ရှိနေပါတယ်။ ပါလက်စတိုင်း၊ အစ္စရေးလ်၊ ယူကရိန်း၊ မြန်မာနဲ့ North Kivu အပါအဝင် စစ်ဖြစ်နေတဲ့ နိုင်ငံအများအပြားမှာ ငြိမ်းချမ်းရေး ရရှိပါစေ” ကြောင်း ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။

ဖိနှိပ်ချုပ်ချယ်မှုတွေကနေ လွတ်မြောက်ရေးအတွက် အသက်အန္တရာယ်တွေကြားကနေ ပင်လယ်ပြင်နဲ့သဲကန္တာရတွေကိုစွန့်စားဖြတ်ကူးကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဥပေက္ခာပြုထားကြတာတွေကိုလည်း ပုပ်ရဟန်းမင်းကြီး Francis ကဗုဒ္ဓဟူးနေ့မှာ ဝေဖန်ခဲ့ပါတယ်။ စိန့်ပီတာ ရင်ပြင်မှာပြုလုပ်တဲ့ သီတင်းပတ်စဉ် ဝတ်ပြုဆုတောင်းပွဲမှာတော့ ပုပ်ရဟန်းမင်းကြီးက ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပြီး မောင်းထုတ်သူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

မြန်မာအပါ စစ်ဖြစ်နိုင်ငံတွေ ငြိမ်းချမ်းရေးရဖို့ ပုပ်ဆုတောင်း
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG