သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးဝတ်ပြုပွဲ အရှေ့တီမောပြည်သူတဝက်နီးပါး တက်ရောက်


အရှေ့တီမောပြည်သူတဝက်က ကြိုဆိုကြတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၁၀၊ ၂၀၂၄)
အရှေ့တီမောပြည်သူတဝက်က ကြိုဆိုကြတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၁၀၊ ၂၀၂၄)

EAST TEMOR မှာ တိုင်းပြည်ရဲ့ လူဦးရေတဝက်နီးနီး ခန့်မှန်း လူ ၆ သိန်းလောက်ဟာ ပုပ်ရဟန်းမင်းကြီး Francis ရဲ့အင်္ဂါနေ့ ဝတ်ပြု ဆုတောင်းပွဲကို တက်ခဲ့ကြတယ်လို့ ဒေသခံ အာဏာပိုင်တွေကို ကိုးကားပြီး ဗာတီကန်က ပြောပါတယ်။

ညနေခင်း ဝတ်ပြုဆုတောင်းပွဲမှာ တက်ရောက်သူတွေရဲ့ လက်ကိုင်ဖုန်း အလင်းရောင်တွေနဲ့ လင်းလက်နေကြပါတယ်။ အင်ဒိုနီးရှား လက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေရတဲ့အချိန်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်ကလည်း ဒီ ကွင်းပြင်မှာပဲပုပ်ရဟန်းမင်းကြီး St. John Paul II ကလည်း ဝတ်ပြု ဆုတောင်းခဲ့တာပါ။ ဝတ်ပြုဆုတောင်းပွဲ တက်ရောက်လာကြသူတွေဟာ နေအပူဒဏ်ကာကွယ်ဖို့ အဖြူနဲ့အဝါရောင် ဗာတီကန်ထီးတွေ ဆောင်းထားကြပြီး မီးသတ်ကလည်း ရေဖျန်းပေးကြပါတယ်။

အင်္ဂါ‌နေ့ ဝတ်ပြုဆုတောင်းပွဲဟာ ၁၂ ရက်ကြာ ၄ နိုင်ငံခရီးစဥ် မှာ အဓိကအကျဆုံးပွဲလည်း ဖြစ်ပါတယ်။ ဒီခရီးမှာ ပုပ်ရဟန်းမင်းကြီးဟာ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီ နဲ့ စင်္ကာပူနိုင်ငံခရီးတွေ ပါဝင်ကြပါတယ်။ လူဦးရေထူထပ်တဲ့ တခြားတိုင်းပြည်တွေမှာတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြုဆုတောင်းပွဲကို လူတွေသန်းချီ တက်ရောက်ကြတာပါ။ ဒါပေမဲ့ အရှေ့တီမောနိုင်ငံမှာ လူဦးရေက ၁.၃ သန်းပဲ ရှိတာမို့ နိုင်ငံရဲ့ လူဦးရေ အချိုးနဲ့ ကြည့်မယ်ဆိုရင် အင်္ဂါနေ့ပွဲဟာ တက်ရောက်သူအများဆုံးပွဲလို့ ဆိုရမှာပါ။

 ပုပ်ရဟန်းမင်းကြီးဝတ်ပြုပွဲ အရှေ့တီမောပြည်သူတဝက်နီးပါး တက်ရောက်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG