သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စင်ကာပူနိုင်ငံရောက်ရှိ

စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)
စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံကို ဒီနေ့ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းမှာ ရောက်သွားခဲ့ပါတယ်။

စင်ကာပူယဉ်ကျေးမှုဝန်ကြီး Edwin Tong အပါအဝင် စင်ကာပူအကြီးတန်းအရာရှိတွေက ချန်ဂီလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ကလေး ၄ ယောက်က စင်ကာပူနိုင်ငံရဲ့ တရားဝင်ဘာသာစကားတွေဖြစ်တဲ့ မလေး၊ အင်္ဂလိပ်၊ တမီးလ်နဲ့ မန်ဒရင်း တရုတ်ဘာသာစကားတွေအသီးသီးနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ဒီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက နိုင်ငံရေးအာဏာပိုင်တွေကို မိန့်ခွန်းပြောမယ့်အပြင် လူအယောက် ၅ သောင်းခွဲလောက် တက်ရောက်မယ်လို့ မှန်းထားတဲ့ တရားဟောပွဲကို အမျိုးသားအားကစားရုံမှာ ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။ စင်ကာပူသမ္မတ Tharman Shanmugaratnam၊ ဝန်ကြီးချုပ် Lawrence Wong နဲ့ ဝန်ကြီးချုပ်ဟောင်း Lee Hsien Loong တို့နဲ့လည်း သီးသန့်စီ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ဒဿမ ၉၂ သန်း ရှိတဲ့အနက် ကက်သလစ်ဘာသာဝင်က ၂ သိန်း ၁ သောင်းလောက်ရှိကြောင်း Vatican ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ စင်ကာပူမတိုင်ခင် ပုပ်ရဟန်းမင်းကြီးက အရှေ့တီမောနိုင်ငံရဲ့ မြို့တော် Dili ကို အင်္ဂါနေ့က သွားရောက်ခဲ့ပြီး လူ ၆သိန်းလောက် တက်ရောက်ခဲ့တဲ့ တရားပွဲကို ကျင်းပခဲ့ပါတယ်။ လူဦးရေ ၁ ဒဿမ ၃ သန်းရှိတဲ့ အရှေ့တီမောနိုင်ငံမှာ ဒါက လူအများဆုံးတက်ရောက်တဲ့ ပွဲတခုလည်း ဖြစ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စင်ကာပူနိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG